Saturday, June 29, 2013
သရုပ်ဆောင် ဘုန်းလျှံ အား စိတ်ကြွဆေးပြားများနှင့် အတူဖမ်းဆီးရမိ
ရန်ကုန်၊ ဇွန် ၂၉
၂၈.၆.၂၀၁၃ ရက်နေ့ (၁၉၀၀) အချိန်တွင် ရုပ်ရှင်နှင့် ဗွီဒီယို သရုပ်ဆောင် ဘုန်းလျှံ အား မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိ သုံးစွဲမှုဖြင့် ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရ သိရှိရသည်။ 
ရန်ကုန်အရှေ့ မူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ ဗဟန်းမြို့နယ်ရှိ ELephant Inn အခန်းအမှတ်(၈)တွင် မူးယစ်ဆေးဝါး သတင်းအရ ၀င်ရောက်ရှာဖွေရာ အခန်းအတွင်း၌ ဟိန်းထူးလင်း(ခ)ဘုန်းလျှံ၊ (ဘ)ဦးလှမောင်သိန်း နှင့် သာကေတမြို့နယ်နှင့် ဦးမောင်ထွန်းလှ၊ (ဘ)ဦးထွန်းအောင်၊ ကျောက်တံတားမြို့နယ် နေသူတို့နှစ်ဦး အားတွေ့ရပြီး မူးယစ်ဆေးဝါး များနှင့် အတူ ဖမ်းဆီးရမိခြင်း ဖြစ်သည်။
သရုပ်ဆောင် ဘုန်းလျှံ တည်းခို နေထိုင်သည့် အခန်း ခုတင်ခေါင်းရင်း ယာဘက်ဘေး ကြမ်းပြင်ပေါ်မှ ခရီးဆောင် လက်ဆွဲအိတ် အတွင်း၌ Red Ruby စီးကရက်ဘူး အတွင်း ပလပ်စတစ်အိတ်ဖြင့်ထုတ်လျက် WY စာတမ်းပါ စိတ်ကြွဆေးပြား (၄၉)ပြား အလေးချိန် ၄.၉ ဂရမ် (၁) ထုပ်နှင့် ခုတင်ခေါင်းရင်းမှ တိပ်အကြည်ဖြင့် ကပ်လျက် တစ်ရှုးဘူးအတွင်း ပလပ်စတစ်အိတ်ဖြင့် ထည့်ထားသော WY စာတမ်းပါ စိတ်ကြွဆေးပြား (၉၉) ပြား၊ အလေးချိန် ၉.၉ ဂရမ် (၁) ထုပ် ဖမ်းဆီးရမိခဲ့သည်။
၎င်းအပြင် စားပွဲခုံအောက်မှ စိတ်ကြွဆေးသုံးစွဲရာတွင် အသုံးပြုသည့် ရေသန့်ဗူး၌် ပိုက်ကောက်တပ်လျက်ဗူး (၁)ဗူး၊ အရှည် (၆)လက်မခန့်ရှိ ခဲပြား(၂)ပြား၊ ဂက်စ်မီးခြစ် (၁)လုံး၊ စုစုပေါင်း WY စိတ်ကြွဆေးပြား(၁၄၈)ပြား တန်ဘိုး ၇၄၀၀၀၀ိကျပ် အားတွေ့ရှိ ဖမ်းဆီးရမိသဖြင့် ဗဟန်းမြို့မရဲစခန်း မယ(ပ)၅/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်ချက် အရ သိရပါသည်။ 
Myanmar News Now
ပတခ ဒု-ဦးစီး ဘယ်သူတွေ ဖြစ်မှာလဲ အရည်အချင်းက ရှိနိုင်မှာလား?
    မြန်မာတစ်နိုင်ငံမှာရှိတဲ့ ဝန်ထမ်းပေါင်း(၅၀၀) ကျော်ဖြေတဲ့ ဒု-ဦးစီး ရာထူးတိုး ရေးဖြေ စာမေ
ပွဲတော့ပြီးသွားပါပြီ။ အရည်အချင်းရှိလို့လား ၊
အပေးကောင်းလို့ဖြစ်ကြမှာလား၊ မကြာခင်သိ
ရတော့မှာ၊ ဝသ ညွန်မှူးကောဘာတွေရလို့လဲ
ရွှေစင်ကကော ကုန်းနေတုန်းပဲလား၊ ညွန်ချုပ်
အသစ်ကကော ဘယ်လောက်ချမ်းသာနေပြီ
လဲ၊ အရည်အချင်းတကယ်မရှိပဲ အရာရှိတွေ 
ထပ်ပြီးဖြစ်လာရင်တော့ ပတခ ပျက်နေအုန်း
မှာပဲ။
လိင်ဟာသ
"သေးတစ်ခွက်စာ"
ဘားဆိုင် တစ်ဆိုင်ထဲသို့ 
လူတစ်
ယောက် ရေးကြီးသုတ်ပြာဖြင့် ၀င်
လာပြီး ဘားမန်း ကိုပြောလိုက်သည်။
"ဘားမန်း ခင်ဗျား သေး လေး တစ်ခွက်လောက်ပေးပါ"
"ဘာ...မရှင်းလို့ ပြန်ပြောပါဦး..." ဘားမန်း ကပြောလိုက်သည်။
"ကျွန်တော် ခင်ဗျား ရဲ့ သေးကောင်းကောင်းလေး တစ်ခွက် လောက်လိုချင်လို့ "
"ငါ့ သေး တစ်ခွက်စာ..ဟုတ်လား...." ဘားမန်းက အထိတ်တလန့် ဖြင့်ပြန်ပြောလိုက်သည်။
"သေးလေးတစ် ခွက်စာပဲကို ဘာများခက်ခဲ လို့ လဲဗျာ...အသာလေးပေါက်ထည့် လိုက်ရုံပဲကို...ကျွန်တော်အဲ့ ဒီ့ အတွက်ပိုက်ဆံပေးပါ့မယ်"
"ခင်ဗျား ရူးနေလား...ရွံစရာကြီး ဗျာ။ဆိုင်ထဲကသွားစမ်းပါ"  ဘားမန်းကထိုသူကိုမောင်းထုတ်လိုက်သည်။
ထိုသူကအိတ်ထဲမှ ငါးထောင်တန်တစ်ရွက် ကိုကိုထုတ်လိုက်ပြီး..။
"ဒီမှာ..ငါးထောင် ခင်ဗျားသေးတစ်ခွက် ကျွန်တော့်ကို ပေးရင် ကျွန်တော်ပေးမယ်" ဘားတင်ဒါမျက်လုံးများ အရောင်လက်သွားသည်။ 
"ခင်ဗျားဗျာ...ကောင်းပြီး ကျွန်တော်တော့် သေးကိုများ..." ဟုဆိုကာ ဟိုကြည့် သည်ကြည့်လုပ်ပြီး ဘားနောက်သို့ ခဏ၀င်သွားသည်။ စိတ်ထဲတွင်လည်းသေး သောက်မယ့်ကောင် နဲ့ တူတယ် ဟုတွေးနေသည်။
"ရော့..ဒီမှာရပြီ" ထိုလူကိုလှမ်းပေးလိုက်သည်။ 
"ဖျန်း" 
ထိုသူက အမြုပ်တစီစီ နှင့် သေးခွက်ကို ရလျှင်ရခြင်း ထိုသူ၏မျက်နှာကို လှမ်းပက်လိုက်လေ သည်။ ဘားမန်းပြာသွားသည် သူ့မျက်နှာ တစ်ခုလုံးက ကိုယ့်သေးနှင့် ကိုယ်ရွဲရွဲ စိုလျက်.....မျက်လုံးများကသေးရေ များနှင့်စပ်လျက်ရှိသည်။
ထိုသူပြောသည့်စကားကို ကြားလိုက်ရ ၍ ပစ်လဲမတတ်ဖြစ်သွားသည်..။
"ခင်ဗျားကျွန်တော့်မိန်းမကိုလိုးတဲ့အတွက် လက်ဆောင်...မှတ်ထား"
သင်တို့ရင်ထဲ တစ်ခုခု ကျန်ခဲ့မယ်ဆို
့?
Thursday, June 27, 2013
မှားတာကို ၀န်ခံရဲပါစေ
ကျမတို့ လူမျိုးတွေမှာ မှားတာကို မှားကြောင်း ရဲရဲဝံ၀ံ ၀န်ခံရဲတဲ့သူ နည်းကြပါတယ်။ တခုခုကို မှားယွင်း ဆုံးဖြတ် လုပ်ကိုင်မိတဲ့အခါ မှားသွားတာပဲလို့ မှားတာကို မှားကြောင်း ၀န်ခံရဲတဲ့သူနည်းသလို ကိုယ့်ရဲ့ အမှားကိုလည်း ၀န်ချတောင်းပန်ဖို့ အင်မတန် အားနည်းကြပါတယ်။ ကိုယ့်ကြောင့် အမှားတခုဖြစ်လာပြီဆိုရင်ဖြင့် သူများကို အပြစ်ပုံချ လွှဲချတတ်တာ၊ရှောင်ပုန်း ထွက်ပြေးတတ်တာ၊ ရရှိထားတဲ့ နေရာ(အာဏာ)ကို အလွဲသုံးစားလုပ်ပြီးတော့ မသိချင်ယောင်ဆောင် နေတတ်ကြတာ ဒါတွေကို ကျမတို့ ၀န်းကျင်မှာ နေ့စဉ် မြင်တွေ့ နေကြရတာပါပဲ။ ဘာကြောင့် အဲဒီလို ဖြစ်ကြရပါလိမ့်လို့ ကျမ မကြာမကြာ တွေးမိပါတယ်။ 
အမှန်တော့ အမှားကို ဘာကြောင့် ၀န်မခံရဲသလဲ ဆိုတဲ့ အကြောင်းကို သေသေချာချာ တွေးကြည့်မယ် ဆိုရင်တော့ဖြင့် ကျမတို့ဟာ ဟိုးငယ်ငယ်လေးကတည်းက အမှားတခုခုကို လုပ်မိကိုင်မိလိုက်ပြီ ဆိုတာနဲ့ တပြိုင်နက် အမှားနဲ့ မလိုက်အောင်ကို အပြစ်တင်ရှုတ်ချခြင်း၊ ဆူပူခြင်း ခံကြရတာ များလို့ပါပဲ။ ဒါဟာ အမှားကို ကြောက်စေခြင်း တနည်းပြောရရင် ကိုယ့်ရဲ့ အမှားကို ၀န်မခံရဲခြင်းရဲ့ အကြောင်းရင်းတရပ်ပါပဲ။
တကယ်တော့ အမှားဆိုတာ ကြောက်စရာ ကောင်းတဲ့အရာ မဟုတ်ပါဘူး။ လူ့လောကမှာ မမှားတဲ့လူ၊ မမှားဘူးတဲ့အရာ၊ မမှားယွင်းတဲ့ စမ်းသပ်ချက်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ အောင်မြင်သွားတဲ့ သိပံ္ပတွေ့ရှိချက်များဟာ မအောင်မြင်ခင်မှာ မှားခဲ့တဲ့ အမှားယွင်းပေါင်းများစွာကို လက်ခံပြင်ဆင်ရင်းကမှတဆင့် အောင်မြင်ခဲ့ကြရတာပါပဲ။ ဒါပေမယ့် ကျမတို့ဟာ ကံဆိုးလှစွာပဲ အမှားကို ကြောက်သွားအောင်၊ အမှားကို ရှောင်ပြေးချင်လောက်အောင်အထိ အမှားတခုခုလုပ်မိပြီဆိုတာနဲ့ ငယ်ငယ်ကတည်းက အပြစ်တင်ဝေဖန်ခံခဲ့ကြရပါတယ်။ မတော်တဆ ပန်းကန်ကျကွဲတာမျိုးကအစ အရိုက်ခံခဲ့ကြရပါတယ်။ အမှန်တော့ ပန်းကန်ကျကွဲတဲ့အခါမှာ ကလေးတယောက်ကို မှတ်အောင်ဆိုပြီးတော့ ရိုက်နှက် ဆူပူမယ့်အစား သင်ပေးရမှာပါ။ ကြွေပန်းကန်ဟာ ကွဲတတ်တာမို့ ကြွေပန်းကန်ကို ကိုင်တဲ့အခါမှာ လက်နှစ်ဖက်နဲ့ သေသေချာချာကိုင်ဖို့ လိုတယ်ဆိုတဲ့အကြောင်းကို ကလေးကို သင်ပေးရပါမယ်။
အဲဒီလိုပဲ ကလေးတို့ လေးကြောင်းမျဉ်းထဲမှာ ၀လုံးလေးတွေကို ၀ိုင်းအောင် မရေးတဲ့အခါမှာ ကလေးရဲ့လက်ကလေးကို ရိုက်မယ့်အစား ခဲဖျက်လေးနဲ့ ဖျက်ပြီးတော့ မ၀ိုင်းဝိုင်းအောင် ပြန်ရေးခိုင်းရပါမယ်။ ၀လုံးပိန်ရှုံ့ရှုံ့လေးဟာ ခဲဖျက်နဲ့ ဖျက်လိုက်ပြီးတော့ ပြန်ရေးတာနဲ့ ၀ိုင်းဝိုင်းလေးတွေ ဖြစ်သွားတယ်ဆိုတဲ့အကြောင်း ကလေးကို သိအောင်သင်ပေးရမှာပါ။
အမှားကနေတဆင့် အမှားယွင်းကနေ သင်ယူရမယ့်အရာများကို ကလေးတို့ သိသွားအောင် လမ်းပြပေးဖို့ လိုသလို၊ အမှားကို ပြင်ဆင်ဖို့အတွက်ပါ ကလေးကို လုပ်ပေးရပါမယ်။ ဒါဟာ ကိုယ့်ရဲ့ အမှားကို ကိုယ်တာဝန်ယူရမယ်ဆိုတဲ့ အသိလေးကိုပါ ကလေးတို့ရင်ထဲ စွဲသွားအောင်လို့ သင်ပေးခြင်းပါပဲ။
ဥပမာ နံရံပေါ်ကို ကလေးက ဘောပင်နဲ့လျှောက်ခြစ်နေတယ်ဆိုပါစို့။ ကလေးကို ဆူပူ ရိုက်နှက်မယ့်အစား နံရံပေါ်ကို ဘောပင်နဲ့ လျှောက်မခြစ်ရဘူး ဆိုတဲ့အကြောင်း ကလေးနားလည်အောင်လို့ ရှင်းပြရပါမယ်။ ပြီးတဲ့အခါမှာတော့ အ၀တ်ကို ရေစွတ်ပြီးတော့ ကလေးနဲ့အတူတူ နံရံကို သုတ်ရပါမယ်။ သူတို့လုပ်ထားတဲ့အလုပ်ကို သူတို့ကိုယ်တိုင် တာဝန်ယူပြီးတော့ ပြန်လုပ်စေရပါမယ်။ ဒီလိုလုပ်ခိုင်းခြင်းဖြင့် ကလေးတို့ရဲ့ စိတ်ထဲမှာ နောက်တခါ နံရံကို မခြစ်ရဘူး ဆိုတဲ့ အသိစိတ်ကလေးကို တခါတည်း ၀င်သွားအောင်လို့ လုပ်ပေးရာရောက်သလို ကိုယ့်ရဲ့ အမှားကို ကိုယ်တိုင် တာဝန်ယူရမယ်ဆိုတဲ့ အသိစိတ်လေးကိုပါ သွင်းပေးရာ ရောက်ပါတယ်။
အမှန်တော့ အမှားဆိုတာဟာ လူတိုင်းနဲ့ မကင်းတဲ့အရာတခုပါ။ ကလေးတို့ ပြုမူ ပြောဆို လုပ်ကိုင် လိုက်တဲ့ အမှားများကို လူကြီးများက မြင်တိုင်း တွေ့တိုင်း ဆူပူနေမယ်ဆိုရင်တော့ သူတို့ရင်ထဲမှာ အမှားကို ကြောက်တဲ့စိတ်ဝင်သွားနိုင်ပါတယ်။ အမှားကို ကြောက်လာတာမို့ မတော်တဆ မှားယွင်းမိလာရင်တောင်မှ အမှားကနေ ရှောင်ပြေးတတ်လာပါတယ်။ ကိုယ့်အမှားကိုယ် ၀န်မခံတာ၊ ကိုယ့်ရဲ့အမှားကို သူများကို ပြစ်တင်လွှဲချတာမျိုးတွေ လုပ်လာတတ်ပါတယ်။ ဟန်ဆောင်တတ် လိမ်ညာတတ်လာကြပါတယ်။
အမှားကို ကြောက်ရွံ့တဲ့သူဟာ မှားမှာကို စိုးရိမ်တဲ့အတွက် ဘာကိုမှ ရဲရဲဝံ့ဝံ မလုပ်ချင် မလုပ်တတ်တော့ပါဘူး။ ဘယ်ကိစ္စကိုမဆို တာဝန်ယူပြီးတော့ မဆုံးဖြတ်ရဲပါဘူး။ ဒီလို တာဝန်မယူရဲတဲ့ လူတွေ၊ မှားမှာကို ကြောက်တဲ့လူတွေ မြောက်များစွာ ပေါ်လာတဲ့အတွက် မလုပ် မရှုပ် မပြုတ် ဆိုတဲ့ စကား ကျမတို့ လူ့အဖွဲ့အစည်းမှာ ပေါ်လာရတာပါပဲ။ ဒါဟာ အမှန်တော့ လူ့အဖွဲ့အစည်းတခုအတွက် အင်မတန်မှ အန္တရာယ်ကြီးတဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြီးပါ။
တကယ်လို့ မှားလာခဲ့ရင်လည်း ကိုယ့်ရဲ့ အမှားကို အာဏာနဲ့ဖုံးလွှမ်းပစ်တာ၊ ပိုက်ဆံနဲ့ ဖုံးလွှမ်းပစ်တာ၊ ဘာကိုမှ ၀န်မခံဘဲနဲ့ မျက်နှာပြောင်ပြောင်နဲ့ အရှက်မဲ့စွာ နေထိုင်နေကြတာ ဒါတွေကိုလည်း ကျမတို့ လူ့အဖွဲ့အစည်းမှာ အံ့သြစရာကောင်းအောင်ပဲ မြင်တွေ့နေကြရတာပါပဲ။ ဒါတွေဟာလည်း စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုရဲ့ လက္ခဏာများပါပဲ။
နောင်မျိုးဆက်မှာ အဲဒီလို စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြီးဖြစ်မလာစေဖို့အတွက် ကျမတို့ ပြင်ဆင်ကြဖို့ လိုပါပြီ။ ဒါကြောင့်မို့ ကလေးတို့ကို ငယ်ငယ်ကတည်းက ကျမတို့ လေ့ကျင့်ပြုစု ပျိုးထောင်ပေးဖို့ လိုပါတယ်။ ဘာကိုပဲ ကလေးတို့ မှားလာလာ၊ အမှားတခုကို တွေ့တိုင်း တွေ့တိုင်းမှာပဲ ကလေးကို သင်ကြားပေးဖို့ အခွင့်ရေးရပြီဟဲ့ ဆိုပြီးတော့ ကျမတို့ ၀မ်းသာကြရပါမယ်။
ကျမအနေနဲ့ကတော့ ကလေးတယောက်ကို ပြုစုပျိုးထောင်တယ် ဆိုတာဟာ လူ့အဖွဲ့အစည်းတခုကို ပြုစုပျိုးထောင်တာ၊ နိုင်ငံတော်ရဲ့ အနာဂါတ်ကို ပြုစုပျိုးထောင်တာလို့ ယုံကြည်ပါတယ်။ တိုင်းပြည်တပြည် ပြောင်းလဲဖို့ ဆိုတဲ့နေရာမှာ လူ့အဖွဲ့အစည်းတခုထဲမှာ ရှိနေတဲ့လူများရဲ့ ဖြောင့်မတ်မှု၊ ရိုးသားမှု၊ တာဝန်ယူမှု၊ စည်းကမ်းရှိမှု ဆိုတာနဲ့လည်း အများကြီး ပတ်သက်ပါဝင်နေပါတယ်။ အနာဂတ်လူ့အဖွဲ့အစည်းကို ဦးဆောင်ကြရမယ့် ကလေးများကို မှန်ကန်စွာ ပြုစုပျိုးထောင်ပေးရမယ့်ကိစ္စဟာ သိပ်ကိုမှ အရေးကြီးလှပါတယ်။ ဒါကြောင့်မို့ အမှားကို မကြောက်တတ်တဲ့၊ အမှားကနေ သင်ခန်းစာယူတတ်တဲ့၊ ကိုယ့်အမှားကိုယ် ရဲရဲဝံ့ဝံ့ ၀န်ခံရဲတဲ့၊ တာဝန်ယူတတ်တဲ့ လူကြီးတွေ များလာစေဖို့အတွက် ကလေးတို့ကို ငယ်စဉ်ကတည်းက ပြုစု ပျိုးထောင်ပေးဖို့လိုတာမို့ မိဘ ဆွေမျိုးများ ဆရာများ အနေနဲ့ ကလေးတို့ကို အမှားမကြောက်အောင် သင်ကြားပေးပါလို့ တိုက်တွန်းလိုက်ရပါစေ။
ထိမ်းမြားခြင်း ဥပဒေသစ် ဘာလဲ ဘယ်လဲ
ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသား အမျိုးသမီးများ ဘာသာခြား အမျိုးသားတဦးနှင့် လက်ထပ်မည်ဆိုပါက ထိုဘာသာခြား အမျိုးသားသည် ဗုဒ္ဓဘာသာသို့ ကူးပြောင်းရမည် ဆိုတာကို ဥပဒေအဖြစ် ပြဌာန်းဖို့ ဘုန်းတော်ကြီးတချို့စသည့်အမှု ယခု ရွာပတ်ပြီး အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများ၏ ကန့်ကွက်ဆန့်ကျင်မှုနှင့် ကြုံပြီဖြစ်သည်။
၁။ ဒီအဆိုကိုပြန်ကြည့်ပြီး သုံးသပ်လိုက်တဲ့အခါ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသား အမျိုးသမီးများကို ကာကွယ်ပေးဖို့ဟု ရည်စူးထားဟန် တူသော်လည်း လက်တွေ့တွင် အမျိုးသမီးများအား ချုပ်ချယ်ကန့် သတ်ထားသော လူ့အခွင့်အရေးကို သွယ်ဝိုက်၍ ချိုးဖောက်ထားသော အဆိုဖြစ်နေသည်။ ဆိုလိုတာကတော့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ သူတို့နှစ်သက် သဘောကျသည့် အိမ်ထောင်ဖက်နှင့် ထိမ်းမြားရန် ကန့်သတ်ထားသည့် အဆိုဖြစ်နေသည်။
မွတ်စလင်ဘာသာဝင် အမျိုးသားများနှင့် ဗုဒ္ဓဘာသာဝင် အမျီုးသမီးများ လက်ထပ်မှာကို စိုးရိမ်ပြီး ဒီအဆိုကို ဆွေးနွေးခဲ့ကြသည်လို့ မြင်သည်။ ဘာသာခြားနှင့် အိမ်ထောင်ပြုသည့် ကိစ္စဟုဆိုထားသဖြင့် ပြောရမည်ဆိုလျှင် ဤအဆိုသည် ဥပဒေတခုဖြစ်သွားပါက အစ္စလမ် ဘာသာဝင်သာမက ခရစ်ယန်၊ ဟိန္ဒူ၊ နတ်ကိုးကွယ်သူ၊ ရေဝတီဘာသာ အစရှိသော ဘာသာဝင်အမျိုးသားများ အတွက်ပါ အကြုံးဝင်သွားမည်ဖြစ်သည်။
ဒီအဆိုကို ဥပဒေတခုဖြစ်လာအောင် ဆောင်ရွက်ဖို့ အရေးတကြီးလိုအပ်သလား ဆိုတာ ပြန်ကြည့်ဖို့လို လာသည်။ ဆိုလိုသည် ကတော့ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများ မြန်မာပြည်တွင်းတွင် ဘာသာခြား အမျိုးသားများနှင့် လပ်ထပ်ထိမ်းမြားနေတဲ့ ရာခိုင်နှုန်း စိုးရိမ်ကြောင့်ကျဖွယ် တိုးတက်များပြား လာနေ၍လော။ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ မွတ်စလင်တွေနဲ့ ယူနေသည်မှာ သန်းဂဏန်းအထိ ရောက် ရှိနေ၍လော။
မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ မြန်မာနိုင်ငံသား မွတ်စလင်များနှင့် လက်ထပ် ထိမ်းမြားမှု အနည်းအကျဉ်း ရှိနိုင်သော်လည်း များသထက်များလာတယ်လို့ မကြားမိပါ။ အမျိုးသမီးထုကို အထင်အမြင်သေးသည့် အမြင်ကနေ ပေါ်ပေါက်လာသည်ဟု ပြောလိုသည်။ မိန်းမဆိုတာ နှာခေါင်းမပါရင် ဟိုဟာတောင် စားမယ်ဟု အထင်ရောက်နေ သည့် ယောက်ျားကြီးဝါဒ ကနေ ပေါက်ဖွား လာတာဟု ဆိုပါရစေ။ အမျိုးသမီး များကို အထင်အမြင် မသေးသင့်ပါ။ အမျိုးသားတွေလည်း မိခင်ဆိုသော အမျိုးသမီးများ၏ ဝမ်းကြာတိုက်မှ မွေးဖွားပေး လိုက်၍ လူဖြစ်လာကြသည် မဟုတ်လော။
၂။ ဒီအဆိုဟာ ယခုဖြစ်နေသော နိုင်ငံရေးဖြစ်စဉ်များကို လမ်းလွှဲရန် ရည်စူးသည်ဟု မြင်သည်။ မြန်မာနိုင်ငံကို ဂုတ်ခွစီးပြီး အမြတ်ထုတ်နေတာ မြန်မာနိုင်ငံသား မွတ်စလင်များမဟုတ်ပါ။ ဦးပိုင်နှင့် ပေါင်းစားနေသော တရုတ်ကုမ္ပဏီများသာ ဖြစ်သည်ကို မမေ့သင့်။ စစ်တပ်လူတန်းစားနှင့် တရုတ်တို့သာ အမြတ်ထွက်နေသည်ကို ဘာကြောင့် မေ့ထားကြသနည်း။ ဥပမာတခုပြောမည်ဆိုလျှင် ယခုအချိန် မန္တလေးကို စီးပွားရေး လူမျိုးရေးအရ စီးထားသည်မှာ နောက်ဝင်လာသော မြန်မာစကား မတတ်သည့် တရုတ်များသာဖြစ်သည်။ မြန်မာနိုင်ငံသား မဟုတ်တဲ့ တရုတ်တွေ ငွေပေး၍ မြန်မာမှတ်ပုံ တင်ကိုင်ထားသည့် ကိစ္စကိုတော့ ဘာကြောင့် အခုအထိ မပြောကြသေးသနည်း။ အခုတော့ မှတ်ပုံတင်ကို ကိုင်ရုံမဟုတ် မြေတွေယာတွေပါ တစတစ သူတို့ဝယ်ယူပိုင်ဆိုင် ထားသည်မှာ မနည်းတော့။
မြစ်ဆုံကိစ္စ၊ လက်ပံတောင်းကိစ္စ၊ လယ်မြေယာမြေ သိမ်းသည့်ကိစ္စ၊ ရခိုင်က ဓာတ်ငွေ့ပိုက်လိုင်းကိစ္စ၊ ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်ဆင်လိုသည့် ကိစ္စ အစရှိသော များပြားလှသည့် ကိစ္စရပ်များအပေါ် လူတွေ အာရုံ မရောက်စေရန် လမ်းလွှဲသော လုပ်ရပ်ဟု ထပ်ပြောလိုသည်။ ကုလားမုန်းတီးရေး မွတ်စလင်မုန်းတီးရေး လုပ်နေကြသည်။ လူမျိုးရေး သွေးထိုးသည်မဟုတ် သို့သော် ကိုယ့်တိုင်းပြည်ကို ကြေမွအောင် သမနေသည့် တရုတ်ကုမ္ပဏီနှင့် နိုင်ငံသားအတု တရုတ်မုန်းတီးရေးကိုတော့ ဘာကြောင့် မလုပ်ကြသလဲဟု မေးခွန်းမေးစရာ ဖြစ်လာသည်။ မွတ်စလင်မုန်းတီးရေးကို ဦးပိုင်နှင့် တရုတ်ကုမ္ပဏီများက နောက်ကွယ်ကနေ ငွေကြေးထောက်ပံ့ နေသလားဟုပင် ထင်ရသည်။
သမ္မတအကြံပေးဆိုသူများတွေလည်း ဒါမျိုးတွေနဲ့ ပတ်သက်ပြီး ထောက်ပြပြောဆိုခြင်း မရှိကြ၊ နှုတ်ဆိတ်နေကြသည်။ အလားတူပင် နိုင်ငံရေးသမားများလည်း ပါးစပ်ပိတ်နေကြသည်။ မီဒီယာများလည်း ကြားနေနေကြသည်။ အကျဉ်းသားဟောင်း သူရဲကောင်းများလည်း အာစေးမိနေကြသည်။ နည်းနည်းဝင်ပြောမိသည့် ဒေါ်စုလည်း ထောင်ချောက်ကို မြင်လို့လားမသိ ကိုယ်ရှိန်သတ်သွားသည်။ ဒီကြားထဲ ကုလားနဲ့ ပေးစားခံလိုက်ရသေးသည်။ မွတ်စလင်မုန်းတီးရေး လှုပ်ရှားမှုများသည့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် တဖြည်းဖြည်းနှင့် လက်နက်တခုသဖွယ် ဖြစ်လာသည်။ လူ့အခွင့်အရေးဟု မွတ်စလင်များဘက်မှ ပြောမိသူနိုင်ငံရေးသမားသည် ရွေးကောက်ပွဲတွင် မဲရှုံးနိုင်သည့်ကိန်း ဆိုက်နေသည်။
၃။ ရိုးရာအင်စတီကျူးရှင်းများကို အလွဲသုံးစားလုပ်သည်ဟုလည်း မြင်သည်။ မြန်မာပြည်တွင် ရိုးရာအရ အင်အားကောင်းသော အင်စတီကျူးရှင်း (အဖွဲ့အစည်း) နှစ်ရပ်သာ ရှိသည်။ အဲဒါကတော့ စစ်တပ်နဲ့ ဗုဒ္ဓဘာသာ သံဃာတော်များ ဖြစ်သည်။ လူအနေနဲ့ ရှစ်တန်းပင် မအောင်သောသူများက မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများအတွက် လက်ထပ်ထိမ်းမြားရေး ဥပေဒေပြုလုပ်လိုသည်ဆိုလျင် ဘယ်သူကမှ အရေးစိုက်မည်မဟုတ်။ ပညာရှင် အတော်များများက ပြောလာသည်ဆိုပါက အနည်းနဲ့အများ လူတွေက စိတ်ဝင်စားနိုင်သေးသည်။ အခုဖြစ်နေတာက လူတွေက ကြောက်နေရသော စစ်တပ်က ၂ဝဝ၈ ဖွဲ့စည်းပုံကို တဖက်သတ် ရေးခဲ့၍ အတည်ပြုခဲ့သည်။ အခုတခါ လူတွေကြည်ညိုသော သံဃာတော် ဆရာတော် တချို့က လက်ထပ်ထိမ်းမြှားရေး ဥပေဒသစ်တခုကို ဖန်တီးဖို့ ကြိုးစားနေသည်။ ဒါဟာ မိမိတည်မှီနေတဲ့ အင်စတီးကျူးရှင်းကို နောက်ခံထားပြီး အလွဲသုံးစားလုပ်တာပင်ဖြစ်သည်။
လက်ထပ်ထိမ်းမြားရေးနှင့် ပတ်သက်၍ ဥပဒေအသစ် လိုအပ်ပါက တိုင်းသူပြည်သား လူအများက နိုင်ငံရေးအရ တခဲနက် တောင်းဆိုလာလိမ့်မည်။ အခုဖြစ်နေသည်က လူတွေနားမလည်၍ သံဃာတော်များက ဦးဆောင်ပေးနေရသည်ဆိုတဲ့ ပုံစံမျိုးကို သွားနေသည်။ လက်ပံတောင်းလို အရေးအခင်းမှာ နစ်နာနေတဲ့ လယ်သမားတွေနဲ့ အတူရပ်ခံခဲ့တဲ့ သံဃာတော်များကို အထူးလေးစားသည်။ ဒါပေမယ့် တချိန်ထဲမှာလည်း အီရန်က သြဇာအာဏာ ကြီးမားသော ဘာသာရေးခေါင်းဆောင်များကို အားကျနေသော မြန်မာဗုဒ္ဓဘာသာ သံဃာတော်များ ရှိနေသလောဟု အတွေးရောက်မိသည်။ ဗုဒ္ဓဘာသာ အမျိုးသမီးသည် ဗုဒ္ဓဘာသာ အမျိုးသားနှင့်သာ လက်ထပ်ရမည်၊ အမျိုးသားဖက်က ဘာသာ ခြားဆိုပါက ဗုဒ္ဓဘာသာသို့ ကူးပြောင်းရမည်ဟု ဆိုသည်ကို ဥပဒေပြုမည်ဟု ကြိုးစားလာသည်။ ဤသည်မှာ လူတဦးကို ကန့်သတ်ချုပ်ချယ်ထားသလို နောက်လူတဦး ကိုလည်း ၎င်း၏ယုံကြည်သက်ဝင်မှုကို စွန့်လွှတ်ရမည်ဟု ဆိုခြင်းပင်ဖြစ်သည်။ တရားပါသလော။
၎။ ဒီကိစ္စဟာ ဒီမှာရပ်နေမည်မဟုတ်။ ဥပဒေပြုတာက အတည်ဖြစ်သွားရင် မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေအတွက် တသက်တာ စိတ်ချသွားရပြီလို့ ဆိုနိုင်သလား။ ဥပမာ မွတ်စလင်ကိုးကွယ်သူ အမျိုးသားတဦးက ဗုဒ္ဓဘာသာ အမျိုးသမီးတဦးနဲ့ ချစ်ကြိုက်လို့ အိမ်ထောင်မပြုခင် မွတ်စလင်ထဲကထွက် ဗုဒ္ဓဘာသာ ကူးပြောင်းတယ်ဆိုပါစို့။ အဲဒီသူဟာ တချိန်က မွတ်စလင်ဖြစ်ခဲ့တာမို့ မွတ်စလင်ရပ်ကွက်တွေကို ရိုးရိုးသားသား အလည်အပတ် သွားတာမျိုး ရှိနိုင်သည်။ ဗလီမှာ မိတ်ဆွေတွေ သူငယ်ချင်း တွေနဲ့ သွားစကားပြောမျိုး ရှိချင်ရှိလိမ့်မည်။ အဲသလို အခါမျိုးမှာ ဒီလူဟာ ဗုဒ္ဓဘာသာကို တကယ်မယုံကြည်ဘဲ အိမ်ထောင်ပြုဖို့ အတွက်သာ ဘာသာပြောင်းချင်ယောင်ဆောင်ထားတယ်လို့ ရုံးတင်စွပ်စွဲပြီး ထောင်ချမလား။ တခါက မွတ်စလင် ဖြစ်ခဲ့တာမို့ အရင်ကလည်း ဝက်သားမစားဘူး၊ အခုလည်း မစားဘူး။ သို့သော် ဗုဒ္ဓဘာသာ ကူးပြောင်းတာ စစ်စစ်မှန်မှန် ဖြစ်ကြောင်း ပြသဖို့ လူတွေရှေ့မှာ ဝက်သားစားပြရမှာလား။ ဝက်သားစားမပြရင် ဒီလူဟာ တကယ် ဗုဒ္ဓဘာသာမဟုတ်သေးဘူးလို့ စွပ်စွဲပြီး လိမ်လည်မှုနဲ့ ထောင်ချမလား။ မုတ်ဆိပ်မွှေး မရိပ်ဘဲ ဆက်ထားရင် ဒါဟာ မွတ်စလင်ဖြစ်နေသေးကြောင်း သက်သေ ဖြစ်တယ်လို့ စွပ်စွဲခံရပြီး ရုံးရောက် ဂါတ်ရောက် ဖြစ်ဦးမလား။
ဒီဥပဒေ အတည်ဖြစ်သွားခဲ့ရင် နောက်ဆက်တွဲ ဖြစ်လာနိုင်တာတွေ ပြောလိုသည်။ ခရစ်ယာန်များတဲ့ ပြည်နယ်ကလည်း ခရစ်ယာန်အမျိုးသမီးများ အကာအကွယ်ရရှိဖို့ ဥပဒေပြုပေးဖို့ တောင်းဆိုလာနိုင်သည်။ ရှမ်းပြည်မှာလည်း ဗုဒ္ဓဘာသာဝင် အများစုဖြစ်ပေမယ့် ရှမ်းလူမျိုးရဲ့ ဘာသာစကား၊ ရိုးရာယဉ်ကျေးမှုတွေ မတိမ်ကောစေဖို့ ရှမ်းပြည်နယ် ဒေသအတွင်း ရှမ်းအမျိုးသမီးတွေ တခြားတိုင်းရင်းသား လူမျိုးတမျိုးမျိုးနှင့် လက်ထပ်ခွင့်မရှိ ဆိုတဲ့ ဥပဒေမျိုးလည်း ပေါ်လာနိုင်သေးသည်။ တခါ ရှမ်းပြည်အတွင်း မြန်မာအမျိုးသားတဦး ရှမ်းအမျိုးသမီးတဦးနှင့် လက်ထပ်ထိမ်းမြားလိုပါက ဗုဒ္ဓဘာသာခြင်း တူတာမှန်ပေမယ့် လူမျိုးမတူ တာကြောင့် မြန်မာအမျိုးသားဟာ ရှမ်းစကား ရှမ်းစာပေ တတ်အောင်သင်ပြီးမှာ လက်ထပ်ခွင့်ရှိမယ်လို့ ဥပေဒ ပြဌာန်းထားရင်ကော မြန်မာတွေဖက်က ဘယ်လိုမြင်မလဲ။
၅။ ကယ်တင်ပုံကယ်တင်နည်း မမှန်ဟုလည်း မြင်သည်။ လူတွေဟာ ဆင်းရဲတွင်းထဲမှာ နက်သထက်နက်အောင် နေလာရရင် မထူးဇာတ်ခင်းလေ့ရှိတဲ သဘာဝ ရှိသည်။ သူခိုး ဂျပိုးတွေ များလာသလို ပြည့်တန်ဆာဖြစ်တာတွေလည်း များလာလေ့ရှိသည်။ ဘဝထွက်ပေါက်အတွက် ပိုက်ဆံရှိသော ချမ်းသာသော ဘာသာခြားနှင့်လည်း (မွတ်စလင်ဖြစ်ဖြစ် ၊ ခရစ်ယာန်ဖြစ်ဖြစ်) ယူကောင်းယူနိုင်သည်။
ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသား အမျိုးသမီးတွေ ဘာသာခြားနှင့် အထူးသဖြင့် မွတ်စလင်ဘာသာဝင်များဖြင့် အိမ်ထောင် မပြုစေလိုပါက လူထုအား ဆင်းရဲတွင်းထဲက ဆွဲထုတ်နိုင်အောင် စီးပွားရေးစနစ်ကို ပြုပြင်ပြောင်းလဲရမည်။ ပညာမဲ့ ဘဝ မှနေ၍ ပညာတတ်များ ဖြစ်လာအောင် ပြုစုပျိုးထောင်ရမည်။ ဤသည်သာ မှန်ကန်သော ကယ်တင်မှုဟု ဆိုရပေမည်။ ဥပဒေပြုတာ တခုထဲနဲ့တော့ မကယ်တင်နိုင်ပါဟု ထောက်ပြလိုသည်။ နောက်ဒီလို ဥပဒေမျိုးက အမျိုးသားရေး အစွန်း ရောက်တာမို့ ဒီမိုကရေစီကို ချီတက်နေသော တိုင်းပြည်တခုမှာ ပြုကောင်းသည့် ဥပဒေမျိုးလည်း မဟုတ်ပါ။
နောက်ဆုံးအချက် တိုင်းပြည်နဲ့ နိုင်ငံသားတွေ ဆင်းရဲနေတာ ဘယ်သူ့ကြောင့်လဲ၊ ဘယ်သူတရားခံလဲ ဆိုတာကို မြင်အောင်ကြည့်တတ်ဖို့ လိုတယ်လို့ ပြောလိုသည်။
နောက်တခုကတော့ ခြွင်းချက်ဖြစ်သည်။ ခြွင်းချက်လို့ ဆိုတာက ဘာသာမတူသော်လည်း လူသားတွေ ဖြစ်တာမို့ တဦးနှင့် တဦး မေတ္တာသက်ဝင်ပြီး တအိုးတအိမ် ထူထောင်နိုင်တာမျိုးလည်း ရှိနိုင်သည်။ တဦးနှင့်တဦး မိုင်ပေါင်း ထောင်ချီဝေးသော နေရာမှ လူများ တွေ့ကြဆုံကြ၊ ဆက်ဆံကြ၊ ပေါင်းသင်းကြ ဆိုသည်မှာ ရှေးကပါလာသည့် ပဌာန်းဆက်ကြောင့် ဖြစ်သည် လို့ ဗုဒ္ဓဘာသာမှာ ဆိုထားသည် မဟုတ်လော။
ပဲခူးမြို့နယ်မြေစာရင်းဌာနမှ တိုက်နယ်မှူး ဦးသန့်ဇင်မှ မြေနေရာအား အလွှဲသုံးစားရောင်းစားခြင်းအား ထိရောက်စွာအရေးယူပေးပါရန် တိုင်ကြားခြင်း....
ပဲခူးမြို့နယ်၊ လေးအိမ်စုကျေးရွာတွင်ရှိသော ကွင်းအမှတ်(1200)၊ ဦးပိုင်အမှတ် (N/ 12 ၊ 14) တွင်ရှိသော ကျွန်တော် ဦးသိန်းကျော်နှင့် ဦးအောင်စိန် တို့ပိုင် ဥယျာဉ်ခြံ (19)ဧကအား ပဲခူးမြို့နယ် မြို့နယ်ဦးစီးမှူးရုံးမှ တိုက်နယ်မှူး ဦးသန့်ဇင်မှ ကျွန်တော်များပိုင် ဥယျာဉ်ခြံမြေကို ပဲခူးမြို့တွင်နေထိုင်သူ ဦးအောင်ထွန်း၊ ဦးမြင့်သိန်း၊ ဦးရွှေအေးတို့အား လုပ်ပိုင်ခွင့်ပြေစာ
ထုတ်ပေးပြီးရောင်းစားခဲ့ပါသည်။ 
ကျွန်တော်တို့မှာ ယင်းနေရာအား ယခင်မြေခွန်
ပြေစာ (1991-1992)အားကိုင်ဆောင်ထားခဲ့သည်
မှာ ယနေ့အချိန်ထိရှိပါသည်။ 
ကျွန်တော်တို့သည်မိမိပိုင်မြေနေရာအားလုပ်ကိုင်
စားသောက်ရန်သွားရောက်ခဲ့ရာတွင်ဦးအောင်
ထွန်းပါ(၃)ဦးမှ “ငါတို့က တိုက်နယ်မှူးဦးသန့်ဇင်
ထံက၀ယ်ထားတာမင်းတို့နဲ့ဘာမှမဆိုင်ဘူး”ဟု
ပြောဆိုခဲ့ပါသည်။ကျွန်တော်တို့ပိုင်မြေနေရာအား
ဝန်ကြီးချုပ်ထံသို့ (27-5-2013)နေ့တွင်တင်ပြ
ခဲ့ရာ၊ မြို့နယ်ထွေအုပ်သို့သွားရောက်စုံစမ်းခဲ့ရာ အဖွဲ့ခေါင်းဆောင် ဆိုပြီး အထွေထွေအုပ်ချုပ်ရေး
ဦးဌာနမှမြို့နယ်ဒုဦးစီးမှူး ဦးမင်းဟိန်းလတ်၊ မြို့နယ်မြေစာရင်းဒုဦးစီးမှူး ဦးခင်လှိုင်
ဆည်မြောင်းဦးစီးဌာနမှ ဦးဝင်းဆွေတို့ဆိုပြီး
သိရှိရပါသည်။ ယင်းအဖွဲ့မှ လာရောက်ဖြေရှင်း
ပေးမည်ဟု သိရသော်လည်း ယနေ့အချိန်ထိ
လာရောက်ခဲ့ခြင်းမရှိပါ။ 
တိုက်နယ်မှူးဦးသန့်ဇင်နှင့်အပေါင်းပါ(2)ဦးလာ
ရောက်ပြီး ကျွန်တော်တို့အား ရုံးသို့နောက်နေ့
လာရန်ချိန်းခဲ့ပါသည်။ ရုံးသို့ရောက်သောအခါ ဦးသန့်ဇင်မှ ကျွန်တော်တို့အား ငွေကျပ်(၁)သိန်း
ပေးခဲ့ပါသည်။ ထိုမြေနေရာအား ဦးသန့်ဇင်မှ ရောင်းစားခဲ့သည်ကို ၄င်း၏လူကြီးများလည်း သိရှိခဲ့ပါသည်။ ကျွန်တော်တို့မှပိုက်ဆံလိုချင်လို့
မဟုတ်ပါ မိမိပိုင်မြေနေရာအား ပြန်လည်ရရှိ
ရေးအတွက်တာဖြစ်ပါသည်။ မြေယာစီမံခန့်ခွဲ
ှုအဖွဲ့ဟုဆိုသောဦးသိန်းလွင်(လေးအိမ်စုကျေးရွာ
အုပ်ချုပ်ရေးမှူး)၊ ဦးအောင်သန်း(အဖွဲ့ဝင်)၊ တိုက်နယ်မှူးဦးသန့်ဇင်(အတွင်းရေးမှူး)တို့မှ ရောင်းစားခဲ့သူ ဦးရွှေအေးဘက်မှ တစ်ခြမ်းကို ပြန်လည်ပေးဆောင်ခဲ့ပါသည်။ ကျန်ရှိနေသော မြေနေရာများကို ယနေ့အချိန်အထိ စိစစ်
ဆောင်ရွက်ပေးခြင်းမရှိပဲ ဥပဒေကိုမျက်ကွယ်
ပြုပြီးလုပ်ဆောင်ခြင်းအား ထိရောက်စွာ အရေးယူ
ပေးပါရန် တိုင်ကြားပါသည်။
Monday, June 24, 2013
လိင်ဟာသ
 ဒီတခါလည်း ဘတ်စ်ကားပေါ်က အတွေ့အကြုံ တခုပေါ့။ 
အဖြစ်က ဒီလိုဗျ၊ လူတိုင်းလိုလို ဘတ်စ်ကား စီးဖူးသလို ထောက်လှမ်းရေးလည်း ကြုံဖူးကြမှာပါ။ ဟီး ဟီး 
ကျွန်တော့်အဖြစ်က ပြန်တွေးရင်တောင် ကြက်သီးထစရာဗျာ၊ အဲ့ဒီနေ့က ကားပေါ်မှာ လူလည်း ဒီလောက် မများပါဘူးဗျာ၊ မှတ်တိုင်လည်း မရောက်သေးတော့ အေးအေးဆေးဆေး ထိုင်ပြီးတော့ တွေးချင်ရာတွေးပြီး လိုက်လာတာပေါ့။ ကိုက မြို့ထဲထိသွားမှာ ဆိုတော့ အနောက်ဖက်မှာနေရာ ယူပြီးတော့ လိုက်လာတာပေါ့။ လေး၊ငါး မှတ်တိုင်လောက် စီးပြီးတဲ့ အချိန်မှာ ဖြစ်ချင်တော့ ဘွားတော်ကြီး တယောက်က ဘေးနားရောက်လာလို့ နေရာဖယ်ပေးလိုက်ပြီး မတ်တတ်ပဲ လိုက်စီးလာလိုက်တော့တယ်။ လူလည်း သိပ်မှ မကြပ်သေးတာလေ၊ မတ်တတ်လေး ရပ်ပြီး တွေးချင်ရာ တွေးလာတော့တာပေါ့။ တဖြည်းဖြည်းနဲ့ လူများလာတယ်ဗျို့။ အဲ့မှာစတွေ့တော့တာပဲ။ 
ဘဲတပွေဗျာ၊ လူကြည့်တော့ သားသားနားနားနဲ့ ရုပ်တည်နဲ့ ကားပေါ်မှာ ဘေးကစော်ကို ထောက်နေတာ၊ နဲနဲကြာလာတော့ ပြဿနာက တက်လာပြီလေ။ 
အဲဒီမှာ ဒီဘဲက နောက်တနေရာ ထပ်ရွေ့၊ နောက်တယောက် ထပ်ကြံနဲ့၊ လုပ်နေတာ။တဖြည်းဖြည်း ရွေ့ရင်းရွေ့ရင်းနဲ့၊ ကျွန်တော့်ဖက်ရောက်လာတာ။ အဲ့သူတောင်းစားက ဘယ်လောက်တောင် တင်းနေလည်း မသိဘူးဗျာ၊ ကို့ကိုပါ လာပြီးတော့ ထောက်တော့တာပဲ။ ပထမတော့ မသိဘူးဗျ၊ တအောင့်နေတော့ လူက တမျိုးဖြစ်လာတယ်ဗျာ။ စဉ်းစားကြည့်ပေါ့ဗျာ၊ ဘယ်လိုပြောရမလည်းတောင် မသိဘူး။ အဲ့ဒါနဲ့ နဲနဲ ဘုရှိုးရှိုးလိုက်တော့ အဲ့ဒီဘဲ နောက်တနေရာ ထပ်ရွေ့သွားတယ်။ ဒေါသတွေ ထွက်လိုက်တာဗျာ၊ အလိပ်လိုက်၊ အလိပ်လိုက်ပဲ။ 
အဲဒါနဲ့ ဘယ်လိုလုပ်ရင်ကောင်းမလဲ စဉ်းစားရင်း ဒီဘဲကို ပြန်ပြီးတော့ ဘယ်လို နှိပ်ကွပ်ရင်ကောင်းမလဲ တွေးလာတာ အကြံတခုရသွားတယ်။ ဒီဘဲနောက်နားကို ဖြည်းဖြည်းချင်း ကပ်သွားလိုက်တယ်ဗျာ။ ဟီး ဟီး အဲ့ဘဲကတော့ မသိရှာဘူးပေါ့။ အဲ့လိုနဲ့ အဲ့ဘဲ မှတ်တိုင်နားနီးလာတယ်ထင်တယ်၊ သူလည်းထောက်လို့ဝပြီဆိုတော့ ဆင်းတော့မယ်ထင်တယ် အပေါက်ဝနားကိုရွေ့ပြီး ရပ်တယ်ဗျို့။ အဲဒီအချိန်မှာ ကျွန်တော်တွေးနေတာ စာဖတ်သူတွေ သိရင်ရယ်ချင်သွားမယ်၊ ဟီး ဟီး စိတ်ကူးထဲမယ် ဆော် လုံးကြီးပေါက်လှတွေ တွေးလာပြီး ကျွန်တော့်ကောင်ကို တောင်အောင် လုပ်လာတာ။ အဲဒီဘဲ အပေါက်ဝနား ရှိနေတုန်း ကျွန်တော် နောက်နားကနေကပ်ရပ်လိုက်ပြီး ဂွင်စောင့်နေလိုက်တယ်။ မှတ်တိုင်နီးတော့ ကားက အရှိန်လျှော့သွားတဲ့အချိန် သူကလည်း ကို့ရှေ့တည့်တည့်ရောက်တည့်အချိန် ဘယ်ရမလဲ သူ့ဖင်ကြားတည့်တည့်ကို ချိန်ပြီးတော့ ၃၊၄ ချက်လောက် ဆောင့်ပေးလိုက်တယ်။ မှတ်ကရော........!
ဒီဘဲလည်း ဆင်းနေပြီဆိုတော့ ကို့ကိုပြန်ပြောဖို့ အခွင့်အရေး မရတော့ဘူးပေါ့။ ကျွန်တော့်ကို ပေစောင်၊ပေစောင်နဲ့ ကြည့်ပြီး ကားပေါ်က ဆင်းသွားတယ်။ ကားအောက်ရောက်တော့ သူက ဘုကြည့်လှမ်းကြည့်နေသေးတာ၊ ဘယ်ရမလဲ ကိုလည်းပြန်ကြည့်ပေးပြီး မေးဆတ်ပြလိုက်တယ်၊ ဘာလဲပေါ့။ ဟီး ဟီး ကျွန်တော်တို့ ၂ယောက် တိုက်ပွဲကို စပယ်ရာပဲ တွေ့လိုက်တာဗျ၊ ပြီးတော့မှ တိုးတိုးလေးမေးတယ်၊ ဘာဖြစ်တာလဲပေါ့၊ ကိုယ်လည်း ခပ်တိုးတိုးပဲ အတိုချုံးပြောပြလိုက်တော့ ရီလိုက်တာ အော်ကြီးဟစ်ကြယ်၊ လူတွေက သူ့ကိုဝိုင်းပြီးတော့ ကြည့်တော့တာပဲ၊ တယောက်ထဲ ထရီတာလေ။ 
အဖြစ်ကတော့ အဲ့ဒါပါပဲဗျာ။ ဂလဲ့စားကို အဲ့လိုချေပစ်တာ။
အိမ်ထောင်ရေး = ဘောလုံးသမား
၁။ အပြောင်းအရွှေ့နှင့် စာချုပ် (Transfer and Contract)
စာချုပ်ကို စတင်ကမ်းလှမ်းသူသည် စာချုပ်တစ်ခုလုံး၏ ကိစ္စအ၀၀ကို စီမံခန့်ခွဲနိုင်သည်။
ဥပမာ - ယောက်ျားလေးက မိန်းကလေးကို လက်ထပ်တာပေါ့။ ငါးနှစ်စာချုပ်နဲ့ တစ်နှစ်ကို အိမ်စရိတ် ဘယ်လောက်ပေးမယ်ဆိုပြီး ... အဲဒါနဲ့ ချုပ်လိုက်တယ်ဆိုပါတော့ ဒါဆို ပိုင်ရှင်က ယောက်ျားလေး၊ ဘောလုံးသမားက မိန်းကလေးပေါ့။ ဒီလိုပဲ မိန်းကလေးဘက်က ကမ်းလှမ်းတာဆို မိန်းကလေးက ပိုင်ဆိုင်ခွင့်ရှိတယ်။
ဒါဆို ဒီမိန်းကလေးကို သဘောကျလို့ လာဝယ်ရင် ယောက်ျားလေးနဲ့ တိုက်ရိုက်စကားပြောရမယ် ... အေးဂျင့်တွေတော့ ပါရင် မကောင်းဘူး ထင်တာပဲ။
စာချုပ်သက်တမ်းကျန်လေ ... ဈေးကြီးလေပေါ့။ စာချုပ်ကုန်သွားရင်တော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်တယ်။ အဲ ... ပိုင်ရှင်နဲ့ ၀ယ်သူချည်းပဲ သဘောတူလို့ မရသလို၊ ကစားသမားနဲ့ ၀ယ်သူချည်းပဲလည်း သဘောတူလို့မရဘူး။ သုံးဦးသုံးဖလှယ် သဘောတူမှ အပြောင်းရွှေ့ဖြစ်မြောက်မယ်။
၂။ ကာလ (Contract Duration)
ဆယ်နှစ်အထိလောက်တော့ ချုပ်ဆိုလို့ ကောင်းမှာပေါ့။
၃။ စာချုပ်လျော်ကြေး (Compensation Fee)
ညှိနှိုင်းဈေးပါပဲ။ အဲ ... အသက်နှစ်ဆယ့်ရှစ်နှစ်ကျော်တဲ့လူကတော့ လက်ကျန်စာချုပ်ကို ကိုယ့်ဘာသာကိုယ်လျော်ပြီး ဖျက်သိမ်းနိုင်သလို ခေါ်ယူမယ့်သူကလည်း အဲဒီနည်းနဲ့ ခေါ်ယူနိုင်တယ်။ ကာယကံရှင်ကလည်း သဘောတူရမှာပေါ့။
အကြိုသဘောတူညီစာချုပ်ကို စာချုပ်သက်တမ်းမကုန်မီ ခြောက်လအလိုမှာ ချုပ်ဆိုခွင့်ရှိတယ်။ အသက်နှစ်ဆယ့်သုံးနှစ်အထက် ကစားသမားအတွက် လျော်ကြေးပေးဖို့ မလိုဘူး။ အသက်နှစ်ဆယ့်သုံးနှစ်အောက်ဆိုရင်တော့ နောက်ဆုံးလစာရဲ့ တစ်နှစ်စာကို လျော်ရမယ်။
၎။ အနိမ့်ဆုံးပြောင်းရွှေ့ကြေး
Minimum Fee Release Clause လို့ခေါ်တဲ့ အနိမ့်ဆုံးပြောင်းရွှေ့ကြေးကို စာချုပ်ချုပ်ဆိုစဉ်က ထည့်သွင်းထားခဲ့ရင် ပိုင်ရှင်က မရောင်းချင်ပေမယ့်လည်း ကစားသမားနဲ့ ၀ယ်သူက အဲဒီကြေးကို ပေးမယ်ဆိုရင် အပြောင်းအရွှေ့ကို ခွင့်ပြုရမယ်။
၅။ အခြားသဘောတူညီမှုများ
၅-၁။ Yearly Salary Rise ... 5% ကနေ 50% အထိ တောင်းဆိုလို့ရတယ်။
၅-၂။ One Year Option for Owner and Player ... တစ်နှစ်ကြိုပြီး စာချုပ်သက်တမ်းဖျက်သိမ်းနိုင်တယ်။
၅-၃။ ဟိုမှာတော့ Goal Bonus ပေါ့၊ ဒီမှာ ကလေးမွေးရင် ဘောနပ်စ် ပေးရမယ်။
၅-၄။ Appearance Fee ... ဘွတ်စမာနီ (ညှိနှိုင်း)ကြိမ်ထက် များခဲ့ရင် တစ်ကြိမ်ကို ဘယ်လောက်ပိုပေးရမယ်။
၅-၅။ Foreign Transfer Release Clause ... ဒါကတော့ နိုင်ငံခြားက ခေါ်ယူခဲ့ရင် သတ်မှတ်ကြေးနဲ့ ထွက်ခွာခွင့်။
၅-၆။ Richer Club Release Clause ... ဒါက ကိုယ့်ထက် ပိုချမ်းသာသူက ခေါ်ခဲ့ရင် သတ်မှတ်ကြေးနဲ့ ထွက်ခွာခွင့်။
၆။ ပူးတွဲပိုင်ဆိုင်မှု (Co-Ownership)
အီတလီကလပ်တွေမှာ ရှိတယ်။ ကစားသမားတစ်ယောက်ပိုင်ဆိုင်ခွင့်ကို ရာခိုင်နှုန်းနဲ့ ၀ယ်နိုင်တယ်။ အဲလို နှစ်ယောက်က ပိုင်နေတယ်ဆိုရင် ၀ယ်သူက ပိုင်တဲ့လူ နှစ်ယောက်စလုံးနဲ့ ပြောင်းရွှေ့ကြေးအဆင်ပြေအောင် ညှိရမယ်။
၇။ နှစ်ဦး၏အပြင်ဘက်မှ ကြားလူပိုင်ဆိုင်မှု (Third Party Ownership)
ဒါကတော့ အပြင်လူရဲ့ ပိုင်ဆိုင်ခွင့်ပေါ့ဗျာ ... အဲ ... သူကတော့ ပြောင်းရွှေ့ကြေးပဲ စားလို့ရမယ် ... လက်ဖျားနဲ့တောင်မှ မထိရဘူးပေါ့။
Saturday, June 22, 2013
လိင်ဟာသ
လိင်ကိုယ်တွေ့တော့ မဟုတ်ပါဘူး။ မြင်ဖူးခဲ့တဲ့ အဖြစ်အပျက်ကလေးတစ်ခုပါ။
ရန်ကုန်နဲ့ မနီးမဝေးမြို့တစ်ခုကို သူငယ်ချင်းတစ်ယောက်နဲ့ အလည်အပတ်လိုက်သွားတုံးကပေါ့ဗျာ... ... ...
ဧည့်သည်သွားလုပ်မိတဲ့သူငယ်ချင်းအိမ်က တစ်မိသားစုလုံးက ဧည့်ဝတ်ကျေပွန်ပါပေတယ်။
လိုလေသေးမရှိပါဘူး။ (ညီမလေးတွေကလည်း ချောချောလှလှလေးတွေဟီးဟီး) ဒါပေမယ့် မှုန်ကုတ်ကုတ်နဲ့
လူတစ်ယောက်ကြောင့် အနေရအတော်ခက်တယ်ဗျ။ ကျနော့်ဘော်ဒါရဲ့ ဦးလေးတော်တယ်ဆိုလားဗျာ။ မျက်နာကြီးကကြောက်စရာကောင်းလောက်အောင် ရုပ်ဆိုးရတဲ့အထဲ နဖူးပြောင်ပြောင်မောက်မောက်
ကြီးပေါ်မှာတက်တူး(မှင်ကြောင်) ကြီးကထိုးထားသေးတယ်ဗျ။
        ကျနော်လည်းသူ့မျက်နာကြီးကို လန့်လို့သေချာတောင်မကြည့်မိပါဘူး။
အဲ့ဒီအိမ်ရောက်ပီး ဒုတိယနေ့မှ မတော်တဆသေချာခိုးကြည့်လိုက်တော့ နဖူးပေါ်က တက်တူးကြီးက ရွက်လှေပုံလေးဖြစ်နေတာတွေ့လို့ အံ့သြနေတာဗျ။ ရွက်လှေကလေးက လှတပတလေး..ပန်းချီကား
ထဲကလိုပဲဗျ။ ဘယ့်နှယ်နဖူးပေါ်မှာရွက်လှေပုံထိုးထားတာလဲလို့ တွေးကြည့်နေမိတယ်။ မေးတော့
မမေးရဲ့ပါဘူး။လန့်လို့။
        ကျနော့်ဘော်ဒါနဲ့ လက်ဖက်ရည်ဆိုင်တူတူထွက်ထိုင်တော့မှ ကပ်ပီးမေးကြည့်တာပေါ့။ မင့်ဦးလေး နဖူးကရွက်လှေပုံက ဘာလဲဟလို့။
        ချီး.. ငါ့ဦးလေးက.. ဒီနယ်တစ်ဝိုက်မှာ အင်မတန်မိုက်ကန်းတာဟ
        အင်း
        အရက်များမူးနေလို့ကတော့ ရပ်ကွက်ထဲက ခွေးတွေတောင် အသံမထွက်ရဲဘူး..
သောင်းကျန်းလွန်းလို့ ..ခုတ်မယ်ထစ်မယ်ဆိုတာကြီးပဲ..
        အင်း
        တစ်ရက်ကျတော့ မူးမူးနဲ့နယ်လှည့် ပွဲဈေးတက်တူးသမားတွေ ဆီမူးမူးနဲ့သွားပီး
သူ့နဖူးပေါ်တက်တူးထိုးခိုင်းတယ်ကွ.. မထိုးပေးရင်ရိုက်မယ်နှက်မယ်လုပ်နေလို့..ဟိုလူတွေက
လည်းကြောက်ကြောက်နဲ့ထိုးပေးလိုက်တယ်..
        အေးလေကွာ..ဘာကိစ္စရွက်လှေပုံထိုးတာတုံး..
        မဟုတ်ဘူးကွ..ပထမထိုးတာတာက စောက်ဖုတ်ပုံတဲ့
        ဟမ်!
        မူးနေတော့ ဘာမှန်းမသိဘူးနေမှာပါ.. စောက်ဖုတ်ပုံထိုးခိုင်းတာ.. တက်တူးဆရာကလည်း
ကြောက်တော့ထိုးပေးလိုက်တာတဲ့ဟားဟား.. အမွှေးလေးတွေတောင်ပါသေးတယ်..
        ဟားဟား  ;D ;D
        နောက်တနေ့မနက်အမူးပြေမှ..အရှက်ကွဲပီ ဆိုပီးတက်တူးဆရာလိုက်ရှာတော့ ..ဟိုလူက ပြေးပီ
မရှိတော့ဘူး ခစ်ခစ်.. အပြင်ထွက်တိုင်း ဦးထုပ်ကလေးဆောင်းလို့ တစ်လလောက်တိုင်ပတ်နေတာ
နောက်ဆုံး ရန်ကုန်ဆင်းပီး အဲ့ဒီ စောက်ဖုတ်ပုံတက်တူးကို.. အသာလေးပြင်ပီး ရွက်လှေလှလှလေး လုပ်လိုက်ရတာပေါ့ကွာ..
        ဖြီးးးး  ဟားဟား  ;D ;D
ရေနွေးတွေသီးတဲ့အထိကျနော်အော်ရယ်နေမိတယ်။
အိမ်ပြန်လာတော့လည်း အဲ့ဒီဦးလေးကို မျက်နှာချင်းမဆိုင်မိအောင် သတိထားနေရတယ်။ မတော်ကြည့်ပီး ရယ်မိရင် ကျနော့်ကို နားရင်းအုပ်နေမှာစိုးလို့ဗျ။ ကြုံလဲကြုံတတ်ပါပလေနော့်။
channko
Friday, June 21, 2013
*ဘဏ္ဍာအခွန်ငွေအား ရာခိုင်နှုန်းစား မသမာမှုများအား အရေးယူဖော်ထုတ်ပေးပါရန် (တိုင်ကြားစာ) *
ယနေ့ကာလ ဖြစ်ပေါ်နေသော အဂတိလိုက်စားမှုများအနက် ပြည်တွင်းအခွန်များဦးစီးဌာနဧ။် အဂတိလိုက်စားမှုသည် နိုင်ငံတော် ဘဏ္ဍငွေများအား ကိုယ်ကျိုးအတွက် သူဌေးဖြစ် ရယူနေ
ကြချင်း ဖြစ်ပေသည်။
 ပြည်တွင်းအခွန်ဧ။် ခြစားနေသောအခွန်ကောင်ခံမှု့ နည်းလမ်းများစွာအနက် နိုင်ငံတော်ဘဏ္ဍာ
ငွေများပြားစွာဆုံးမှု ဖြစ်ပေါ်နေရခြင်း မှာအိမ်မြေရောင်းဝယ်မှု့များအပေါ် မသမာသောနည်းလမ်းဖြင့်
အခွန်ကောက်ခံ နေခြင်းကြောင့်ဖြစ်ပေသည်။ အိမ်မြေ၀ယ်ယူသူတဦးအနေဖြင့် ဥပဒေအရ
ပေးဆောင်ရမည့် အခွန်နှုန်းထားမှာ ယခင် ၁၅% (အခွန် ၈%+ တံဆိပ်ခေါင်းခွန် ၇% ) ၊ ယခု ၃၇%
(အခွန် ၃၀% + တံဆိပ်ခေါင်းခွန် ၇%) ဖြစ်သော်လဲ မသမာမှု့များပြု လုပ်ခါ တံဆိပ်ခေါင်းခွန်
အပါအ၀င် ယခင်အခွန်အပြီးအစီး ၁၀% မှ၁၂% အတွင်း ၊ ယခု ၂၅% မှ ၂၇% အတွင်း
ရာခိုင်နှုန်းထားများဖြင့် မသမာမှု့ပြုလုပ်ခါ ညို့နှိုင်း ကောက်ယူကြခြင်းဖြစ်ပေသည်။
 - ဥပမာ- အိမ်မြေရောင်ဝယ်မှု့တခုသည် (သိန်းငါးထောင်ကျပ်) ဖြစ်သည်ဆိုပါစို့ ၊ ပထမအဆင့်အနေဖြင့်
တန်ဖိုး လျော့နည်း သတ်မှတ်ပေးရေးအတွက် တန်ဖိုးဖြတ်အဖွဲ့နှင့် ညို့နှိုင်းခါ အပေးအယူ
လုပ်ရမည်ဖြစ်ပေသည်။ တန်ဖိုးဖြတ်အဖွဲ့မှ (သိန်းသုံးထောင်ကျပ်) သတ်မှတ်ပေးသည် ဆိုပါစို့ ၊
ဒုတိယအဆင့်နေဖြင့် ငွေဖြူမရှိသူဝယ် ယူသူမှပေးဆောင်ရမည့်အခွန်မှာ-
 (၁) မူလတန်ဖိုး (သိန်ငါးထောင်ကျပ်) အပေါ်ဥပဒေအရ ၃၇% ဖြင့် (သိန်းပေါင်း
တစ်ထောင့်ရှစ်ရာငါးဆယ်ကျပ်) (၂)တန်ဖိုးဖြတ်အဖွဲ့ သတ်မှတ်တန်ဖိုး (သိန်းသုံးထောင်ကျပ်)အပေါ်၃၇%ဖြင်
(သိန်းတစ်ထောင့် တစ်ရာတစ်ဆယ် ကျပ်)
(၃) လုပ်ငန်းလက်ခံဝန်ထမ်းဖြင့် ညို့နိုင်းပြီး (သိန်းသုံးထောင်ကျပ်) အပေါ်အခွန်အပြီးအစီး ၂၇% (အခွန်
၂၀% +တံဆိပ်ခေါင်းခွန် ၇% ) ဖြင့် (သိန်းပေါင်းရှစ်ရာတစ်ဆယ်ကျပ် ) ဖြစ်ခါ ဖော်ပြပါငွေအား
လုပ်ငန်းလက်ခံ ၀န်ထမ်းထံ အရစ်ကျစနစ်ဖြင့် ပေးလိုက်ရုံပင်ဖြစ်ပေသည်။
 - လုပ်ငန်းလက်ခံဝန်ထမ်းသည် ဥပဒေအရ ၃၇%အပေါ်စာရွက်စာတမ်း အတုများဖန်တီးပြီး နည်းမျိုးစုံဖြင့်
တွက်ချက် ပါတော့သည်။ လက်ခံထားသော ၂၇% အပေါ် အကျိုးမြတ် လာဘ်ငွေများများပေါ်အောင်
ငွေဖြူစာရွက်အတုများ အားကြိမ်ဖန်များစွာ ပြန်လည်အသုံးပြုကြခြင်းဖြစ်ပါသည်။
တွက်ချက်မှု့အရအခွန်ငွေ ၁၇% ဖြစ်လျှင်လာဘ်ငွေ ၁၀% (သိန်သုံးရာကျပ်)၊ အခွန်ငွေ ၁၂%
ဖြစ်လျှင်လာဘ်ငွေ ၁၅% (သိန်းလေးရာငါးဆယ်ကျပ်)၊ အခွန်ငွေ ၇% ဖြစ်ပါကလာဘ်ငွေ ၂၀%
(သိန်းခြောက်ရာကျပ်) ဖြစ်ပါမည်။ အောက်ခြေမှတွက်ချက်တင်ပြမှု့များအား အထက်အဆင့်ဆင့်မှ
ရာခိုင်နှုန်းအချိုးကျ ရယူပြီးဆောင်ရွက်နေကြချင်းဖြစ်ပါသည်။
 ဖော်ပြပါဥပမာတွင် နိုင်ငံတော်အနေဖြင့် ရရှိမည့်အခွန်ငွေမှာ အနည်းဆုံး (သိန်းနှစ်ရာ့တစ်ဆယ်ကျပ်)
မှအများဆုံး (သိန်းငါးရာ့ တစ်ဆယ်ကျပ်) ပမာနအတွင်းသာဖြစ်ပြီး နိုင်ငံတော်အခွန်ငွေ
သိန်းပေါင်းမြောက်များစွာ ဆုံးရှူံးနေရသည်ကို အထင်အရှားတွေ့ မြင်ရမည်ဖြစ်ပါသည်။ -
ရန်ကုန်တိုင်းအတွင်းတွင် မရမ်းကုန်း၊ ဗဟန်း၊ ကမာရွတ်၊ လှိုင်၊ လသာ၊ တောင်ဥက္ကလာ၊ တာမွေ၊ စသည့်
နံမည်ကြီးအခွန်ရုံးများ၊ တိုင်းနှင့်ပြည်နယ်ရှိ မြို့ကြီးများမှ အခွန်ရုံးများ၊ ကုမ္မဏီရုံးမှ
အချို့ဝန်ထမ်းများသည် တန်ဖိုးကြီးအိမ်မြေကိစ္စရပ်များ၊ ပမာဏတန်ဖိုး အလွန်များပြားသော နိုင်ငံပိုင်မှ
ပုဂ္ဂုလိကပိုင်ပြုလုပ်သော ကိစ္စရပ်များနှင့် အမှု့တွဲပေါင်းများစွာအား ရာခိုင်နှုန်းစားဖြင့်
ညိုနှိုင်းလက်ခံပြီး နေပြည်တော်ဗဟို စီစစ်ရေးညွှန်ကြားရေးမှူးနှင့် အပေးအယူလုပ်ခါ
မသမာမှု့ပြုလုပ်နေကြခြင်းဖြစ်ပါသည်။
နိုင်ငံတော်ဘဏ္ဍာငွေများဖြင့် ဇနီး၊ မိဘ၊ ယောက်ခမ…….အမည်ခံကာ တန်ဖိုးကြီးကားဝယ်၊ မြေ၀ယ်၊
တိုက်ဆောက်၊ မယားငယ်ယူ တို့ဖြင့်ချမ်းသာပိုင် ဆိုင်မှု့များမှာ ရရှိလစာ၊ ရာထူးအဆင့်တို့အရပြောမယုံ
ပုံပြင်အဖြင့်သာ မှတ်ရမည်ဖြစ်ပါသည်။ -
သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအစိုးရ ဖြစ်စေရန်နှင့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာတွင် ရသင့်ရထိုက်သော ဘဏ္ဍာငွေအား ရာခိုင်နှုန်းစားနေသော အကျင့်ပျက် ၀န်ထမ်းများကို ဖော်ထုတ်အရေး
ယူချင်း၊ ကိုယ့်ကျိုးအတွံက်သူဌေးဖြစ် ရယူထားသောအခွန်ဘဏ္ဍာငွေ များအားနိုင်ငံတော်သို့ ပြန်လည်
ပေးသွင်းစေချင်းတို့ဖြင့် စံနမူနာပြ အရေးယူရန်အချိန်တန်ပြီ ဖြစ်ပါကြောင်းနိုင်ငံတော်အကျိုး
အတွက်ရေးသားတင်ပြလိုက်ရပါတော့သည်။
 အနှိမ်ခံ၊ အပယ်ခံ ၀န်ထမ်းများ
Sunday, June 16, 2013
ဟာသ
တစ်ခါကလို့ပဲဆိုကြပါတော့
  ပတခ မှဝန်ထမ်းနှင့် အခြားဌာနမှ ဝန်ထမ်း
တို့လမ်းမှာဆုံကြရာ အခြားဝန်ထမ်းမှ
  "ခင်ဗျားတို့ရုံးကဝန်ထမ်းတွေ small တွေ
ထားတာလည်း သိပ်မရှိပါလား"
   "ခင်ဗျားမသိလို့ပါ ကျွန်ပ်တို့ရုံးက အအေးဆုံး
လူက မျောက်တွေဆော့သလောက်ပဲရှိတာ"
Saturday, June 15, 2013
အောင်ယတြာ
၁။ပြောင်းဖူးအစိမ်းတစ်ဖူး
၂။သန့်ရှင်းသောပုဂံပြားတစ်ချပ်
    ပုဂံပြားပေါ်တွင် ပြောင်းဖူးကိုထည့်ပါ။
    သင်၏အလုပ်စားပွဲပေါ်တွင် တင်ထားပါ။
    သင့်၏ဖုန်းတွင်အသင့်သွင်းထားသော 
    "အောင်စေပိုင်စေ" သီချင်းကို ဖွင့်ပါ။
    ပြောင်းဖူးကိုခေါင်းပေါ်တင် အရှေ့
    အရပ်ကိုမျက်နှာမူပြီး "ပြောင်းဖူး-ပြုတ်ဖူး" 
    (၉) ခေါက် အသံကျယ်ကျယ်ရွက်ပါ။ 
    များအား မီးဖုတ်/ကြော်စား ရန် ပေးလိုက်ပါ။
    အကျိုးထူးလိမ့်မည်။
    (ပြောင်းဖူးအားပြုတ်စားပါက ဘေးတွေ့မည်)
    " ပ တခ ညွန်ချုပ်ကိုယ်တွေ့ သွားများမ
    ကောင်း ပုတ်စားသဖြင့် ပြုတ်သွားပါ
    ကြောင်း "
Tuesday, June 11, 2013
အခွန်ဌာနမှာ
အခွန်ဌာနမှာအလုပ်လုပ်ချင် လျှင်အောက်ပါအရည်အချင်းများနဲ့ပြည့်စုံရမည်။
              ၁။computerမ တောက်တ ခေါက်တတ် ရမည်။
             ၂။အထူးသဖြင့် အိုးကောင်း ရမည်။
             ၃။ရဲတင်းရမည်။ပညာတတ် ရန် မလို။ ဖင် ခါတတ် ရန် သာလိုသည်။
             ၄။ခေါ်ရင် လိုက် ရဲ ရမည်။အခွင့်သင့်ရင် ကျေးဇူးပြန်ဆပ် ရမည်။
ဖော် ပြပါအချက် များနဲ့ ပြည့်စုံ လျှင် အချိန် တိုတိုနဲ့ရာထူးတိုးပေးမည်။