Monday, June 24, 2013

အိမ်ထောင်ရေး = ဘောလုံးသမား

၁။ အပြောင်းအရွှေ့နှင့် စာချုပ် (Transfer and Contract)


စာချုပ်ကို စတင်ကမ်းလှမ်းသူသည် စာချုပ်တစ်ခုလုံး၏ ကိစ္စအ၀၀ကို စီမံခန့်ခွဲနိုင်သည်။

ဥပမာ - ယောက်ျားလေးက မိန်းကလေးကို လက်ထပ်တာပေါ့။ ငါးနှစ်စာချုပ်နဲ့ တစ်နှစ်ကို အိမ်စရိတ် ဘယ်လောက်ပေးမယ်ဆိုပြီး ... အဲဒါနဲ့ ချုပ်လိုက်တယ်ဆိုပါတော့ ဒါဆို ပိုင်ရှင်က ယောက်ျားလေး၊ ဘောလုံးသမားက မိန်းကလေးပေါ့။ ဒီလိုပဲ မိန်းကလေးဘက်က ကမ်းလှမ်းတာဆို မိန်းကလေးက ပိုင်ဆိုင်ခွင့်ရှိတယ်။

ဒါဆို ဒီမိန်းကလေးကို သဘောကျလို့ လာဝယ်ရင် ယောက်ျားလေးနဲ့ တိုက်ရိုက်စကားပြောရမယ် ... အေးဂျင့်တွေတော့ ပါရင် မကောင်းဘူး ထင်တာပဲ။

စာချုပ်သက်တမ်းကျန်လေ ... ဈေးကြီးလေပေါ့။ စာချုပ်ကုန်သွားရင်တော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်တယ်။ အဲ ... ပိုင်ရှင်နဲ့ ၀ယ်သူချည်းပဲ သဘောတူလို့ မရသလို၊ ကစားသမားနဲ့ ၀ယ်သူချည်းပဲလည်း သဘောတူလို့မရဘူး။ သုံးဦးသုံးဖလှယ် သဘောတူမှ အပြောင်းရွှေ့ဖြစ်မြောက်မယ်။




၂။ ကာလ (Contract Duration)

ဆယ်နှစ်အထိလောက်တော့ ချုပ်ဆိုလို့ ကောင်းမှာပေါ့။




၃။ စာချုပ်လျော်ကြေး (Compensation Fee)

ညှိနှိုင်းဈေးပါပဲ။ အဲ ... အသက်နှစ်ဆယ့်ရှစ်နှစ်ကျော်တဲ့လူကတော့ လက်ကျန်စာချုပ်ကို ကိုယ့်ဘာသာကိုယ်လျော်ပြီး ဖျက်သိမ်းနိုင်သလို ခေါ်ယူမယ့်သူကလည်း အဲဒီနည်းနဲ့ ခေါ်ယူနိုင်တယ်။ ကာယကံရှင်ကလည်း သဘောတူရမှာပေါ့။

အကြိုသဘောတူညီစာချုပ်ကို စာချုပ်သက်တမ်းမကုန်မီ ခြောက်လအလိုမှာ ချုပ်ဆိုခွင့်ရှိတယ်။ အသက်နှစ်ဆယ့်သုံးနှစ်အထက် ကစားသမားအတွက် လျော်ကြေးပေးဖို့ မလိုဘူး။ အသက်နှစ်ဆယ့်သုံးနှစ်အောက်ဆိုရင်တော့ နောက်ဆုံးလစာရဲ့ တစ်နှစ်စာကို လျော်ရမယ်။




၎။ အနိမ့်ဆုံးပြောင်းရွှေ့ကြေး

Minimum Fee Release Clause လို့ခေါ်တဲ့ အနိမ့်ဆုံးပြောင်းရွှေ့ကြေးကို စာချုပ်ချုပ်ဆိုစဉ်က ထည့်သွင်းထားခဲ့ရင် ပိုင်ရှင်က မရောင်းချင်ပေမယ့်လည်း ကစားသမားနဲ့ ၀ယ်သူက အဲဒီကြေးကို ပေးမယ်ဆိုရင် အပြောင်းအရွှေ့ကို ခွင့်ပြုရမယ်။




၅။ အခြားသဘောတူညီမှုများ

၅-၁။ Yearly Salary Rise ... 5% ကနေ 50% အထိ တောင်းဆိုလို့ရတယ်။
၅-၂။ One Year Option for Owner and Player ... တစ်နှစ်ကြိုပြီး စာချုပ်သက်တမ်းဖျက်သိမ်းနိုင်တယ်။
၅-၃။ ဟိုမှာတော့ Goal Bonus ပေါ့၊ ဒီမှာ ကလေးမွေးရင် ဘောနပ်စ် ပေးရမယ်။
၅-၄။ Appearance Fee ... ဘွတ်စမာနီ (ညှိနှိုင်း)ကြိမ်ထက် များခဲ့ရင် တစ်ကြိမ်ကို ဘယ်လောက်ပိုပေးရမယ်။
၅-၅။ Foreign Transfer Release Clause ... ဒါကတော့ နိုင်ငံခြားက ခေါ်ယူခဲ့ရင် သတ်မှတ်ကြေးနဲ့ ထွက်ခွာခွင့်။
၅-၆။ Richer Club Release Clause ... ဒါက ကိုယ့်ထက် ပိုချမ်းသာသူက ခေါ်ခဲ့ရင် သတ်မှတ်ကြေးနဲ့ ထွက်ခွာခွင့်။




၆။ ပူးတွဲပိုင်ဆိုင်မှု (Co-Ownership)

အီတလီကလပ်တွေမှာ ရှိတယ်။ ကစားသမားတစ်ယောက်ပိုင်ဆိုင်ခွင့်ကို ရာခိုင်နှုန်းနဲ့ ၀ယ်နိုင်တယ်။ အဲလို နှစ်ယောက်က ပိုင်နေတယ်ဆိုရင် ၀ယ်သူက ပိုင်တဲ့လူ နှစ်ယောက်စလုံးနဲ့ ပြောင်းရွှေ့ကြေးအဆင်ပြေအောင် ညှိရမယ်။




၇။ နှစ်ဦး၏အပြင်ဘက်မှ ကြားလူပိုင်ဆိုင်မှု (Third Party Ownership)

ဒါကတော့ အပြင်လူရဲ့ ပိုင်ဆိုင်ခွင့်ပေါ့ဗျာ ... အဲ ... သူကတော့ ပြောင်းရွှေ့ကြေးပဲ စားလို့ရမယ် ... လက်ဖျားနဲ့တောင်မှ မထိရဘူးပေါ့။

No comments:

Post a Comment