ယနေ့ကာလ ဖြစ်ပေါ်နေသော အဂတိလိုက်စားမှုများအနက် ပြည်တွင်းအခွန်များဦးစီးဌာနဧ။် အဂတိလိုက်စားမှုသည် နိုင်ငံတော် ဘဏ္ဍငွေများအား ကိုယ်ကျိုးအတွက် သူဌေးဖြစ် ရယူနေ
ကြချင်း ဖြစ်ပေသည်။
ပြည်တွင်းအခွန်ဧ။် ခြစားနေသောအခွန်ကောင်ခံမှု့ နည်းလမ်းများစွာအနက် နိုင်ငံတော်ဘဏ္ဍာ
ငွေများပြားစွာဆုံးမှု ဖြစ်ပေါ်နေရခြင်း မှာအိမ်မြေရောင်းဝယ်မှု့များအပေါ် မသမာသောနည်းလမ်းဖြင့်
အခွန်ကောက်ခံ နေခြင်းကြောင့်ဖြစ်ပေသည်။ အိမ်မြေ၀ယ်ယူသူတဦးအနေဖြင့် ဥပဒေအရ
ပေးဆောင်ရမည့် အခွန်နှုန်းထားမှာ ယခင် ၁၅% (အခွန် ၈%+ တံဆိပ်ခေါင်းခွန် ၇% ) ၊ ယခု ၃၇%
(အခွန် ၃၀% + တံဆိပ်ခေါင်းခွန် ၇%) ဖြစ်သော်လဲ မသမာမှု့များပြု လုပ်ခါ တံဆိပ်ခေါင်းခွန်
အပါအ၀င် ယခင်အခွန်အပြီးအစီး ၁၀% မှ၁၂% အတွင်း ၊ ယခု ၂၅% မှ ၂၇% အတွင်း
ရာခိုင်နှုန်းထားများဖြင့် မသမာမှု့ပြုလုပ်ခါ ညို့နှိုင်း ကောက်ယူကြခြင်းဖြစ်ပေသည်။
- ဥပမာ- အိမ်မြေရောင်ဝယ်မှု့တခုသည် (သိန်းငါးထောင်ကျပ်) ဖြစ်သည်ဆိုပါစို့ ၊ ပထမအဆင့်အနေဖြင့်
တန်ဖိုး လျော့နည်း သတ်မှတ်ပေးရေးအတွက် တန်ဖိုးဖြတ်အဖွဲ့နှင့် ညို့နှိုင်းခါ အပေးအယူ
လုပ်ရမည်ဖြစ်ပေသည်။ တန်ဖိုးဖြတ်အဖွဲ့မှ (သိန်းသုံးထောင်ကျပ်) သတ်မှတ်ပေးသည် ဆိုပါစို့ ၊
ဒုတိယအဆင့်နေဖြင့် ငွေဖြူမရှိသူဝယ် ယူသူမှပေးဆောင်ရမည့်အခွန်မှာ-
(၁) မူလတန်ဖိုး (သိန်ငါးထောင်ကျပ်) အပေါ်ဥပဒေအရ ၃၇% ဖြင့် (သိန်းပေါင်း
တစ်ထောင့်ရှစ်ရာငါးဆယ်ကျပ်) (၂)တန်ဖိုးဖြတ်အဖွဲ့ သတ်မှတ်တန်ဖိုး (သိန်းသုံးထောင်ကျပ်)အပေါ်၃၇%ဖြင်
(သိန်းတစ်ထောင့် တစ်ရာတစ်ဆယ် ကျပ်)
(၃) လုပ်ငန်းလက်ခံဝန်ထမ်းဖြင့် ညို့နိုင်းပြီး (သိန်းသုံးထောင်ကျပ်) အပေါ်အခွန်အပြီးအစီး ၂၇% (အခွန်
၂၀% +တံဆိပ်ခေါင်းခွန် ၇% ) ဖြင့် (သိန်းပေါင်းရှစ်ရာတစ်ဆယ်ကျပ် ) ဖြစ်ခါ ဖော်ပြပါငွေအား
လုပ်ငန်းလက်ခံ ၀န်ထမ်းထံ အရစ်ကျစနစ်ဖြင့် ပေးလိုက်ရုံပင်ဖြစ်ပေသည်။
- လုပ်ငန်းလက်ခံဝန်ထမ်းသည် ဥပဒေအရ ၃၇%အပေါ်စာရွက်စာတမ်း အတုများဖန်တီးပြီး နည်းမျိုးစုံဖြင့်
တွက်ချက် ပါတော့သည်။ လက်ခံထားသော ၂၇% အပေါ် အကျိုးမြတ် လာဘ်ငွေများများပေါ်အောင်
ငွေဖြူစာရွက်အတုများ အားကြိမ်ဖန်များစွာ ပြန်လည်အသုံးပြုကြခြင်းဖြစ်ပါသည်။
တွက်ချက်မှု့အရအခွန်ငွေ ၁၇% ဖြစ်လျှင်လာဘ်ငွေ ၁၀% (သိန်သုံးရာကျပ်)၊ အခွန်ငွေ ၁၂%
ဖြစ်လျှင်လာဘ်ငွေ ၁၅% (သိန်းလေးရာငါးဆယ်ကျပ်)၊ အခွန်ငွေ ၇% ဖြစ်ပါကလာဘ်ငွေ ၂၀%
(သိန်းခြောက်ရာကျပ်) ဖြစ်ပါမည်။ အောက်ခြေမှတွက်ချက်တင်ပြမှု့များအား အထက်အဆင့်ဆင့်မှ
ရာခိုင်နှုန်းအချိုးကျ ရယူပြီးဆောင်ရွက်နေကြချင်းဖြစ်ပါသည်။
ဖော်ပြပါဥပမာတွင် နိုင်ငံတော်အနေဖြင့် ရရှိမည့်အခွန်ငွေမှာ အနည်းဆုံး (သိန်းနှစ်ရာ့တစ်ဆယ်ကျပ်)
မှအများဆုံး (သိန်းငါးရာ့ တစ်ဆယ်ကျပ်) ပမာနအတွင်းသာဖြစ်ပြီး နိုင်ငံတော်အခွန်ငွေ
သိန်းပေါင်းမြောက်များစွာ ဆုံးရှူံးနေရသည်ကို အထင်အရှားတွေ့ မြင်ရမည်ဖြစ်ပါသည်။ -
ရန်ကုန်တိုင်းအတွင်းတွင် မရမ်းကုန်း၊ ဗဟန်း၊ ကမာရွတ်၊ လှိုင်၊ လသာ၊ တောင်ဥက္ကလာ၊ တာမွေ၊ စသည့်
နံမည်ကြီးအခွန်ရုံးများ၊ တိုင်းနှင့်ပြည်နယ်ရှိ မြို့ကြီးများမှ အခွန်ရုံးများ၊ ကုမ္မဏီရုံးမှ
အချို့ဝန်ထမ်းများသည် တန်ဖိုးကြီးအိမ်မြေကိစ္စရပ်များ၊ ပမာဏတန်ဖိုး အလွန်များပြားသော နိုင်ငံပိုင်မှ
ပုဂ္ဂုလိကပိုင်ပြုလုပ်သော ကိစ္စရပ်များနှင့် အမှု့တွဲပေါင်းများစွာအား ရာခိုင်နှုန်းစားဖြင့်
ညိုနှိုင်းလက်ခံပြီး နေပြည်တော်ဗဟို စီစစ်ရေးညွှန်ကြားရေးမှူးနှင့် အပေးအယူလုပ်ခါ
မသမာမှု့ပြုလုပ်နေကြခြင်းဖြစ်ပါသည်။
နိုင်ငံတော်ဘဏ္ဍာငွေများဖြင့် ဇနီး၊ မိဘ၊ ယောက်ခမ…….အမည်ခံကာ တန်ဖိုးကြီးကားဝယ်၊ မြေ၀ယ်၊
တိုက်ဆောက်၊ မယားငယ်ယူ တို့ဖြင့်ချမ်းသာပိုင် ဆိုင်မှု့များမှာ ရရှိလစာ၊ ရာထူးအဆင့်တို့အရပြောမယုံ
ပုံပြင်အဖြင့်သာ မှတ်ရမည်ဖြစ်ပါသည်။ -
သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအစိုးရ ဖြစ်စေရန်နှင့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာတွင် ရသင့်ရထိုက်သော ဘဏ္ဍာငွေအား ရာခိုင်နှုန်းစားနေသော အကျင့်ပျက် ၀န်ထမ်းများကို ဖော်ထုတ်အရေး
ယူချင်း၊ ကိုယ့်ကျိုးအတွံက်သူဌေးဖြစ် ရယူထားသောအခွန်ဘဏ္ဍာငွေ များအားနိုင်ငံတော်သို့ ပြန်လည်
ပေးသွင်းစေချင်းတို့ဖြင့် စံနမူနာပြ အရေးယူရန်အချိန်တန်ပြီ ဖြစ်ပါကြောင်းနိုင်ငံတော်အကျိုး
အတွက်ရေးသားတင်ပြလိုက်ရပါတော့သည်။
အနှိမ်ခံ၊ အပယ်ခံ ၀န်ထမ်းများ
No comments:
Post a Comment