များနှင့် တခြားဝန်ထမ်းများနေရာတွင် အစားထိုးခန့်အပ်မှုများကိုရက်ပိုင်းအတွင်း
ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း
ဒေသကြီး အစိုးရအဖွဲ့မှတာဝန်ရှိသူ
တစ်ဦး၏ပြောဆိုချက် အရ သိရသည်။ ယင်းနေရာတွင် အစားထိုး ခန့်အပ်မှုများပြုလုပ်ရာတွင် စစ်မှန်ပြီး အရည်အချင်း ရှိသည့်ဝန် ထမ်းများကို ခန့်အပ်သွားမည်ဖြစ်ပြီး၊ခန့်အပ်မည့်သူ
များ၏ နောက် ကြောင်းရာဇဝင်များနှင့်
အလုပ် လုပ်ဆောင်မှုအပိုင်းကိုပါ အလေး ထားကြည့်ရှုသွားမည်ဖြစ်ကြောင်း သိရ
သည်။ယင်းနှင့်ပတ်သက်၍ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိ
သူက ''ဘယ်သူတွေခန့်အပ် မယ်ဆိုတာ
ကတော့ နိုင်ငံတော် သမ္မတရုံးနဲ့တခြား
သက်ဆိုင်ရာ ဌာနလူကြီးတွေပဲ အဆုံးအဖြတ် ပေးသွားပါလိမ့်မယ်။ အတိအကျ မသိပါဘူး''ဟု ပြောသည်။ ယင်းသို့ ရာထူးမှ ဖယ်ရှားခံ ရခြင်းမှာ ပြည်တွင်းအခွန်များဦး စီးဌာနမှ အောက်ခြေဝန်ထမ်းများ ကတိုင်ကြား၍
ဖြစ်ကြောင်း သိရသည်။တရားလွှတ်တော်
ရှေ့နေတစ်ဦးက ''အောက်ခြေဝန်ထမ်း
တချို့ကစားစရာမရှိအောင်ဖြစ်နေပြီဆို တော့ မခံနိုင်တော့ဘူးလေ။ သူတို့သိထား
တာတွေ၊ အနိုင်ကျင့် ခံရတာတွေပြောပြီ
ပေါ့''ဟု ပြောသည်။ရာထူးမှဖယ်ရှားခံ
ရသည့် အထဲတွင် ရန်ကုန်နှင့် မန္တလေးမှ ဦးစီးမှူးများနှင့် မြို့နယ်လက် ထောက်ညွှန် ကြားရေး မှူးအဆင့် များပါဝင်ကြောင်းသိ
ရသည်။အစိုးရသစ်တက်လာပြီးနောက်
ပိုင်းတွင် ကလေးနှင့် တမူး ရဲစခန်းမှရဲ
အရာရှိကြီးများကိုလည်း လာဘ်ပေး
လာဘ်ယူမှုများနှင့် တ ခြားမသမာမှုများ
တွင် ပါဝင်ပတ်သက်သဖြင့် ရဲချုပ်ရုံးမှ အထူးအဖွဲ့က အရေးယူဆောင်ရွက်ခဲ့ သေးကြောင်းသိရသည်။
No comments:
Post a Comment