Thursday, June 27, 2013

ပဲခူးမြို့နယ်မြေစာရင်းဌာနမှ တိုက်နယ်မှူး ဦးသန့်ဇင်မှ မြေနေရာအား အလွှဲသုံးစားရောင်းစားခြင်းအား ထိရောက်စွာအရေးယူပေးပါရန် တိုင်ကြားခြင်း....

ပဲခူးမြို့နယ်၊ လေးအိမ်စုကျေးရွာတွင်ရှိသော ကွင်းအမှတ်(1200)၊ ဦးပိုင်အမှတ် (N/ 12 ၊ 14) တွင်ရှိသော ကျွန်တော် ဦးသိန်းကျော်နှင့် ဦးအောင်စိန် တို့ပိုင် ဥယျာဉ်ခြံ (19)ဧကအား ပဲခူးမြို့နယ် မြို့နယ်ဦးစီးမှူးရုံးမှ တိုက်နယ်မှူး ဦးသန့်ဇင်မှ ကျွန်တော်များပိုင် ဥယျာဉ်ခြံမြေကို ပဲခူးမြို့တွင်နေထိုင်သူ ဦးအောင်ထွန်း၊ ဦးမြင့်သိန်း၊ ဦးရွှေအေးတို့အား လုပ်ပိုင်ခွင့်ပြေစာ
ထုတ်ပေးပြီးရောင်းစားခဲ့ပါသည်။ 

ကျွန်တော်တို့မှာ ယင်းနေရာအား ယခင်မြေခွန်
ပြေစာ (1991-1992)အားကိုင်ဆောင်ထားခဲ့သည်
မှာ ယနေ့အချိန်ထိရှိပါသည်။ 

ကျွန်တော်တို့သည်မိမိပိုင်မြေနေရာအားလုပ်ကိုင်
စားသောက်ရန်သွားရောက်ခဲ့ရာတွင်ဦးအောင်
ထွန်းပါ(၃)ဦးမှ “ငါတို့က တိုက်နယ်မှူးဦးသန့်ဇင်
ထံက၀ယ်ထားတာမင်းတို့နဲ့ဘာမှမဆိုင်ဘူး”ဟု
ပြောဆိုခဲ့ပါသည်။ကျွန်တော်တို့ပိုင်မြေနေရာအား
ဝန်ကြီးချုပ်ထံသို့ (27-5-2013)နေ့တွင်တင်ပြ
ခဲ့ရာ၊ မြို့နယ်ထွေအုပ်သို့သွားရောက်စုံစမ်းခဲ့ရာ အဖွဲ့ခေါင်းဆောင် ဆိုပြီး အထွေထွေအုပ်ချုပ်ရေး
ဦးဌာနမှမြို့နယ်ဒုဦးစီးမှူး ဦးမင်းဟိန်းလတ်၊ မြို့နယ်မြေစာရင်းဒုဦးစီးမှူး ဦးခင်လှိုင်
ဆည်မြောင်းဦးစီးဌာနမှ ဦးဝင်းဆွေတို့ဆိုပြီး
သိရှိရပါသည်။ ယင်းအဖွဲ့မှ လာရောက်ဖြေရှင်း
ပေးမည်ဟု သိရသော်လည်း ယနေ့အချိန်ထိ
လာရောက်ခဲ့ခြင်းမရှိပါ။ 

တိုက်နယ်မှူးဦးသန့်ဇင်နှင့်အပေါင်းပါ(2)ဦးလာ
ရောက်ပြီး ကျွန်တော်တို့အား ရုံးသို့နောက်နေ့
လာရန်ချိန်းခဲ့ပါသည်။ ရုံးသို့ရောက်သောအခါ ဦးသန့်ဇင်မှ ကျွန်တော်တို့အား ငွေကျပ်(၁)သိန်း
ပေးခဲ့ပါသည်။ ထိုမြေနေရာအား ဦးသန့်ဇင်မှ ရောင်းစားခဲ့သည်ကို ၄င်း၏လူကြီးများလည်း သိရှိခဲ့ပါသည်။ ကျွန်တော်တို့မှပိုက်ဆံလိုချင်လို့
မဟုတ်ပါ မိမိပိုင်မြေနေရာအား ပြန်လည်ရရှိ
ရေးအတွက်တာဖြစ်ပါသည်။ မြေယာစီမံခန့်ခွဲ
ှုအဖွဲ့ဟုဆိုသောဦးသိန်းလွင်(လေးအိမ်စုကျေးရွာ
အုပ်ချုပ်ရေးမှူး)၊ ဦးအောင်သန်း(အဖွဲ့ဝင်)၊ တိုက်နယ်မှူးဦးသန့်ဇင်(အတွင်းရေးမှူး)တို့မှ ရောင်းစားခဲ့သူ ဦးရွှေအေးဘက်မှ တစ်ခြမ်းကို ပြန်လည်ပေးဆောင်ခဲ့ပါသည်။ ကျန်ရှိနေသော မြေနေရာများကို ယနေ့အချိန်အထိ စိစစ်
ဆောင်ရွက်ပေးခြင်းမရှိပဲ ဥပဒေကိုမျက်ကွယ်
ပြုပြီးလုပ်ဆောင်ခြင်းအား ထိရောက်စွာ အရေးယူ
ပေးပါရန် တိုင်ကြားပါသည်။

No comments:

Post a Comment