Thursday, December 5, 2013

မျိုးဆက်သစ်များ အတုမယူသင့်သည့် ဗိုလ်မှူး သမီး၊ ဗိုလ်မှူးကြီး သမီး နှင့် ဗိုလ်ချုပ်သမီး ၃ ဦး

လက်တလော အင်တာနက်ပေါ်တွင် ဗြောင်းဆန် သွားခဲ့တဲ့ အကြောင်းကတော့ ဗိုလ်မှူးစိုးမြင့် ရဲ့ သမီး စိုးမြတ်သူဇာ နဲ့ ဗိုလ်မှူးကြီး ကိုကိုရဲ့ သမီး နဝရတ် တို့ရဲ့သမီးတို့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ သတင်းတွေ ဖြစ်ပါတယ်။ အဖေက စစ်သားတွေဖြစ်တာကြောင့် ဝိုင်းဝန်းအပြစ်တင်မှုတွေ ဆက်တိုက်တွေ့လာရပါတယ်။ ဒါပေမယ့် သူတို့ ၂ ယောက်လိုပဲ စစ်သား သမီးဖြစ်ပြီး မူးယစ်ဆေးထက် သုံးစွဲတာထက် ဆိုးတဲ့ လူကိုတော့ အပြစ်တင်ဖို့ မေ့နေကြပါတယ်။ အဲဒါကတော့ စစ်ဗိုလ်ချုပ် အောင်ဆန်း ရဲ့ သမီး ရဲ့ အမျိုးမစောင့်တဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်းပါ။ 

ဗိုလ်မှူးသမီး စိုးမြတ်သူဇာနဲ့ ဗိုလ်မှူးကြီး သမီး နဝရက် တို့က မူးယစ်ဆေးနဲ့ တစ်ချိန်က ပတ်သက်ခဲ့ဖူးပေမယ့် သားသမီး တာဝန်ဝတ်တရားဖြစ်တဲ့ အမျိုးစောင့်ခြင်း တာဝန်ကိုတော့ ကျေပွန်ခဲ့ကြပါတယ်။ စစ်ဗိုလ်ချုပ် သမီး ဒေါ်စုကြည် ကတော့ နိုင်ငံခြားသားကို လက်ထက် ပေါင်းသင်းခဲ့ပါတယ်။ ဗိုလ်မှူး နဲ့ ဗိုလ်မှူးကြီး သမီးတို့ တစ်ချိန်က မှားခဲ့တာက အခုချိန်မှာ ပြင်လို့ ရသွားပြီ ဖြစ်ပေမယ့် စစ်ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီး ဒေါ်စုကြည် မှားခဲ့တာကတော့ တစ်သက်လုံးပြင်လို့မရအောင် မျိုးဆက်ပျက်ခဲ့ရပြီ ဖြစ်ပါတယ်။စိုးမြတ်သူဇာ နဲ့ နဝရတ်တို့ ၂ ယောက် မူးယစ်ဆေးဝါး သုံးတာက သူတို့ ဘဝ နဲ့ သူတို့ မိသားစုနဲ့ ပဲ ဆိုင်ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားသား ကို အိမ်ထောင်ပြုတာက သူ့မိသားစုကို ပြင်းပြင်းထန်ထန် ထိခိုက်ကာ မျိုးဆက်ပျက်သွားတဲ့အပြင် အမျိုးသားခေါင်းဆောင်ရဲ့ ပုံရိပ်၊ စစ်တပ်ရဲ့ ပုံရိပ် နဲ့ နိုင်ငံရဲ့ ပုံရိပ်တွေကို အများကြီး ပိုထိခိုက်စေခဲ့ပါတယ်။ ဗိုလ်မှုး နဲ့ ဗိုလ်မှုးကြီးဟာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ နှိုင်းယှဉ်လျှင် အများကြီး ကွာသလို အနုပညာသည် တွေကလည်း နောက်တစ်ဆက် သမ္မတလုပ်မယ့်လူနဲ့ နှိုင်းယှဉ်လျှင် အများကြီး ကွာလွန်းပါတယ်။ ဒါပေမယ့် သမ္မတလုပ်မယ့်လူရဲက အမှားက အနုပညာသည်တွေ အများထက် အဆပေါင်းများစွာ ပိုဆိုးလွန်းပါတယ်။ ဒါ့အပြင် ပြင်လို့ရတဲ့ အမှားကို ကျူးလွန်ခဲ့သူက သုံးယောက်ထဲမှာ အသက်အကြီးဆုံးသူ ဖြစ်နေပါတယ်။ တသက်လုံးပြင်မရတဲ့ အမှားကို မှားခဲ့တဲ့ သူကိုသာ သမ္မတတင်လိုက်ရင် တနိုင်ငံလုံး ဒုက္ခရောက်ကုန်မှာပါ။

 ၃ ဦးလုံးရဲ့ အမှားတွေကတော့ လူငယ်တွေ အတုမယူသင့်တဲ့ အမှားတွေဖြစ်ပါတယ်။ စိုးမြတ်သူဇာ နဲ့ နဝရတ် တို့လို မူးယစ်ဆေးနဲ့ ပတ်သက်တာကို လူငယ်တွေ အတုမယူသင့်သလို ဒေါ်အောင်ဆန်းစုကြည်လို့ မျိုးမစောင့်တာကိုလည်း လူငယ်တွေ အတုမယူသင့်ပါဘူး။ ဒါပေမယ့် စိုးမြတ်သူဇာနဲ့ နဝရတ်တို့ အမြင်မှန် ရသွားတာကိုတော့ အများကြီး အတုယူသင့်ပြီး ဘယ်တော့မှ ပြင်မရတော့တဲ့ ဒေါ်စုအမှားကိုတော့ သံဝေဂ ယူသင့်ပါတယ်။အနုပညာသမား ငရုတ်သီး တွေ စစ်တပ် ကြက်သွန်နဲ့ ပေါင်းပြီး အထောင်းခံရသလိုပဲ အခုလောလောဆယ် စစ်တပ် ကြက်သွန်နဲ့ အတင်းပေါင်းဖို့ ကြိုးစားနေတဲ့ ငရုတ်သီးမ ဒေါ်အောင်ဆန်း စုကြည်ကိုတော့ ထောင်းဖို့ မေ့နေကြပြန်ပါတယ်။ လူတိုင်းဟာ မှားဖူးပေမယ့် ပြင်လို့ရတဲ့ အမှားကို မှားတာက တသက်လုံးပြင်မရတဲ့ အမှားကို မှားခဲ့တဲ့လူထက်စာရင် အများကြီးကောင်းပါသေးတယ်။ 

Tuesday, November 26, 2013

ကဲ တွေ့ပြီလား

ယနေ့ မြန်မာစစ်တပ်အတွက် ရင်နင့်စရာ ဖြစ်ရပ်တစ်ခု

လက်ရှိမြန်မာ့တပ်မတော်မှာ တစိမ့်စိမ့်တွေးလေ၊ ရင်နင့်စရာကောင်းလေဖြစ်နေတဲ့ ဖြစ်ရပ်တစ်ခု ရှိပါတယ်။ ဗြိတိန်ဘုရင်မကြီးရဲ့မြေး ဝီလီယံဟာ ဗြိတိန်တပ်မတော်မှာ စစ်မှုထမ်းပြီးဖြစ်ပါတယ်။ ထိုင်း ဘုရင့်သားဟာလည်း ထိုင်းတပ်မတော်မှာ တာဝန်ထမ်းဆောင်ပြီးဖြစ်ပါတယ်။ KNLA စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ် တာမလာဘောရဲ့ သမီးဖြစ်သူ နော်စီဖိုးရာစိန် ဟာလည်း KNU မှာ ဒုဥက္ကဌအဖြစ် တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေပါတယ်။ ဒေသတွင်းနိုင်ငံများဖြစ်တဲ့ မြောက်ကိုရီးယား၊ ဗီယက်နမ်၊ တရုတ် သာမက အနောက်နိုင်ငံများမှ အမျိုးသားခေါင်းဆောင်များရဲ့မျိုးဆက်များဟာ ၎င်းတို့နိုင်ငံရဲ့ တပ်မတော် အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြပါတယ်။ မြန်မာနိုင်ငံမှာတော့ မြန်မာ့အမျိုးသားခေါင်းဆောင် လည်းဖြစ်၊ တပ်မတော်ကို တည်ထောင်ခဲ့သူလည်းဖြစ်၊ မြန်မာ့လွတ်လပ်ရေး ဗိသုကာလည်းဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့မျိုးဆက်တွေ မြန်မာ့တပ်မတော်မှာ တာဝန်ထမ်းဆောင်ခြင်း လုံးဝမရှိခြင်းဟာ ဝမ်းနည်းစရာ ကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါ။

မေမြို့ စစ်တက္ကသိုလ်မှာ အောင်ဆန်းခန်းမ၊ အောင်ဆန်းကြေးရုပ်တွေရှိပေမယ့် အောင်ဆန်းရဲ့ မျိုးဆက်တွေကတော့ အဲဒီခန်းမထဲကို ဝင်ခွင့်မရှိကြပါဘူး။ ကာချုပ်ကစပြီး ဗိုလ်ချုပ်အားလုံးက ရုံးခန်း တွေမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံတွေကို တပ်မတော်ရဲ့ ဖခင်တစ်ဦးအဖြစ် အခန်းထဲဝင်တိုင်း လက်တင်အလေးပြုနေပေမယ့် ဗိုလ်ချုပ် မျိုးဆက်တွေက မလုပ်နိုင်ကြပါဘူး။
နိုဝင်ဘာလ ၁၈ ရက်နေ့က နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ လက်ပံခါးလှမှာ ဗိုလ်ချုပ်အောင်ဆန်း ရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်မှ တပ်မတော်အင်အားတောင့်တင်းစေရန် တိုင်းပြည်က အင်အားတောင့် တင်းဖို့လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့ကလည်း ပြည်ထောင်စုတပ်မတော် ထူထောင်ရေးကို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ ဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင် ခဲ့တဲ့ တပ်မတော်ကို သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ထိန်းချုပ်ချင်ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြေးတွေကတော့ တပ်မတော်အင်အားတောင့်တင်းရေးမှာလည်း အကျိုးမပြုနိုင်၊ ပြည်ထောင်စုတပ်မတော် တည်ထောင်ရေးမှာလည်းမပါဝင်နိုင် ဖြစ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းသော တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့တပ်မတော်ကို ၎င်းရဲ့ မြေးအရင်း ၂ ဦး ဝင်ရောက်ခွင့်မရခြင်းမှာ နှမြောစရာဖြစ်ပါတယ်။  

ဗိုလ်ချုပ်အောင်ဆန်း၏ အဘိုးဖြစ်သူ ဗိုလ်မင်းရောင်မှာ မျိုးချစ်စိတ်အလွန်ပြင်းထန်သူဖြစ်ပြီး အင်္ဂလိပ်နယ်ချဲ့တို့ကို ရရာ လက်နက်ဖြင့် တော်လှန်တိုက်ခိုက်ခဲ့သူဖြစ်ပါတယ်။ အဖမ်းခံခဲ့ရချိန်မှာ ဗိုလ်မင်းရောင်ကို အင်္ဂလိပ်တို့ကျွန်အဖြစ် သစ္စာခံရန် ကမ်းလှမ်းခဲ့ပေမယ့် ဗိုလ်မင်းရောင်က “ငါဟာ တိုင်းပြည်နဲ့လူမျိုးအပေါ် ဘယ်တော့မှ သစ္စာမဖောက်ဘူး၊ မင်းတို့ပေးတဲ့ရာထူးကို ငါ မလိုချင်ဘူး၊ မင်းတို့ ငါ့ကိုသတ်လိုက် ခုချက်ချင်းပင် သတ်ပါ” လို့ ပြောဆိုခဲ့တာကြောင့် အင်္ဂလိပ်များက ဗိုလ်မင်းရောင်ကို  ၁၈၈၇ ခု၊ ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၄ နာရီမှာ ခေါင်းဖြတ် သတ်ပစ်လိုက်တာပါ။ ဒါ့အပြင် ဦးမင်းရောင်ရဲ့ ဦးခေါင်းပြတ်ကို နတ်မောက်မြို့ သိမ်တော် ကျောင်းတိုက်၏ တောင်ဘက် ကန်ဘောင်ရိုးရှိ ထနောင်းပင်တွင် ဆွဲထားပြီး လူအများကို ပြသခဲ့ပါသေးတယ်။ 


အဘိုးဗိုလ်မင်းရောင်ရဲ့ သွေးပါတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ အင်္ဂလိပ်နယ်ချဲ့တို့ကို တိုက်ထုတ်ရန် မြန်မာ့တပ်မတော်ကို စတင်တည်ထောင်ခဲ့ပါတယ်။ မြေးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းက အဘိုး ဗိုလ်မင်းရောင်ရဲ့ အမွေကို ဆက်ခံနိုင်ခဲ့ပေမယ့်  မြေးဖြစ်သူ အလက်စန္ဒားအဲရစ်နဲ့ ကင်မ်အဲရစ်တို့ကတော့ အဘိုး ဗိုလ်အောင်ဆန်း ရဲ့ အမွေကို မဆက်ခံနိုင်ကြပါဘူး။ အဘိုးအရင်းဖြစ်သူက တပ်မတော်ရဲ့ ဖခင်ဖြစ်ခဲ့သော်လည်း မြေးအရင်းများမှာ တပ်မတော်နားသို့ မကပ်သည့်အပြင် မြန်မာစကားလည်း မပြောတတ်၊ မြန်မာစာလည်းမဖတ်တတ်ဖြစ်တာကြောင့် နိုင်ငံ တည်ထောင်ရေးလုပ်ငန်းများတွင်လည်း မပါဝင်နိုင်ကြပါ။ 


နိုင်ငံခြားသားများက လက်ရှိတပ်မတော် တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးဆက်တွေ တပ်ထဲမှာဘယ်အဆင့်ထိ ဘယ်နှယောက်ဝင်ခဲ့ကြသလဲလို့မေးရင် ဖြေစရာမေးခွန်းမရှိပါ။ အခြားနိုင်ငံ တပ်မတော်များမှာ ၎င်းတို့နိုင်ငံရဲ့ တပ်မတော်ကို တည်ထောင်ခဲ့သည့် တပ်မတော်ဖခင်ကြီးများ၏ မျိုးဆက် များတာဝန် ထမ်းဆောင်လျက်ရှိသော်လည်း မြန်မာ့တပ်မတော်ကို စတင်တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်းမရှိတော့တဲ့နောက် တပ်မတော်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးဆက်လည်း တစ်ယောက်မှမရှိ သည်မှာ မြန်မာစစ်တပ်အတွက် ဂုဏ်ငယ်စရာဖြစ်ပါတယ်။ 

Thursday, November 21, 2013

မင်္ဂလာနဲ့အိမ်ထောင်

                                                              "ထောင် ဆိုတာ တာဝန်မဲ့သူ၊ ဥပဒေချိုးဖောက် သူတို့ကျရောက်ရတဲ့ လွတ်လပ် ပျှော်ရွှင်မှု အားလုံး ဆိတ်သုဉ်းရာ အကျဉ်းစခန်းကြီးဖြစ်သလို " အိမ်ထောင်" ဆိုတာလဲ" …ကဲ " မင်္ဂလာဆောင်တယ် " ဆိုတာနဲ့ ပတ်သက်လို့ နည်းနည်းပြောကြဦးစို့။
မင်္ဂလာ ဆိုတာ ကြီးပွါးချမ်းသာချင်းရဲ့ အကြောင်းအရာကိုခေါ်တာ။ " ကြီးပွား ချမ်းသာ၊ ကြောင်းများစွာ၊ မင်္ဂလာဟုခေါ်" ဆိုတဲ့ လင်္ကာအတိုင်းပေါ့။ မြတ်စွာဘုရား ဟောတော်မူတဲ့ မင်္ဂလာ အတိုင်းပေါ့၊
မြတ်စွာဘုရား ဟောတော်မူတဲ့ မင်္ဂလာတရားက(၃၈)ပါးတောင် ရှိပါတယ်။ မိတ်ကောင်း ဆွေကောင်းနဲ့ ပေါင်းသင်း ဆက်ဆံတာကစပြီး နိဗ္ဗာန်ရောက်တဲ့ အထိပါပဲ၊ ဒါပေမဲ့ မြန်မာစကားမှာ ပုတ္တဒါရသင်္ဂဟ မင်္ဂလာရဲ့ ရှေပြေးဖြစ်တဲ့ ခုလို ထိမ်းမြား လက်ထပ်ပွဲ ကိုမှ " မင်္ဂလာ ဆောင်တယ်" လို့ ထင်ထင်ရှားရှား ပြောဆိုသုံးစွဲကြတာကတော့ မိဘတို့ရဲ့ ဆန္ဒကို သိစေချင်တဲ့ ပုဗ္ဗနိမိတ်ပြ စကားအဖြစ်နဲ့ သုံးစွဲ တယ်လို့ဆိုရမလားဘဲ။


မြတ်စွာဘုရားဟောတော်မူတဲ့ "မင်္ဂလာ"ဆိုတာတွေကို သေသေချာချာ လေ့လာ ကြည့်လိုက်ရင် လိုက်နာကျင့်ကြံရမယ့် "တာဝန်" တွေဆိုတာ တွေ့ရတယ်။ ဒါကြောင့်
"မင်္ဂလာ" ဆိုတာ " လူတာဝန်" လို့ ခံယူရမယ့် လုပ်ဆောင်စရာ လိုက်နာစရာတွေကို ပြော နေတာပါ။
မြန်မာစကားမှာ " ကောင်းကျိုးချမ်းသာ ကျက်သရေ မင်္ဂလာ " လို့ အကျိုးနဲ့ အကြောင်း ကို အတွဲလိုက် ပြောဆိုလေ့ရှိပါတယ်။ အကြောင်းနဲ့ အကျိုးကို ခွဲခြားဆက်စပ် ကြည့်လိုက် မယ်ဆိုရင် " တာဝန်ကျေရင် ကျက်သရေ မင်္ဂလာရှိမယ်၊ ကျက်သရေ မင်္ဂလာရှိရင် ကောင်း ကျိုးချမ်းသာပြည့်စုံမယ်" လို့ ဆိုလိုရင်ဖြစ်ပါတယ်။

ဒီစကားတွဲရဲ့ ဆန့်ကျင်ဘက် အဖြစ်နဲ့ တာဝန်မဲ့ခဲ့ရင် ကျက်သရေ မင်္ဂလာမဲ့မယ်၊ ကျက်သရေမင်္ဂလာ မဲ့ရင် ကောင်းကျိုးချမ်းသာလည်း မဲ့လိမ့်မယ် ဆိုတဲ့ အဓိပ္ပါယ် ကိုလည်း နားလည်ရပါလိမ့်မယ်။ ဒါက မင်္ဂလာရဲ့ သဘော အဓိပ္ပါယ်ပါ။

"ဆောင်တယ်"ဆိုတာကတော့ သယ်တာ ယူတာပါပဲ၊ တာဝန်တွေ ပိုပြီးဆောင်ယူမယ် လို့ ဆိုလိုပါတယ်။ ဥပမာ အခု ဇနီးမောင်နှံတို့ ဘ၀ကို ပြန်ကြည့်ကြည့်ပါ။ ထိမ်းမြားလက်ထပ် မပြုခင်က မိဘအိမ်မှာ ကိုယ်က သားသမီး တာဝန်ပဲရှိတယ်။ မိဘဆိုတာ လက်ဦးဆရာဖြစ်လို့ ကိုယ်က တပည့်တာဝန်ပဲရှိတယ်။ မိဘက ဦးစီးနာယက ဖြစ်လို့ ကိုယ်က နောက်လိုက် တာဝန်ပဲရှိတယ်။ အဲဒီလို တာဝန် တစ်ဝက်တစ်ခြမ်းပဲရှိခဲ့တာ။ အခု ကိုယ်က မိဘနေရာ၊ လက်ဦး ဆရာနေရာ၊ ဦးစီးခေါင်းဆောင်နေရာကို ယူလိုက်ပြီဆိုတော့ တစ်ဖက်မှာ ကိုယ့်ရဲ့ မိဘ ကလည်းရှိလေတော့ သားသမီးတာဝန်၊ တပည့်တာဝန်၊ နောက်လိုက်တာဝန်လည်း ရှိနေတုန်း၊ ကိုယ်ကိုယ်တိုင် မိဘတာဝန်၊ လက်ဥိးဆရာတာဝန်၊ ဦးစီးနာယက တာဝန်ကိုပါ ယူရတော့ မယ်။ အဲဒီလို တာဝန်တွေ ပိုပြီးဆောင်ယူတာပါ။ ဒါက တစ်ယောက်ချင်စီ အနေနဲ့ပြောတာ။ နှစ်ယောက်ပေါင်းအနေနဲ့ ကြည့်မယ်ဆိုရင် မိမိတို့မှာ မူလက တဖက် တစ်မိဘစီဘဲ ရှိခဲ့ကြ တာ။ ခုတော့ ဇနီးမောင်နှံ အချင်းချင်းက နှစ်ကိုယ်တစ်စိတ်အဖြစ် လက်တွဲပေါင်းစပ်ခဲ့ကြပြီ ဖြစ်လို့ မိဘဆွေမျိုးများကိုလည်း နှစ်မိဘ၊ တစ်မိဘ၊ နှစ်ဆွေမျိုးကို တစ်ဆွေမျိုးတည်း အဖြစ်လည်း ခံယူကြရမှာပဲ။ ဒါကြောင့် မာတာပိတုဥပဋ္ဌာနမင်္ဂလာ၊ ဉာတကသင်္ဂဟ မင်္ဂလာ တို့လည်း တစ်ဆတိုးပြီး ဆောင်ယူလိုက်ကြတဲ့ သဘောဖြစ်လာလို့ မင်္ဂလာတွေ ပိုပြီးယူတယ်။ ဆောင်တယ်ဆိုတဲ့ နိမိတ်ကောင်းယူပြီး "ထိမ်းမြား လက်ထပ်ခြင်း"ကို "မင်္ဂလာ ဆောင်တယ်" လို့ ကင်ပွန်းတပ် ပြောဆိုကြတာ ဖြစ်မယ်ထင်ပါတယ်။ မိဘဆွေမျိုးတို့ရဲ့ ဆန္ဒ ကလည်း ဒီလိုပဲ ရှိကြမှာပါ။

တစ်ကိုယ်ရေ တစ်ကာယသမားတွေမှာ ခုလိုမင်္ဂလာတွေ အစုံလိုက် အပြည့်အ၀ မရှိဘဲ တစ်ဝက်တစ်ခြမ်းပဲ ရှိကြလို့များ အစကပြောခဲ့တဲ့ ကဗျာဆရာက " လူလားမမြောက်သေး"လို့ ခနဲ့လိုက်သလားပဲ။

ဒီလိုပြောလိုက်လို့ ဟိုနောက်နားက လူလားမမြောက်ကြသေးသူတွေ အားမငယ်ကြနဲ့။ တို့အတွက် အလွန် အားတက်စရာကောင်းတဲ့ ကဗျာလေးတစ်ပုဒ်လည်း ဖတ်လိုက်ရဖူးတယ်။
ကဗျာက……..
" ငါအိပ်တယ်၊
ငါနိုးတယ်။
နံဘေးမှာ ကြည့်
ဘာမျှ မရှိ
သြော်. . ကျယ်ဝန်းလိုက်ပါဘိ" တဲ့။
သားမယား ကျွေးမွေးစောင့်ရှောက်မှု ကြောင့်ကြစရာ ပူပန်စရာ အရှုတ်အထွေး ကင်းတဲ့ အတွက် တစ်ယောက်ထည်း အိပ်စရာ ကျောတစ်ခင်းစာလောက် နေရာကလေးရှိလည်း ကျယ် ၀န်းနေတာပဲလို့ ဆိုချင်ပုံရပါတယ်။ မြတ်စွာဘုရား ဟောတော်မူတဲ့ " အဗ္ဘောကာသော ပဗ္ဗဇ္ဇာ ဘ၀၀ဋ်ဘောင် အလွတ်ရှောင် သူတို့ရဲ့ ဘ၀ဟာ လွင်တီးခေါင်လို ကျယ်ဝန်းတယ်" ဆိုတဲ့ စကားနဲ့ ကိုက်ညီလို့ တစ်ကိုယ်တည်း သမားတွေအနေနဲ့ အိပ်ရာကနိုးတိုင်း ဥဒါန်းသဘောမျိုး ကျူးရင့်နေဖို့ကောင်းတယ်။ ရသေ့စိတ်ဖြေလို့ ပြောချင်လည်း ပြေကြပါစေပေါ့။

အဲ လူလားမြောက်ပြီးဖြစ်တဲ့ ဇနီးမောင်နှံတို့ကတော့ ရာသက်ပန် ခိုင်မြဲရေးမှာ အချင်း ချင်းယုံကြည် စိတ်ချမှုဟာ အဓိကဖြစ်တဲ့ အတွက် အချင်းချင်း ယုံကြည်လောက်တဲ့ ကိုယ် ကျင့်တရားကို အခိုင်အမာ စောင့်စည်း တည်ဆောက်ကြပြီး ထမ်းဆောင်ရမယ့် မင်္ဂလာ တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နိုင်ကြတဲ့" မင်္ဂလာဆောင်သူ" စစ်စစ်များဖြစ် အောင် ကြိုးစားကြပေရော့။ ဒီလို မဟုတ်ရင်တော့ မင်္ဂလာဆောင်ကြသူတွေ မဖြစ်ဘဲ အိမ်ထောင် ကျသူတွေပဲ ဖြစ်သွားလိမ့်မယ်။

"ထောင်" ဆိုတာ တာဝန်မဲ့သူ၊ စည်းကမ်းဥပဒေ ချိုးဖောက်သူတွေ ကျရောက်ရမယ့် လွတ်လမ်းပျှော်ရွှင်မှု အားလုံး ဆိတ်သုဉ်းရာ အကျဉ်းစခန်းကြီးဖြစ်တယ်ဆိုတာ အားလုံး သိပြီး သားပဲ။ "အိမ်ထောင်" ဆိုတာလည်း မိသားစုတာဝန် ပျက်ကွက်သူ၊ ကိုယ်ကျင့်တရား ချိုး ဖောက်သူတွေ ကျရောက်နေရတဲ့ လွတ်လပ်ပျှော်ရွှင်မှုတို့ ဆိတ်သုဉ်းရာ နေရာကိုခေါ်တာပါ။ ကိုယ့်ကျင့်တရား ခိုင်မာသူ၊ တာဝန်ကျေသူတို့အတွက်တော့ ကောင်းကျိုး ချမ်းသာ ကျက် သရေ မင်္ဂလာ အတိပြီးတဲ့ ပျှော်ရွှင်စရာ သိရီဂေဟာကြီး ဖြစ်ကြမှာပါ။

ဒီလို အခိုင်အမာ ယုံကြည်လက်ခံကြပြီး မင်္ဂလာတွေ မပြတ်ဆောင်နိုင်ကြတဲ့ ဇနီးမောင် နှံများ ဖြစ်နိုင်ကြပါစေ။
ကဲ ပြည့်စုံလောက်ပါပြီ။

Thursday, October 10, 2013

အခြေခံဥပဒေ သုံးသပ်ရေး ဦးရွှေမန်း ကြုံရမယ့် အဓိက ပြဿဿနာ

အခုဆိုရင် ပြည်ထောင်စု လွှတ်တော်
ကနေ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးသပ်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းထားပါပြီ။ ဖွဲ့စည်းထားပုံက
လွှတ်တော်အသေးစား ပုံစံမျိုးပါ။ ကြံ့ခိုင်ရေးပါတီဝင်တွေက အများစု၊ တပ်မတော်သား ၂၅ ယောက်၊ ကျန်တာ အချိုးကျ၊ စုစုပေါင်း ၁၀၉ ယောက် ဖြစ်ပါတယ်။ အခု အသေးစိတ် ထပ်ပြီး ဖွဲ့စည်းမှုမှာ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး အားလုံးကလည်း ကြံ့ခိုင်ရေးပါတီကချည်းပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကော်မတီ ဥက္ကဋ္ဌဟာ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌဦးနန္ဒကျော်စွာ 
ဆိုပေမယ့် သူရဦးရွှေမန်းရဲ့အရိပ်
လွမ်းမိုးမှုက အဓိကဖြစ်တယ်လို့ယူဆ
ကြပါတယ်။ ဖွဲ့စည်းပုံ သုံးသပ်ရေး၊ နောက်တဆင့်ဆိုရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး သူရဦးရွှေမန်းမှာ ဘာစိန်ခေါ်မှုတွေ ရှိနေမလဲ၊ အဲဒီအထဲကမှ အဓိက အကျဆုံး ပြဿနာဟာ ဘာဖြစ်မလဲဆိုတာ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ သုံးသပ်ရေးနဲ့ ပတ်သက်ပြီး ပထမဦးဆုံး စိန်ခေါ်မှုက တိုင်းရင်းသား
အရေးပါ။ လက်ရှိ တိုင်းရင်းသားတွေဟာ တိုင်းပြည်ကို ဖက်ဒရယ်ပြည်ထောင်စုပုံစံ ဖွဲ့စည်းဖို့တောင်းဆိုထားပြီးဖွဲ့စည်းပုံကို
လည်း ဖက်ဒရယ်ပြည်ထောင်စုပုံစံ
ဖြစ်အောင် ပြင်ဆင်ဖို့ လိုလားနေပါ
ယ်။ တချို့ကတော့ ဖွဲ့စည်းပုံအသစ် ပြန်ရေးဆွဲဖို့တောင် တောင်းဆို
နေကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သူရဦးရွှေမန်းက သူ့သဘောထားကို ခုလို ထုတ်ဖော်ပြောဆိုဖူးပါတယ်။ လက်ရှိ ဖွဲ့စည်းပုံထဲမှာ ဖက်ဒရယ် သဘောတရား
တွေ ပါနေသလား၊ ပါနေပါလျက်နဲ့ ပြည်နယ်တွေက အခွင့်အရေး မရတာလား၊ မရဘူးဆိုရင် ရအောင် လွှတ်တော်ကနေ လုပ်ပေးရမယ် ဆိုတဲ့ သဘောထားဖြစ်ပါတယ်။ လက်ရှိ ဖွဲ့စည်းပုံကို တိုင်းရင်းသားတွေ လိုလားနေတဲ့ ဖက်ဒရယ်ပုံစံ ပြင်ဆင်ဖို့ ပြတ်ပြတ်သားသား ဆန္ဒရှိပုံမပြသပါဘူး။

ဒုတိယ စိန်ခေါ်မှုကတော့ စစ်တပ်နဲ့ ပတ်သက်တဲ့ အချက်တွေပါ။ ဖွဲ့စည်းပုံထဲမှာ တပ်မတော်ဟာ နိုင်ငံရေးဦးဆောင်အခန်းကဏ္ဍမှာ ပါဝင်ရမယ်ဆိုတဲ့ အချက်၊ အဆင့်ဆင့်သော လွှတ်တော်တွေမှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်ရမယ် ဆိုတဲ့အချက်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီးတွေကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကပဲ ခန့်အပ်ရမယ် ဆိုတဲ့ အချက်၊ တပ်မတော်နဲ့ ကာကွယ်ရေး ဦးစီးချုပ်ဟာ ဘယ်သူ့လက်အောက်မှာမှ ရှိမနေတဲ့အချက် စတာတွေနဲ့ ပတ်သက်ပြီး အတိုက်အခံ နဲ့ ဒီမိုကရေစီ လိုလားသူတွေက ဝေဖန်နေကြပါတယ်။ သူရဦးရွှေမန်းကတော့ ဒီအချက်တွေနဲ့ ပတ်သက်ရင် စစ်တပ်ဘက်က မပြင်ဆင်လိုသေးသမျှ ဘာကိုမှ သုံးသပ်မယ့်ပုံတော့ မရှိပါဘူး။

တတိယ စိန်ခေါ်မှုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်နိုင်အောင် တားဆီးထားတဲ့ သမ္မတအတွက် သတ်မှတ်ထားတဲ့ အရည်အချင်းဆိုင်ရာ ကန့်သတ်ချက် ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ကတော့ သူရဦးရွှေမန်းရော၊ ကြံ့ခိုင်ရေး ပါတီကပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေနဲ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ လွှတ်တော် တခုချင်းစီမှာ အများစု အနိုင်မရအောင်၊ တနည်းပြောရရင် ဒုသမ္မတ တယောက်မှ ရွေးချယ်မခံရအောင် နည်းနာမျိုးစုံသုံးပြီး အကောင်အထည် ဖော်သွားမယ်လို့ သန္နိဋ္ဌာန် ချထားပြီးသားဆိုရင် အဲဒီအချက်တွေကို ပြင်ဆင်ပေးလိုက်ရင်လည်း ဘာပြဿနာမှ မရှိနိုင်ပါဘူး။ ဒါကြောင့် နိုင်ငံတကာ အမြင်ကောင်းအောင် ပြင်ပေးဖို့ သုံးသပ် အကြံပြုနိုင်ပါတယ်။

ဒီအထဲမှာ စိတ်ဝင်စားဖို့ အကောင်းဆုံး ပြဿနာကတော့ လက်ရှိ သမ္မတ ရဲ့ အခွင့်အာဏာကို ဇောင်းပေးရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို သမ္မတ အာဏာ လျော့ကျအောင် လုပ်မလား၊ မလုပ်ဘူးလား ဆိုတဲ့ စိန်ခေါ်မှုပဲဖြစ်ပါတယ်။ တကယ်တော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ဦးဆောင်ရေးဆွဲခဲ့သူတွေဟာ သမ္မတကို လုပ်ပိုင်ခွင့် ကြီးမားအောင် ရေးဆွဲထားခဲ့တာ ဖြစ်ပါတယ်။ သူတို့အဆိုအရ အသွင်ကူးပြောင်းတဲ့ တိုင်းပြည်အတွက် သမ္မတ ရဲ့ လုပ်ပိုင်ခွင့် အများကြီးလိုအပ်တယ်။ ဒါမှ တိုင်းပြည်ကို ရှေ့ရောက်အောင် တွန်းတင်နိုင်မယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် ကုန်ခဲ့တဲ့ ၂ နှစ်ခွဲတာ ကာလအတွင်း သူရဦးရွှေမန်း တောက်လျှောက် လုပ်ခဲ့တာကတော့ ဖွဲ့စည်းပုံပါ သမ္မတ လုပ်ပိုင်ခွင့် လျော့နည်းလာအောင်နဲ့ လွှတ်တော် ဥက္ကဋ္ဌ နှစ်ယောက် ဩဇာအာဏာ ပိုရှိလာအောင် လုပ်ခဲ့တာတွေချည်းပါပဲ။ တချို့ကိစ္စတွေဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်တွေကို ချိုးဖောက်ပြီး လုပ်ခဲ့တဲ့ သာဓကတွေတောင် အများအပြား ရှိပါတယ်။ ဥပမာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံး ဥက္ကဋ္ဌ ရွေးချယ်ရေး ကိစ္စ၊ နောက်ထပ် ပြဋ္ဌာန်းလိုက်တဲ့ ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်တိုင်းအဆင့် လွှတ်တော်ဥပဒေတွေကိစ္စ စတာတွေမှာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိအခြေအနေ သူရဦးရွှေမန်းကိုယ်တိုင် သမ္မတ လုပ်မယ်လို့ တရားဝင် ထုတ်ပြောထားပြီး ဖြစ်သလို လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအပြီး သမ္မတ ဖြစ်လာအောင် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေပြီလည်း ဖြစ်ပါတယ်။ ဒီအခါ သူရည်မှန်းသလို တကယ်သမ္မတ ဖြစ်လာခဲ့ရင် သူပြင်ထားတဲ့ ဖွဲ့စည်းပုံအရ ဩဇာအာဏာ လျော့နည်းနေတဲ့ သမ္မတ အဖြစ် သူကိုယ်တိုင် ကျရောက်သွားမယ့် အခြေအနေလည်း လိုလားမှာ မဟုတ်ပါဘူး။ ဒါကိုလည်း သူမြင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံကို ပြန်လည်သုံးသပ်တဲ့အခါ သူရ ဦးရွှေမန်းအနေနဲ့ လက်ရှိ သမ္မတ လုပ်ပိုင်ခွင့်တွေ လျော့နည်းသွားပြီး လွှတ်တော်ဥက္ကဋ္ဌနဲ့ အမတ်တွေ လုပ်ပိုင်ခွင့် အာဏာ ပိုရှိလာစေအောင် လုပ်နေတဲ့အတိုင်း ဆက်သွားမလား၊ ဒါမှမဟုတ် လက်ရှိ မပြင်ရသေးတဲ့ ဖွဲ့စည်းပုံပါအတိုင်း ဩဇာအာဏာကြီးတဲ့ သမ္မတ အဖြစ်ကို ရယူဖို့ နဂိုအတိုင်းထားဖို့ သုံးသပ်မလား ဆိုတာကတော့ စိတ်ဝင်စားဖို့ အကောင်းဆုံး ပြဿနာတခု ဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်။

Friday, September 20, 2013

အာဏာတည်ပြီးသော အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ရှင်သန်လာဖို့ လို

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ အာဏာတည်သည်ဟု စက်တင်ဘာ ၁၇ရက်က သမ္မတဦးသိန်းစိန်က သတ်မှတ်ခဲ့ပြီးနောက် ထိုဥပဒေကို ရှင်သန်လာစေရန် လုပ်ဆောင်ဖို့ လိုအပ်သည်ဟု အမျိုးသား လွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က မဇ္ဈိမကို ပြောသည်။ 
“ဒီဥပဒေရှင်သန်ဖို့ အများကြီး ဆက်လုပ်ဖို့ လိုတော့လိုသေးတယ်။ ဥပဒေကြီးထွက်ပြီး မရှင်သန်မှာတော့ စိုးရိမ်တာပေါ့” ဟု ဦးအောင်ကြည်ညွန့်က ပြောသည်။

ထိုဥပဒေအား ပြည်ထောင်စုလွှတ်တော်က သြဂုတ်လ ၈ ရက်က ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ ထိုသို့ပြဋ္ဌာန်းပြီး တစ်လနှင့် တစ်ဆယ်ရက်အကြာတွင် သမ္မတက အာဏာတည်ကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ် သည်။

ယခုကဲ့သို့ အဂတိလိုက်စားမှုများအား အရေးယူဆောင်ရွက်ရန် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်သော်လည်း မြန်မာနိုင်ငံမှ ၀န်ထမ်းများအား အဂတိလိုက်စားမှု မရှိစေရန်မူ အစိုးရ၏အထောက်အပံ့များ လိုအပ်နေသေးသည်ဟု ဦးအောင်ကြည်ညွန့်က ဝေဖန်သည်။

“ဗမာပြည်မှာရှိတဲ့ ၀န်ထမ်းအားလုံးက လစာကိုသာရပြီး အထောက်အပံ့မရှိဘူး။ ဥပမာ နယ်ပြောင်းရတဲ့ ဆရာဝန်တွေ ဆို အစိုးရကစီစဉ်မပေးလို့ အိမ်ငှားနေရတာမျိုးတွေရှိတယ်။ အဲတော့ ရတဲ့လစာက အိမ်လခပဲ ဖြစ်နေတယ်။ ၀န်ထမ်းတွေကို လစာတိုးပေးတယ်ဆိုတာထက် လစာပေါ်မှာ အခြေမခံဘဲ လိုအပ်တဲ့ အဆောင်အယောင်တွေ ကျန်းမာရေး၊ ပညာရေး စတာတွေ ဖြည့်ဆည်းပေးဖို့ လိုတာပေါ့”ဟု ဦးအောင် ကြည်ညွန့်က ပြောသည်။

အဂတိလိုက်စားမှုလျော့နည်းရန် ၀န်ထမ်းများအား အတွေးအခေါ်များကို ပြောင်းလဲဖို့လိုအပ်သလို ပညာပေးမှုများ၊ အဂတိ လိုက်စားမှုများအား စောင့်ကြည့်အရေးယူရန် ကော်မတီများဖွဲ့၍ ဆောင်ရွက်ရန်လည်း လိုအပ်သည်ဟု ၎င်းက ပြောသည်။

ယခုနှစ် ဇန်န၀ါရီ ၈ ရက်ကလည်း အစိုးရက ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးစီးသည့် လာဘ်ပေး လာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့သေးသည်။

လာဘ်ပေးလာဘ်ယူမှုသည် ယခင်က အစိုးရ၀န်ကြီးဌာနများတွင်သာ သာမာန်အားဖြင့် တွေ့ရသော်လည်း ယခုအခါ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လက်နက်ကိုင် ပဋိပက္ခဖြစ်သော ဒေသနှင့် သဘာဝဘေး အန္တရာယ်ခံစားနေ ရသော ဒုက္ခသည်များကို နိုင်ငံတကာမှ လှူဒါန်းကူညီမှုများအား အလွဲသုံးစားလုပ်ခြင်း ကြုံတွေ့နေရသည်ဟု ဒု-သမ္မတ စိုင်းမောက်ခမ်းက လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီ၏ ဇူလိုင်လတွင် ပြုလုပ်သော အစည်း အဝေးတွင် ပြောခဲ့ဖူးသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင် မည်သည့်ပြည်သူကမဆို လုပ်ပိုင်ခွင့်ရှိသည့် အာဏာပိုင်ဖြစ်စေ၊ အာဏာပိုင် မဟုတ်သူဖြစ်စေ အဂတိလိုက်စားနေကြောင်း သက်သေ အထောက်အထား ခိုင်မာစွာ လာဘ်ပေး လာဘ်ယူ တိုက်ဖျက်ရေးကော်မရှင် (သို့) ယခုဥပဒေသစ်အရ ဖွဲ့ထားသည့် အဖွဲ့အစည်း တစ်ခုခု (သို့မဟုတ်) သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့တို့သို့ တိုင်ကြားလျှင် ကော်မရှင်က အဆင့် ဆင့်စုံစမ်းပေးရမည်ဟု ဥပဒေတွင် ပါရှိသည်။ သို့သော် လိမ်လည်တိုင်တန်းလျှင်မူ ယခုဥပဒေအရထောင် ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်ကြောင်းလည်း ယခု ဥပဒေတွင် ပြဋ္ဌာန်းထားသေးသည်။

လာဘ်ပေးသူ (သို့) လာဘ်ယူသူသည် ထိုသို့ ပြုလုပ်သည်ကို ကော်မရှင်က စစ်ဆေး၍ ပေါ်ပေါက်လျှင် ထောင်ဒဏ် အပြစ်ပေးခံရမည့်အပြင် အဂတိလိုက်စား၍ ရထားသည့် ပိုင်ဆိုင်မှုများလည်း သိမ်းဆည်းခံ ရမည်ဖြစ်သည်ဟု ဥပဒေသစ်တွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံ ယခင်က လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးနှင့် ပတ်သက်၍ လွတ်လပ်ရေးရသည့်နှစ်က ဥပဒေတစ်ခု ပြဋ္ဌာန်းထားခဲ့သည်။ ယခုအစိုးရသစ်လက်ထက်တွင် ထိုဥပဒေကို ဖျက်သိမ်း၍ ဥပဒေသစ် တစ်ခု ပြဋ္ဌာန်း လိုက်ခြင်းဖြစ်သည်။

အကျင့်ပျက်ခြစားမှုများကို စောင့်ကြည့်သည့် ဂျာမနီအခြေစိုက် Transparency International အဖွဲ့၏ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၇၆ နိုင်ငံတွင် မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှု အခြေအနေသည် အဆင့် ၁၇၂ တွင် ရှိနေရာ အဆိုးရွားဆုံး ငါးနိုင်ငံစာရင်းတွင် ပါဝင်နေသည်။

Thursday, September 19, 2013

ထိပ်တန်းဝင်ငွေခွန် ဆောင်သူ ၁၀၀ စာရင်းတွင် ပုဂ္ဂလိက ဆေးရုံဆေးခန်း များထဲမှ ဆေးရုံကြီး တစ်ခုသာပါဝင်၊ နာမည်ကျော် ဆေးရုံဆေးခန်းကြီးအချို့ ထိပ်တန်း အခွန်ဆောင်သူ ၅၀၀ စာရင်း၌ပင် ပါဝင်လာခြင်းမရှိ

ထိပ်တန်း ၀င်ငွေခွန် ပေးဆောင်သူ ၁၀၀ စာရင်းတွင် ပုဂ္ဂလိက ဆေးရုံဆေးခန်း များထဲမှ အာရှတော်ဝင် အထူးကုဆေးရုံ တစ်ခုသာ ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ထားချက် များအရ သိရသည်။

နာမည်ကျော် ပုဂ္ဂလိက ဆေးရုံဆေးခန်း များထဲတွင် အချို့မှာ (လက်ရှိဆေးရုံ ဆေးခန်းအမည်ရင်းဖြင့်) ထိပ်တန်းဝင်ငွေ ခွန်အများဆုံး ပေးဆောင်သူ ၅၀၀ စာရင်းနှင့် ထိပ်တန်းကုန်သွယ် လုပ်ငန်းခွန် ပေးဆောင်သူ ၅၀၀ စာရင်း၌ပင် ပါဝင်လာခြင်း မရှိသည်ကို တွေ့ရသည်။

ရန်ကုန်နှင့် မန္တလေးမြို့ကြီးများ၌ အာရှတော်ဝင်၊ SSC၊ ဗဟိုစည်၊ ဆာကူရာ၊ ပင်လုံ၊ ပန်းလှိုင်၊ ပါရမီ၊ ၀ိတိုရိယ၊ အောင်ရတနာ၊ ငြိမ်း၊ နန်းတော် စသည်ဖြင့် ပုဂ္ဂလိက ဆေးရုံဆေးခန်း များစွာနှင့် အခြားနာမည်ကျော် ပုဂ္ဂလိက ဆေးရုံဆေးခန်းများစွာ ဖွင့်လှစ်လုပ်ကိုင် လျက်ရှိသည်။


ထိပ်တန်း ၀င်ငွေခွန် ပေးဆောင်သူ ၅၀၀ နှင့် ထိပ်တန်း ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်သူ ၅၀၀ စာရင်းထဲတွင် အခြားနာမည်ကျော် ဆေးရုံဆေးခန်း အချို့ဖြစ်သော ပင်လုံဆေးရုံ၊ ပါရမီဆေးရုံ (Parami General Hospital)၊ အကယ်ဒမီဆေးရုံ၊ ၀ိတိုရိယ၊ အောင်ရတနာဆေးရုံ စသည်ဖြင့် ဆေးရုံများမှာ အဆိုပါ ဆေးရုံအမည်များဖြင့် စာရင်း၌ ပါဝင်လာခြင်း မရှိကြောင်း သိရသည်။

အဆိုပါ ပုဂ္ဂလိက ဆေးရုံဆေးခန်း များထဲတွင် ထိပ်တန်းဝင်ငွေခွန် ပေးဆောင်သူ ၁၀၀ စာရင်း၌ အာရှတော်ဝင်အထူးကု ဆေးရုံတစ်ခုသာ ပါဝင်လာပြီး ၁၀၀ အတွင်း အဆင့် ၇၄ နေရာမှ ပေးဆောင်ထားခြင်း ဖြစ်သည်။

အဆိုပါ ထိပ်တန်းဝင်ငွေခွန် ပေးဆောင်သူ ၅၀၀ စာရင်းတွင် အဆင့် ၁၂၂ နေရာ၌ ပန်းလှိုင်ဆေးရုံနှင့် ဆက်စပ်သည့် FMI ကုမ္ပဏီ အမည်ဖြင့် ပေးဆောင်ထားပြီး (ပန်းလှိုင်ဆေးရုံ အမည်ဖြင့် ပေးဆောင်ထားခြင်း မဟုတ်သည့် အတွက် ပန်းလှိုင်ဆေးရုံအတွက် ပါဝင်ခြင်းရှိမရှိ မသိရ)၊ အဆင့် ၁၉၇ နေရာတွင် ဗဟိုစည်ဆေးရုံဖြင့် ဆက်စပ်သည့် Pioneer Services Int'l Co.,Ltd အမည်ဖြင့် ပေးဆောင်ထားကြောင်း (ဗဟိုစည်ဆေးရုံ အမည်နှင့် မဟုတ်၍ ဗဟိုစည်ဆေးရုံ တစ်ခုတည်းအတွက် သီးသန့်ပေးဆောင်ခြင်း ဟုတ်မဟုတ် ခွဲခြားမထားပါ)၊ အဆင့် ၂၈၈ နေရာတွင် မန္တလေးမြို့မှ သူရိယ ကုမ္ပဏီ၏ နန်းတော်ဆေးရုံက ပေးဆောင်ထားကြောင်း၊ အဆင့် ၄၀၂ နေရာတွင် ဦးအစီ အမည်ဖြင့် ဆာကူရာ ဆေးခန်းအတွက် ၀င်ငွေခွန် ပေးဆောင်ထားကြောင်း၊ အဆင့် ၄၁၇ နေရာတွင် ဦးကြည်ရှင်းပါ ၁၂ ဦး အမည်ဖြင့် မန္တလေးမြို့ရှိ ငြိမ်းဆေးရုံအတွက် ပေးဆောင်ခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။

ထိပ်တန်း ကုန်သွယ်လုပ်ငန်းခွန် ၅၀၀ စာရင်းတွင်မူ အဆင့် ၂၇၇ နေရာ၌ မန္တလေးမြို့ရှိ သူရိယ ကုမ္ပဏီ၏ နန်းတော်ဆေးရုံက ပေးဆောင်ထားကြောင်း၊ အဆင့် ၂၈၈ နေရာ၌ ဒေါက်တာဦးကြည်ရှင်းပါ ၁၂ ဦး အမည်ဖြင့် မန္တလေးမြို့ရှိ ငြိမ်းအထူးကု ဆေးခန်းအတွက် ကုန်သွယ်ခွန် ပေးဆောင်ထားကြောင်း၊ အဆင့် ၃၆၃ နေရာ၌ ဒေါက်တာခင်မောင်လွင်၏ Fame ဆေးဝါး ထုတ်လုပ်ရေးက ပေးဆောင်ထားပြီး အဆင့် ၃၇၂ နေရာတွင် ဗဟိုစည်ဆေးရုံဖြင့် ဆက်စပ်သည့် Pioneer Services Int'l Co.,Ltd အမည်ဖြင့် ပေးဆောင်ထားကြောင်း (ဗဟိုစည်ဆေးရုံ အမည်ဖြင့် မဟုတ်၍ ဗဟိုစည်ဆေးရုံ တစ်ခုတည်းအတွက် သီးသန့်ပေးဆောင်ခြင်း ဟုတ်မဟုတ် ခွဲခြားမထားပါ)၊ အဆင့် ၄၀၃ နေရာတွင်မူ ဒေါ်ဌေးဌေးကြည် အမည်ဖြင့် SSC ဆေးရုံအတွက် ပေးဆောင်ထားကြောင်း၊ အဆင့် ၄၆၃ နေရာတွင်မူ ဦးထွန်းစိန် အမည်ဖြင့် တောင်ကြီးမြို့ရှိ ထွန်း ဆေးရုံ+ထွန်းဘရားသား ရောင်းဝယ်ရေးအတွက် ပေးဆောင် ထားကြောင်းနှင့် အဆင့် ၄၆၉ နေရာတွင်မူ ဒေါ်တင်နု အမည်ဖြင့် ရွှေဘိုမြို့မှ ရုပ်ပျိုတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးအတွက် ပေးဆောင်ထားကြောင်း သိရသည်။

ဘဏ္ဍာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ အခွန်ပေးဆောင် ထားသူများ ကြားတွင်လည်း ကွာဟချက်များ ဖြစ်ပေါ်နေကြောင်း သိရသည်။

ဆေးရုံတစ်ခုနှင့်တစ်ခု ခုတင်အရေအတွက်အရ လည်းကောင်း၊ ၀င်ငွေအရလည်းကောင်း ကွာခြားမှု မရှိသော်လည်း အာရှတော် ၀င်ဆေးရုံမှာ ၀င်ငွေခွန်တွင် ထိပ်ဆုံးအဆင့် ၇၄ နေရာတွင် ပေးဆောင်ထားသည့် အချိန်၌ အာရှတော်ဝင်နှင့် မကွာသည့် SSC အထူးကုဆေးရုံမှာမူ ကုန်သွယ်လုပ်ငန်းခွန် ထိပ်ဆုံး ၅၀၀ စာရင်းတွင် အဆင့် ၄၀၃ နေရာ၌သာ ပေးဆောင်ထားသည်။

ကုန်သွယ်လုပ်ငန်းခွန် ထိပ်ဆုံး ၅၀၀ စာရင်း ထုတ်ပြန်ထားရာ၌ SSC မှ အဆင့် ၄၀၃ နေရာမှ ပေးဆောင်စဉ် အချိန်တွင် SSC ဆေးရုံထက် ခုတင်အရေအတွက် နည်းပါးပြီး ၀င်ငွေနည်းပါးသော နန်းတော်ဦး ဆေးရုံသည် အဆင့် ၂၇၇ နေရာမှ ပေးဆောင် ထားနိုင်ကြောင်း၊ ငြိမ်းဆေးရုံသည်လည်း အဆင့် ၂၈၈ နေရာမှ ပေးဆောင်ထားခဲ့ကြောင်း၊ ယင်းအပြင် SSC အမည်ဖြင့် ကုန်သွယ်လုပ်ငန်းခွန် တစ်မျိုးတည်းသာ ပေးဆောင် ထားချိန်တွင် နန်းတော်ဦး၊ ငြိမ်းဆေးရုံတို့မှာ ကုန်သွယ် လုပ်ငန်းခွန်အပြင် ၀င်ငွေခွန်ကိုပါ ထပ်မံပေးဆောင် ထားခဲ့ကြ ကြောင်းလည်း သိရသည်။

အဂတိလိုက်စားမှု ရောဂါ ထိရောက်အောင် ဘယ်လိုကုမလဲ

၂၀၁၂ ခုနှစ် သြဂုတ်လက နေပြည်တော်မှာ ကျင်းပတဲ့ ဒုတိယအကြိမ် စီမံကိန်း ကော်မရှင် အစည်းအဝေးမှာကတည်းက သမ္မတ ဦးသိန်းစိန်က“လာဘ်ပေးလာဘ်ယူမှုဟာ ပေးသူရော ယူသူပါ အကျင့်ပျက်တဲ့ သိက္ခာမဲ့ လုပ်ရပ်ဖြစ်တဲ့အပြင် အစိုးရရဲ့ဂုဏ်သိက္ခာ၊ နိုင်ငံရဲ့ ဂုဏ် သိက္ခာကိုပါ ထိခိုက်စေတဲ့အတွက် ထိထိရောက်ရောက် အပြစ်ပေး အရေးယူခြင်းများဖြင့် တားဆီးသွားကြရန် လိုအပ်ပါတယ်”လို့ ပြောခဲ့ဖူးပါတယ်။

လက်ရှိအစိုးရ လက်ထက်မှာတင် နိုင်ငံတော် အုပ်ချုပ်ရေးပိုင်းက အစ တရားရုံး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး တချို့တွေကနေ ဘုရားဂေါပကအထိ အဆင့်ဆင့်မှာ ကင်ဆာရောဂါတခုလို လှိုက်စားနေတဲ့ အဂတိလိုက်စားမှုတွေကို လက်တွေ့မှာ အရေးယူ ဆောင်ရွက်ဖို့အတွက် တော်တော်ခက်ခဲ့လိမ့်မယ်လို့ ပြည်တွင်း ပြည်ပ ရှေ့နေတွေက ပြောကြပါတယ်။

ဒီဥပဒေ ပေါ်ပေါက်လာဖို့ လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ အမျိုးသားဒီမိုကရေစီ ပါတီသစ် (NNDP) သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က “အင်မတန် ခက်ခဲပါမယ်၊ သို့သော် ဆေးခါးကြီး သောက်ဖို့ အတွက်တော့ ကျနော်တို့တွေက တာဝန်သိသိ ဆောင်ရွက်ရမှာပေါ့၊ မလွယ်ဘူး။ သို့သော် မလုပ်ဘဲနဲ့ နေလို့မရတဲ့ တိုင်းပြည်အတွက် အဓိက လုပ်ငန်းပဲ”လို့ ဧရာဝတီကို ပြောပါတယ်။

အာရှလူ့အခွင့် အရေး ကော်မရှင် (ALRC) က ရှေ့နေ ဦးမင်းလွင်ဦး ကတော့ “မျိုးဆက် ၂ ခုလောက်နီးပါး ဖြစ်နေတဲ့၊ အမြစ်တွယ်နေတဲ့ အနာဟောင်းကြီးကို လတ်တလော ဆေးကြမ်းကြီးတိုက်ပြီး ကုလို့ကတော့ မရသေးဘူးဗျ၊ တကယ်တမ်းသာ ထိထိရောက်ရောက် လုပ်မယ်ကိုင်မယ် ဆိုလို့ရှိရင် ဒီဥပဒေအသစ် ပြဌာန်းပြီးတဲ့နောက်ပိုင်းမှာ လိုအပ်တဲ့ အဆောက်အအုံတွေ အဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေ အားလုံးနဲ့ စုဖွဲ့ပြီး လျင်မြန်စွာ ဆောင်ရွက်နိုင်ဖို့လိုတယ်၊ ပညာပေးမှုတွေ အများကြီးလိုတယ်၊ ထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ပြဖို့လိုတယ်” လို့ ထောက်ပြ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လထဲမှာ အစိုးရဝန်ကြီးဌာန ၆ ခုလောက် ကျပ်သိန်းထောင်ချီတဲ့ ငွေအလွဲသုံးစား လုပ်မှုသတင်းတွေ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးဘက်ကနေ ပေါ်ထွက်လာပါတယ်။ အဲဒီအထဲမှာ ပြန်ကြားရေး၊ စက်မှု (၁)၊ စက်မှု (၂)၊ လယ်ယာနှင့် ဆည်မြောင်း၊ သတ္တုတွင်း နဲ့ စစ်တပ်အတွက် တည်ထောင်ထားတဲ့ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်တို့ ပါဝင်တယ်လို့ သတင်း ထွက်ပေါ်ခဲ့တာပါ။

၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကမ္ဘာတဝန်း အဂတိလိုက်စားမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး Transparency International အဖွဲ့က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာထဲမှာလည်း မြန်မာနိုင်ငံက အဂတိလိုက်စားမှု အဆိုးရွားဆုံး စာရင်းအဆင့်မှာ ရှိနေပြီး ဆိုမာလီယာ၊ မြောက်ကိုရီးယား၊ အာဖဂန်နစ္စတန်နဲ့ ဆူဒန်တို့နောက် အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။

နိုင်ငံတကာကနေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လာရောက် လုပ်ကိုင်ကြလိုပေမယ့် ပြဌာန်းထားတဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေ အပြင် နိုင်ငံအတွင်းက အဂတိ လိုက်စားမှုတွေကြောင့် အများစုက လက်တွန့်နေကြကြောင်း၊ အစိုးရအနေနဲ့ အဂတိလိုက်စားမှုကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုမို ဝင်ရောက်လာနိုင်ကြောင်း ရှေ့နေ ဦးမင်းလွင်ဦး က ပြောပါတယ်။

ရှေ့နေ ဦးမင်းလွင်ဦး က“မြန်မာနိုင်ငံအတွင်းမှာ သွားရောက်ပြီး လေ့လာတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အများအပြား ရှိပါတယ်။ ပြန်လာတဲ့အခါမှာ သူတို့ရဲ့ စိတ်ညစ်တဲ့ အသံက ဒီလာဘ်ပေး လာဘ်ယူ ကိစ္စပဲ။ အဲဒီ လာဘ်ပေး လာဘ်ယူ ကိစ္စသာ မရှိဘူး၊ ဥပဒေအတိုင်း လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်တယ်ဆိုရင် ပူပင်ကြောင့်ကျနေတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံတဲ့လူတွေ အမြန်းဆုံး ဝင်လာနိုင်တယ်လို့ ကျနော် ထင်တယ်” လို့ ပြောပါတယ်။

ရှေ့နေလည်း ဖြစ်သူ လွှတ်တော် အမတ် ဦးသိန်းညွန့်ကတော့ “ဒီဥပဒေ အတည်ပြုလိုက်တဲ့အတွက် တချို့ ဝအောင်စားထားတဲ့လူတွေ ဘရိတ်အုပ်လိမ့်မယ် ထင်တယ်။ နှစ်မျိုးရှိတယ်လေ၊ တမျိုးက ဒီဘက် စနစ်ပြောင်းလာတဲ့ အခါကျတော့ အရင်တုန်းက စားခဲ့ပြီး အခုမစားတော့ဘူးဆိုပြီး နာမည်ကောင်းယူမယ့် အုပ်စုပေါ့။ တချို့ကျတော့လည်း အခုထိ စားလို့မဝတဲ့ အုပ်စုပေါ့။ အဲဒီအုပ်စုတော့ အနိမ့်ဆုံး စားခါနီးမှာ ၂ ကြိမ်လောက် စဉ်းစားလိမ့်မယ်ထင်တယ်” လို့ ဆိုပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်ဖို့အတွက် ကော်မရှင် ဖွဲ့စည်းတဲ့အခါမှာ သမာသမတ်ကျကျနဲ့ တကယ် ထိထိရောက်ရောက် တိုက်ဖျက်နိုင်တဲ့ ခေါင်းဆောင်တွေ ပါဝင်ဖို့လိုအပ်ပြီး သတ်မှတ်တဲ့ အရည်အချင်း မပြည့်မီဘဲ ကိုယ့်လူကို နေရာပေးဖို့ ခန့်တာမျိုးတွေ လုပ်လာခဲ့ရင်တော့ ဒီကော်မရှင်ကို ရွေးချယ်တဲ့လူတွေမှာသာ တာဝန်ရှိတယ်လို့ ဦးသိန်းညွန့်က ဧရာဝတီကို ပြောပါတယ်။

“ဆရာသိန်းဖေမြင့် ရေးခဲ့သလိုပေါ့ဗျာ၊ အစွန်းကုန်သန့်ရှင်းရေးတဲ့ဗျာ ဆိုပြီးတော့ လာဘ်ပေးလာဘ်ယူလုပ်တဲ့ ဝန်ကြီးကို အရေးမယူဘဲနဲ့ ရုံးစာရေးကြီးကို အရေးယူမိတဲ့ ဖြစ်ရပ်မျိုးတွေပေါ့။ အဲဒါမျိုး အောက်ကလူတွေ နာတဲ့အဖြစ်မျိုးတွေလည်း မဖြစ်ဖို့ လိုတာပေါ့။ အကျင့်ပျက် လာဘ်စားမှု အထူးသဖြင့် ထိပ်ပိုင်းတွေကို အရေးမယူဘဲနဲ့ ရှေ့ဆက်သွားလို့ မရတော့ဘူးလေ” လို့ ဦးသိန်းညွန့် က ဆိုပါတယ်။

ဒါ့အပြင် “ဒီလို ဥပဒေ အာဏာတည်တဲ့ အခါမှာ အူမမတောင့်လို့ သီလမစောင့်နိုင်တဲ့ ဝန်ထမ်းတွေရဲ့ အဖြစ်တွေကိုလည်း ကျနော်တို့က နားလည်ပြီးတော့ သူတို့တွေ ဘဝရပ်တည်နိုင်အောင် ကူညီပေးရမှာပေါ့” လို့လည်း ဦးသိန်းညွန့် ဆိုပါတယ်။

လက်ရှိအစိုးရ လက်ထက်မှာ ကော်မရှင်အဖွဲ့ပေါင်း တော်တော်များများ ဖွဲ့ထားပါတယ်။ အများစုကတော့ ကြံ့ခိုင်ရေး အမတ်တွေနဲ့ တပ်မတော်သား အမတ်တွေ များပါတယ်။ ဒီကော်မတီအဖွဲ့တွေက အရေအတွက်ပဲရှိပြီး ရလဒ်တွေ ထွက်လာကြတာ နည်းပါးလှတာ အများအမြင် ဖြစ်ပါတယ်။

ဒီနှစ် ဇန်နဝါရီလထဲမှာ သမ္မတ ဦးသိန်းစိန်ရဲ့ “ကောင်းမွန်သော အုပ်ချုပ်မှု စနစ်နှင့် သန့်ရှင်းသော အစိုးရ” ကို အကောင်အထည် ဖော်နိုင်ဖို့အတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ “လာဘ်ပေး လာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မီတီ” ဆိုပြီး ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမယ့် ထိရောက်တဲ့ ဆောင်ရွက်မှုတွေတော့ မကြားသိရသလို ထုတ်ပြန်တာတွေလည်း မရှိပါဘူး။

အဲဒီ ကော်မတီမှာတော့ ဥက္ကဋ္ဌ အဖြစ် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က တာဝန်ယူပြီး အဖွဲ့ဝင်များအဖြစ် ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ သမ္မတရုံး ဝန်ကြီးတွေဖြစ်တဲ့ ဦးသိန်းညွန့်၊ ဦးစိုးမောင်၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်၊ သမ္မတ ဥပဒေ အကြံပေး အဖွဲ့ဝင် ဦးသန်းကျော်နှင့် သမ္မတရုံး ညွှန်ချုပ် ဦးလှထွန်းတို့ ပါဝင်ကြပါတယ်။

လေ့လာစောင့်ကြည့်သူတွေကတော့“အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ” ကို သမ္မတ လက်မှတ်ထိုး အတည်ပြုလိုက်တဲ့အတွက် ကြိုဆိုကြပေမယ့် အစိုးရ နာမည်ကောင်းရရေးနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ဖို့ အယောင်ပြ ပြဌာန်းတဲ့ ဥပဒေ ဖြစ်နေမှာကိုတော့ စိုးရိမ်ကြတယ်လို့ ဆိုပါတယ်။

၂၀၁၁ ခုနှစ်မှာ လန်ဒန် စီးပွားရေး တက္ကသိုလ် ပါမောက္ခဟောင်း ဒေါက်တာ လှမြင့်က မြန်မာ့ အကျင့်ပျက် ခြစားမှုနဲ့ ပတ်သက်လို့ မှတ်ချက်ပေးရာမှာ မဖွံ့ဖြိုးသော နိုင်ငံတနိုင်ငံမှာ ဖြစ်တတ်တဲ့ ခြစားမှု ၂ မျိုး အကြောင်း ဖော်ပြထားပါတယ်။ ပထမတခုက လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက် ခြစားမှုတွေကို ဖြစ်စေတဲ့ ချိနဲ့တဲ့တရားစီရင်ရေး၊ အစွမ်းမထက်တဲ့ အုပ်ချုပ်ရေး၊ မဖွံ့ဖြိုးတဲ့ လူ့ဘောင်အုတ်မြစ်တွေက ပေါက်ဖွားလာသူတွေနဲ့ ဒုတိယက အစိုးရပေါ်လစီကြောင့် နိုင်ငံစီးပွားရေးကို လက်ဝါးကြီးအုပ်ခွင့်တွေ ပိုရသွားသူတွေအကြောင်း ဖြစ်ပါတယ်။

Friday, September 6, 2013

ခြစားမှုနဲ့ မော်စီတုန်းတစ္ဆေ

တရုတ်ကွန်မြူနစ်ပါတီရဲ့ ပေါ်လစ်ဗျူရိုဝင်ဟောင်း ဘိုရှီလိုင်ကို ရုံးတင်တဲ့ မြင်ကွင်းကြောင့် မော်စီတုန်း အလွန် ၁၉၈၀-၈၁ မှာ မော်စီတုန်းဇနီး ဦးဆောင်တဲ့ လေးဦးဂိုဏ်းကို ခုံရုံး တင်ခဲ့တဲ့ တရားခွင်ကို သတိရစရာပါ။ တရုတ်ပြည်မှာ လေးဦးဂိုဏ်းအမှု နောက်ပိုင်းမှာ ထိပ်တန်း ပါတီခေါင်းဆောင် နှစ်ယောက်ရဲ့အမှု ပေါ်ခဲ့တယ်။ ပထမ အမှုကတော့ ၁၉၉၈ ခုနှစ်မှာ ဘေဂျင်းပါတီ အကြီးအကဲ ချန်ဇီတုန်းရဲ့အမှုနဲ့ လွန်ခဲ့တဲ့ ငါးနှစ်က ပေါ်ခဲ့တဲ့ ရှန်ဟိုင်းပါတီ အကြီးအကဲ ချန်လျံဂူး တို့ရဲ့အမှု ဖြစ်တယ်။ နှစ်ယောက်စလုံး အဂတိ လိုက်စားမှုနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတယ်။

ဘိုရှီလိုင်အမှုမှာ အဂတိလိုက်စားမှု၊ ငွေကြေးအလွဲသုံးစားမှု စွပ်စွဲချက်တွေ ပါဝင်နေပေမယ့် ပါတီတွင်း အာဏာလုပွဲမှာ ရှုံးသွားတဲ့ နောက်ဆက်တွဲအဖြစ် သုံးသပ်ကြတယ်။ ဘိုရှီလိုင်ဟာ အခုလို ကံဆိုးမိုးမှောင် မကျခင်အထိ အညွန့်တလူလူနဲ့ ရေပန်းစားတဲ့ ခေါင်းဆောင်တယောက် ဖြစ်ခဲ့တာ၊ ဆယ်နှစ်တကြိမ် တရုတ်ကွန်မြူပါတီရဲ့ ခေါင်းဆောင် အပြောင်းအလဲကာလနဲ့ တိုက်တိုက်ဆိုင်ဆိုင် မနှစ် မတ်လက သူ့ကို အာဏာ အလွဲသုံးစားမှု၊ လာဘ်ပေး လာဘ်ယူမှုတွေနဲ့ ဖြုတ်ချလိုက်တာကြောင့် ဒီလို ထင်ကြေး ထွက်လာတာ သဘာဝကျပါတယ်။ သူ့ကို စွဲချက်တင်တဲ့ နောက်အမှုတခုက ဗြိတိသျှ စီးပွားရေးသမား တယောက်ကို သူ့အမျိုးသမီးက သတ်တဲ့ကိစ္စ ရဲအဖွဲ့က ဖော်ထုတ်ဖို့ ကြိုးစားတဲ့အခါမှာ ဘိုရှီလိုင်က မလျှော်သြဇာသုံးပြီး ကာကွယ်ခဲ့တယ်တဲ့ စွဲချက်လည်း ပါဝင်နေတယ်။

ဘိုရှီလိုင်ဟာ နဂိုကတည်းက လိင်အရှုပ်တော်ပုံတွေနဲ့ နာမည်ထွက်ခဲ့တဲ့ ကွန်မြူနစ် ခေါင်းဆောင် ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံး ရုံးချိန်းဖြစ်တဲ့ ငါးရက်မြောက် တရားခွင်မှာတော့ ဘိုရှီလိုင်က သူ့အပေါ်တင်ထားတဲ့ စွဲချက်တွေ အားလုံးကို သူ့ဇနီးအပေါ် ပုံချခဲ့တဲ့အပြင် ဖော်ကောင်လုပ်တဲ့ သူ့လက်ထောက်ဟောင်း ချုံကင်းမြို့ ရဲအရာရှိဟာလည်း သူ့ဇနီးနဲ့ တိတ်တိတ်ပုန်း ဖောက်ပြန်နေတယ်ဆိုတဲ့ သုံးပွင့်ဆိုင် ချစ်ဇာတ်လမ်း ဖွင့်ချသွားပြန်တယ်။ ဘာဖြစ်ဖြစ် နိုင်ငံတကာ မီဒီယာတွေ အတွက်ကတော့ ဟောလီဝုဒ် ဆန်ဆန် ဘိုရှီလိုင်အမှုကတော့ တမျိုးပြီး တမျိုး မရိုးအောင် ဖြစ်နေတော့တယ်။
ဒါတွေ အားလုံး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒီထက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာက တရုတ်ပြည်မှာ တချိန်က နာမည်ပျက်ခဲ့တဲ့ မော်စီတုန်း နည်းလမ်းတွေ၊ ပေါ်လစီ တွေ တကျော့ပြန် ခေါင်းထောင်လာတာပါ။ ၁၉၇၆ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ မော်စီတုန်းဟာ တရုတ်ပြည်ရဲ့ အပြင်ဘက်မှာ ဘယ်လောက်ပဲ နာမည်ပျက်ပါစေ။ တရုတ်တွေ အတွက်ကတော့ ခေတ်သစ် တရုတ်ပြည်ကြီးရဲ့ ဗိသုကာကြီးပါပဲ။ တရုတ်ပြည်မှာ ကွန်မြူနစ်ပါတီ အာဏာတည်မြဲရေး အတွက် မော်က ရက်စက်တဲ့ ရာဇ၀တ်မှုတွေ၊ ဆိုးရွားတဲ့ အမှားတွေကို ကျူးလွန်ခဲ့တာ မှန်ပေမယ့် တရုတ်ပြည်မှာတော့ မော်စီတုန်းကို အမှားအယွင်း အနည်းအပါး လောက်ကို လုပ်ခဲ့တဲ့ မဟာ ခေါင်းဆောင်ကြီးအဖြစ် လေးစားကြတုန်းပါပဲ။ မော်စီတုန်းရဲ့ ပေါ်လစီတွေဟာ အနောက်ကမ္ဘာမှာ နာမည် ဘယ်လောက် ပျက်ပျက် တရုတ်ပြည်မှာတော့ အခုအချိန်အထိ မော်စီတုံးကို လွမ်းဆွတ်နေသူတွေ၊ မော်ခေတ်ကို တမ်းတနေသူတွေ အမြောက်အများ ရှိတုန်းပါပဲ။

ဒီလို လေးစားသူတွေထဲမှာ ဘိုရှီလိုင်လည်း ပါဝင်ပါတယ်။ လေးစားရုံမက ချုံကင်းနယ်မှာ မော်ဝါဒီ လက်သစ်တွေကို ဦးဆောင်သူတွေလို့ ဆိုနိုင်ပါတယ်။ ချုံကင်းမှာ ပါတီ အထွေထွေ အတွင်းရေးမှူး တာဝန်ကို ယူထားတဲ့ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း ကာလအတွင်း ဘိုရှီလိုင်ဟာ မော်စီတုန်းရဲ့ နည်းတွေကို သုံးပြီး နိုင်ငံရေး ပြိုင်ဖက်တွေကို ရှင်းခဲ့တယ်လို့ နာမည်ကြီးတယ်။ ပါတီရဲ့ အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ အောက်ခြေ လူထုကို အသုံးချခဲ့တယ်။ အရေးကြီးတဲ့ လှုပ်ရှားမှု တခုကတော့“အနီ သီချင်းဆိုပြီး အမည်း တွေကို ချေမှုန်းရေး” ဆိုတဲ့ လှုပ်ရှားမှုပါပဲ။

သီအိုရီအရတော့ မော်စီတုန်း ခေတ်ကလို မျိုးချစ် တော်လှန်ရေး ကြွေးကြော်သံတွေနဲ့ အောက်ခြေ လူထုကို စည်းရုံးပြီး အမှောင် လောကသားတွေ (မသမာသူတွေ၊ လူဆိုး လူမိုက်အုပ်စုတွေ၊ ဒုစရိုက်သမား၊ အဂတိ လိုက်စားသူတွေလို့ စွပ်စွဲခံရသူတွေ) ကို ထောင်သွင်းအကျဉ်းချ၊ ပစ္စည်းတွေကို သိမ်းယူတဲ့ လုပ်ရပ်တွေကို လက်သံပြောင်ပြောင်နဲ့ လုပ်ခဲ့တယ်။ တကယ်တမ်း အမှောင်လောကသားလို့ စွပ်စွဲပြီး နှိပ်ကွပ်ခဲ့သူ တွေဟာ မစ္စတာ ဘိုရှီလိုင်ရဲ့ ပြိုင်ဘက်တွေ၊ အာဏာလုဖက်၊ ဆူးငြောင့် ခလုတ်တွေလို့ ယူဆသူတွေ၊ တက်သစ်စ သူဌေးတွေ ဖြစ်နေတယ်။ ယဉ်ကျေးမှု တော်လှန်ရေး ကာလတုန်းက မော်စီတုန်းက ပြိုင်ဖက်တွေကို မြေရှင် အရင်းရှင်တွေလို့ တံဆိပ်တပ်ပြီး ရှင်းပစ်ခဲ့တဲ့ နည်းပါပဲ။ ဘာဖြစ်ဖြစ် ချုံကင်းနယ်မှာ နီယို မော်ဝါဒီတွေကတော့ ဘိုရှီလိုင်ကို အခိုင်အမာ ထောက်ခံကြတယ်။

ဘိုရှီလိုင်ဟာ ပုဂ္ဂိုလ်ရေး သြဇာထူထောင်တဲ့ နေရာမှာလည်း မော်စီတုန်းရဲ့ နည်းနာတွေကိုပဲ သုံးခဲ့တယ်။ ပြည်သူလူထုကို စိတ်လှုပ်ရှားဖွယ်၊ စိတ်အား တက်ကြွဖွယ် မိန့်ခွန်းတွေကို ပုံမှန် ဟောပြောခဲ့တယ်။ ဆင်းရဲသားတွေကို မစားရ ၀ခမန်း အနာဂတ် မျှော်လင့်ချက်တွေကို ပေးပြီး စည်းရုံးတဲ့ နေရာမှာ ဘိုရှီလိုင်ဟာ မော်စီတုန်းလိုပဲ လူကြိုက်များလှတယ်၊ မီဒီယာတွေကို အသုံးချပြီး သူဟာ ထူးချွန်ထက်မြက်သူ၊ အမြင်ကျယ်သူ၊ အမြော်အမြင်နဲ့ ပြည့်စုံသူအဖြစ် ပုံဖော်တယ်။ ချုံကင်း မြို့ပေါ်မှာ သူ့ကိုယ်တိုင် ရေးတဲ့ နိုင်ငံရေး ကြွေးကြော်သံတွေ၊ ဆောင်ပုဒ်တွေကို နေရာအနှံ့ တွေ့နိုင်တယ်။ ဒီနေ့အထိလည်း ချုံကင်းနယ်မှာ သူဟာ လူကြိုက်များတဲ့ ခေါင်းဆောင် ဖြစ်နေတုန်းပါပဲ။

ဒီလို မော်စီတုန်းရဲ့ လူထုစည်းရုံးရေး နည်းတွေကို သုံးပြီး အာဏာတက်လာတဲ့ ဘိုရှီလိုင်ဟာ နောက်ဆုံးမှာတော့ အကျဉ်းသားဘ၀ကို ရောက်သွားရတယ်။ အနောက် မီဒီယာတွေက ထင်ကြေးပေး နေကြသလို အာဏာလုပွဲမှာ ရှုံးသွားလို့ အခုလို ခုံရုံးတင်ခံရတာဆိုရင် ၀ဋ်လည်တယ်လို့ ဆိုရမှာပါပဲ။ ကွန်မြူနစ် ပါတီတွင်းက တခြား ခေါင်းဆောင်တွေက မော်စီတုန်း နည်းကိုပဲ သုံးပြီးတော့ သူ့ကို နှိပ်ကွပ်လိုက်တယ် မဟုတ်လား။ ဒါကြောင့် တရုတ်ပြည်မှာ မော်စီတုန်း ၀ါဒ ခေါင်းပြန် ထောင်လာသလားလို့ ယူဆစရာ ရှိလာတယ်။
ခေတ်သစ် တရုတ်နိုင်ငံ သမိုင်းကို ကြည့်ရင် ၁၈၉၈ ခုနှစ်မှာ ပြုပြင်ပြောင်းလဲရေး သမားတွေကို နှိပ်ကွပ်ခဲ့တဲ့ ဧကရီ ဒါဝါဂျာစီဇီဟာ သူကိုယ်တိုင် ပြုပြင်ပြောင်းလဲရေး သမားတွေနဲ့ မခြားတဲ့ ပေါ်လစီတွေကို အပြင်းအထန် အကောင်အထည် ဖော်ခဲ့တယ်။ ဒီလိုပဲ တရုတ်နိုင်ငံရဲ့ ပြိုင်ဘက်ကင်း ခေါင်းဆောင် တိန့်ရှောင်ပင် လက်ထက်မှာ ဈေးကွက် ပြုပြင်ပြောင်းရေးသမား ကျောက်ကျီယန်ကို ပါတီ ရာထူးကနေ ဖြုတ်ချပြီး နောက်မှာ သူကိုယ်တိုင် စီးပွားရေး ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်ကို ခပ်ရဲရဲ လျှောက်ခဲ့တာကို တွေ့ခဲ့ရတယ်။ အခုလည်း မော်လမ်းကြောင်း လိုက်တဲ့ ဘိုရှီလိုင်ကို ဖယ်ရှားလိုက်တဲ့ တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေဟာ သူတို့ကိုယ်တိုင် ဘိုရှီလိုင်သုံးခဲ့တဲ့ မော်ရဲ့ နည်းဗျူဟာတွေကို ပိုပိုကဲကဲ သုံးကြတာလားဆိုတာ မေးခွန်းထုတ်စရာ ရှိပါတယ်။ 

တိုက်ဆိုင်တာက သမ္မတ ဇီဂျင်းပင် ကိုယ်တိုင်လည်း တရုတ်ပြည်က လက်ဝဲသမားတွေကို စည်းရုံးတဲ့ အနေနဲ့ မော်စီတုန်းခေတ်က (၁၉၄၇ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်အတွင်း) ကျင့်သုံးခဲ့တဲ့ “လူထုကြားမှာ အမှန်တရားရှာ” (Mass line) ပေါ်လစီကို အကောင်အထည် ဖော်ဖို့ ပါတီဝင် အားလုံးကို ဆော်သြထားတယ်။ တကယ်တော့ ဒီကြွေးကြော်သံနဲ့ နည်းနာဟာ ဘိုရှီလိုင်ရဲ့ အောင်မြင်ခဲ့တဲ့ လူထုဆက်ဆံရေး ကြွေးကြော်သံနဲ့ နည်းနာပါပဲ။ ဘိုရှီလိုင် နည်းလမ်းကတော့ ရပ်ကျေး ပါတီ ခေါင်းဆောင်တွေဟာ ပြည်သူတွေနဲ့ တပတ်တခါ အနည်းဆုံး နေ့တ၀က်လောက် တွေ့ဖို့ သတ်မှတ်ထားပြီး စီရင်စု ပါတီခေါင်းဆောင်တွေကတော့ တလမှာ တခါ တွေ့တဲ့နည်းပါ။ ဒီပေါ်လစီရဲ့ ရည်မှန်းချက်က ကွန်မြူနစ် ပါတီဝင်တွေဟာ တတ်နိုင်သမျှ ပြည်သူတွေနဲ့ တသားတည်း ရှိတယ် ဆိုတာကို ပြသတဲ့ နည်းလမ်းနဲ့ ပါတီရဲ့ တရားဝင်မှုကို တည်ဆောက်ထားဖို့ပါပဲ။

ဒီနေ့ တရုတ်ပြည်မှာ ပြည်တွင်း အကျပ်အတည်းမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်။ လူမှု စီးပွားရေး အလျင်အမြန် ပြောင်းလဲလာတာနဲ့ အမျှ ဆင်းရဲချမ်းသာ ကွာဟမှု ကြီးလာတာလို လူမှုရေး တင်းမာမှုတွေ ပေါ်ပေါက်နေတယ်။ လက်ရှိ စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးသွားတာကြောင့် လူမှုရေး မငြိမ်သက်မှုတွေဆီကို ဦးတည်သွားနိုင်တယ်။ ဒီလို အခြေအနေ နောက်ခံမှာ ကွန်မြူနစ် ပါတီကို အာဏာတည်မြဲအောင် လုပ်ဖို့ မော်စီတုန်း သုံးခဲ့တဲ့ ပြည်သူတွေကို သွေးခွဲပြီး စည်းရုံးတဲ့ နည်းလမ်းဟာ လက်ရှိ ပါတီ ခေါင်းဆောင်တွေ အကြားမှာ တကျော့ပြန် ရေပန်းစားလာနိုင်တယ်။ အထူးသဖြင့် တရုတ်ပြည် ရှေ့ခရီးကို ဘယ်လို ချီတက်မလဲဆိုတဲ့ ရှင်းရှင်းလင်းလင်း အိုင်ဒီယာ မရှိတဲ့ အချိန်မှာ ပိုလို့တောင် ဖြစ်နိုင်ခြေများတယ်လို့ သုံးသပ်မှုတွေ ပေါ်ထွက်လာနေပါတယ်။

အသစ်ဖွင့်လှစ်သွားမည့်အခွန်ထမ်းကြီးများဆိုင်ရာရုံး

         ပြည်တွင်းအခွန်များဦးစီးဌာနအား ပြုပြင်
ပြောင်းလဲမှုများ. ဆောင်ရွက်နေသေးသော်
လည်း အချို့သောညွှန်မှူးများကိုမူ အရေးယူ
နိုင်ခြင်းမရှိသေးသည်ကိုတွေ့ရှိနေရပါသည်။
         သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်လာစေရေး
ကိုဦးတည်ဆောင်ရွက်နေသောအချို့ဝန်ကြီး
များပင်လာဘ်ငွေများယူလျက်မည်သည့်ခက်
ခဲသည့်ကိစ္စကိုမဆိုဆောင်ရွက်ပေးနေသေး
ကြောင်းတွေ့နေရသည်။နေပြည်တော်ရှိ
Junction mall shopping center တွင်ရှိ 
ဝန်ကြီးများပိုင်ဆိုင်သည့်စိန်ဆိုင်ကြီးများတွင်
ပင်ဆိုင်မှဝန်ဆောင်မှုပေးလျက်မည်သည့်
အရာရှိ/ဝန်ကြီးများအိမ်သို့ဆိုင်များမှဝန်ဆောင်
မှုဖြင့်ပို့ပေးလျက်ရှိပါသည်။
           ယခုဖွင့်လှစ်မည့်အခွန်ထမ်းကြီးများ
ဆိုင်ရာအခွန်ရုံးအားမည်မျှအချိန်ထိ သန့်ရှင်း
စွာဖြင့်လာဘ်ငွေများမယူပဲရပ်တည်နိုင်မည်နည်း။

Friday, August 16, 2013

အိမ်မက်ဆိုးတွေကနေ နိုးထပေးကြပါတော့ မြန်မာမိန်းကလေးတွေရယ်

*ဟေ့ကောင် ငါဆော်ကို ငါက စင်ကာပူမှာလို့ ပြောထားတာကွ ။ ငါ့ facebook မှာလည်း စင်ကာပူလို့ဘဲ ရေးထားတယ် ။ ဖုန်းဆက်နေတဲ့ စင်ကာပူက ကောင်မလေးကလည်း လာလည်မယ်ပြောတယ် ။ လာလည်ရင်တော့ အေးဆေးဆေး ဟိုတည်ဘဲ သွားတည်းတော့မယ် ။*
ပျံ့လွင့်လာတဲ့ စကားသံတွေက ကိုယ်နဲ့ မဆိုင်ပေမယ့် နားထဲရောက်လာတာမို့ ကြားနေရတယ် ။ ကြားလိုက်မိတော့ ရင်မောပြန်တယ် ။ လူတွေ ရဲ့ အတွေးခေါ် အယူဆတွေ ဘာကြောင့် ဒီလောက်ထိ ပေါ့တန် သိမ်ဖျင်းလာရသလဲ ။ တစ်နေ့ တစ်နေ့ မကြားချင်လည်းကြးနေရတယ် ။ မမြင်ချင်လည်း မြင်နေရတဲ့ မြင်ကွင်းတွေ ၊ အသံတွေကို မုန်းလာသလိုထိ ရင်ထဲမှာ ခံစားလာရတယ်ဆို ပိုလိုက်တာလို့ ပြောကြမလား မသိဘူးနော် ။ ယနေ့ ခေတ်စားလာတဲ့ ချက်တင် ချစ်သူတွေ ၊ ဖုန်းချစ်သူတွေ အဖြစ်ပေါ့ရှင် ။ facebook မှာရေးထားတဲ့ ကိုယ်ရေးအချက်လက်တွေကို ကြည့်ပြီး သူ့ကိုရေးထားတာတွေကို အဟုတ်တွေမှတ်နေကြတဲ့ မြန်မာမိန်းကလေးတွေ ။ ပညာတွေ သင်ထားတာ အလကားမှ မဟုတ်တာဘဲ ။ လေ့လာပါ ၊ တွေးပါ ၊ ဆင်ခြင်ပါ လို့ပြောချင်မိတယ် ။ပြောတိုင်းယုံနေရအောင် ကျွန်မတို့ကို မိဘမွေးထဲက ဦးနှောက်ဆိုတာ ထည့်ပေးထားတယ် ။ ဒါအလကားထားဖို့မှ မဟုတ်တာ ။ ယောကျာင်္းတစ်ယောက်ကို ရွေးချယ်တဲ့ နေရာမှာ သူ့ရောက်နေတဲ့ နိုင်ငံတွေ ၊ သူ့ပိုင်ဆိုင်မှုတွေထက် အဓိကထား ရွေးချယ်ရမယ့် အချက်တွေရှိပါတယ် ။

၁.ယောကျာင်္းတစ်ယောက်ရဲ့ အရည်ချင်း ၊
၂.မိမိချစ်သူအပေါ် စာနာထောက်ထားတတ်မှု ၊
၃. မိမိချစ်သူအပေါ် သစ္စာရှိမှု ၊
၎. မိမိအပေါ် ဦးဆောင် တတမှု ၊
၅.နှမချင်းစာနာစိတ်ရှိခြင်း
၆.ဘာသာတူညီခြင်း၊
၇.ကျွန်မတို့ ဘ၀တွေကို ဘယ်လောက်ထိ လုံင်္ခြုမှုပေးနိုင်ခြင်း
ဆိုတဲ့အချက်တွေကို စံထားရွေးချယ်ရမှာပါ ။ ဘာမဟုတ်တဲ့ အရာတွေနဲ့ မဟုတ်တဲ့ ဂုဏ်ပကာသနတွေကို မက်မောမိရင် ရလာဒ်တွေက အလိမ်အညာတွေနဲ့ဘဲ တွေ့ဆုံနေကြရပါလိမ့်မယ် ။ စင်ကာပူမှာ ရှိရှိ အင်္ဂလန်မှာ ရှိရှိ ဒါတွေက အရေးမကြီးပါဘူး ။ အပေါ်က အချက်တွေနဲ့ ကိုက်ညီမှုရှိဖို့ ပိုအရေးကြီးပါတယ် ။ နိုင်ငံခြားဆိုတိုင်း အထင်မကြီးကြပါနဲ့ မြန်မာမိန်းကလေးတွေရယ်။ မဟုတ်တဲ့ဆိုဒ်မှာ ညီမလေးတို့ မမတို့ vzo ပုံတွေ ပလူပျံနေတာ သက်သေပါဘဲ ။ သေချာဘာမှ မသိတဲ့ ယောကျာင်္းတွေ အပေါ် ချစ်မိသွားလို့ပါဆိုတဲ့ အကြောင်းပြချက်လေး တစ်ခုနဲ မိမိတို့ ဘ၀တွေကို နင်းခြေမခံမိကြပါစေနဲ့ကွယ်။ လူုဖြစ်ရတဲ့ ဘ၀လေးမှာ လူဖြစ်ရကျိုးနက်ဖို့ဆိုတာ သိက္ခာရှိအောင်နေတတ်ဖို့ သိပ်အရေးကြီးပါတယ် ။ အွန်လိုင်းပေါ်က စကားတွေဟာ ယုံတမ်းစကားတွေလား အမှန်တမ်းစကားတွေလားဆိုတာကို ဝေဖန်ခွဲခြားနိုင်ခြင်း မပြုနိုင်ခင်မှာ ဘာကိုမှ မရက်ရောတာ အကောင်းဆုံးပါ ။ ဒါဆို မေးစရာရှိတယ် ။ အွန်းလိုင်းချစ်သူတိုင်းကို မယုံရတော့ဘူးလားလို့ ။ မဆိုလိုပါဘူး ။ တကယ်မေတ္တာစစ်နဲ့ ချစ်ပြီး ဘ၀ကို လက်တွဲသွားကြတဲ့ သူတွေ တပုံတပင်ပါဘဲ ။ ဒီလို လက်တွဲသွားတဲ့အထိ ဖြစ်တဲ့နေရာမှာ ဆုံးဖြတ်ချက်တွေ မှန်ကန်ဖို့ ရွေးချယ်တတ်ဖို့တော့ လိုတယ် ။ အွန်လိုင်းမှာ ချစ်သူဖြစ်ပြီး တာနဲ့ ပုံတွေတင်ကြတော့တာလည်း ခေတ်စားလာသလိုဘဲ ။စကား စပ်မိတုန်းလေး ပြောချင်သေးတယ် ။ မိမိချစ်သူကို ချစ်လို့ ကိုယ်ပိုင်တယ်ဆိုတာကို လူသိအောင် လုပ်ပေမယ့် တကယ်တမ်းမယူဖြစ်တဲ့ အခါမှာ နစ်နာသွားတာ ကျွန်မတို့ မိန်းကလေးတွေပါပဲ ။ နောက်တစ်ခု ချစ်သူဖြစ်ပြီဆိုတာနဲ့ အကောင့် password တွေကိုတောင်းတတ်ကြတာလည်း မိန်းကလေးတော်တော်များများရဲ့ တူညီတဲ့ အချက်ပါပဲ ။ တောင်းတာကို ကျွန်မ အပြစ်မဆိုပါဘူး ။ လိုအပ်တာထက် ပိုတဲ့ ပိုင်စိုးချင်တဲ့ စိတ်တွေက အချိန်တန်တော့ ကိုယ်ကိုဘဲ ဒုက္ခုပြန်ပေးတတ်တယ်ဆိုတာကို ပြောပြချင်တယ် ။ ဟုတ်ပြီ password ရပြီ။ ဖွင့်ကြည့်မယ် ။ ဒီလောက်ဆို လုံလောက်ပြီလေ ။ ဒီထက်ပိုပြီး သူစာမျက်နှာမှာ ကိုယ်ပုံတွေတင်တယ် ။ သူအနေနဲ့ ကိုယ်ကစကားတွေ ၀င်ပြောတာမျိုးကြတော့ အခွင့်ရေးကို အလွဲသုံးစားလုပ်တာနဲ့ တူပါတယ် ။ တဖက်လူကလည်း ခုစကားပြောနေတာ အကောင့်ပိုင်ရှင် ဟုတ်မဟုတ်ဆိုတာကို သိပါတယ် ။ ဒီတော့ တဖြေးဖြေး မိတ်ပျက်စရာတွေ ဖြစ်လာတတ်တယ် ။ အကောင့်ဆိုတာ ကြိုက်သလောက် ထပ်ဖွင့်ရတယ်ဆိုတာကို မေ့မထားစေချင်ဘူး ။ ပေးသိထားတဲ့ အကောင့်ကို လိုအပ်တာထက် ပိုချုပ်ကိုင်လာတဲ့ အခါတွေမှာ အသစ်တွေ ထပ်ဖွင့်သုံးကြတော့တာပါပဲ ။ ဒီတော့ ဘာတွေ လုပ်တယ်ဆိုတာ သိချင်လို့ password တောင်းတယ် ။ နောက်အသစ်ထပ်ဖွင့်သုံးတော့ အလကားဖြစ်နေပြီပေါ့ ။ သူပေးတာကို လိုအပ်တဲ့ အခါလေးပါဘဲ ဖွင့်ကြည့်တာမျိုးဆို သူလည်း စိတ်မညစ်ရဘူး ၊ ကိုယ်သိချင်တာလေးတွေလည်း သိနေရမယ် ။ ယောကျာင်္းလေး အများစုဟာ သိပ်စိတ်ရှုတ်မခံတတ်ကြဘူးဆိုတဲ့အချက်ကို မေ့မထားကြပါနဲ့ ။ ကဲ အွန်လိုင်းချစ်သူကိစ္စကို ဆက်ရအောင် ။ ဟုတ်ပြီ အွန်လိုင်းမှာ ချစ်သူဖြစ်တယ် ။ တစ်ယောက်အကြောင်းတစ်ယောက်သိအောင် လိုအပ်သလောက် စကားပြောကြည့်မယ် ။ ဒီထက်လေးနက်လို့ရပြီဆို အပြင်မှာတွေ့ကြည့်ရမယ် ။ ( တွေ့ကြည့်ရမယ်ဆိုတာ တည်းခိုခန်းတွေမှာ တွေ့ကြည့်ဖို့ မဟုတ်ဘူးနော် ) ။ မိဘတွေနဲ့ တွေ့ပေးကြည့်မယ် ။ အားလုံးသေချာ အိုကေပြီးဆိုရင်တောင် ဆေးစစ်ရအုံးမယ်နော် ။ အားလုံး အဆင်သွားပြီဆို လက်ထပ်ကြတာပြီပေါ့ ။ ဘယ်လောက် မင်္ဂလာရှိလိုက်သလဲရှင် ။မပြောချင်ပေမယ့် ပြောရအုံးမယ်ရှင် ။ ကျွန်မတို့နဲ့ ခင်တဲ့ လူတစ်ယောက်ပေါ့ ။ သူ့မှာမိန်းမရှိတယ်။ မိန်းမလေးက သူ့ထက်လည်း တော်တော်လေးကို ငယ်တယ် ။ ချစ်ဖို့လည်းကောင်းတယ် ။ သူအကျင့်က ဟုတ်တာကော မဟုတ်တာပါ စကားအကြီးကြီတွေ ပြောတတ်တယ် ။ နောက် အရမ်းကို ချက်တင်ထိုင်တယ် ။ အလုပ်က ပြန်လာပြီဆိုတာနဲ့ ရေတောင်မချိုးနိုင်ဘဲ ကွန်ပြူတာ တန်းဖွင့်တော့တာပါပဲ ။ ချက်တင်ထဲမှာ နောက်ထပ်ကောင်မလေးတွေနဲ့ ရည်းစားဖြစ်နေတယ်လေ။ ဒါဘာထူးဆန်းလို့ ထင်နိုင်ပါတယ် ။ ဟုတ်ဒါအထူးဆန်းပါဘူး ။ ထူးဆန်းတာက တဖက်မိန်းကလေးတွေက သူ့မှာ အိမ်ထောင်ရှိတယ်ဆိုတာကို သိသိနဲ့ ပြန်ကြိုက်တာသတဲ့လေ။ သူ့မိန်းမကိုကြတော့ ထားစရာ နေရာမရှိအောင် တိုတတ်ပါတယ် ။ နောက်ထပ်ရည်းစားတွေထားတာ ၊ ကောင်မလေးတွေက သူ့မှာ မိန်းမရှိနေမှန်းသိသိနဲ့ ပြန်ကြိုက်တယ်ဆိုတာတွေကို ဂုဏ်ယူစွာနဲ့ ကြွားနေတာ ။ ကြားရတဲ့ ကျွန်မ အသက်ရှူဖို့ ခဏ မေ့သွားတယ် ။ ကိုယ်နဲ့ မဆိုင်ပေမယ့် မြန်မာမိန်းကလေးဆိုတာနဲ့ ကျွန်မနဲ့ ဆိုင်သလို ခံစားမိတယ် ။ မခံချင်တဲ့ စိတ်တွေက နှိုးကြွလာတယ် ။ သူ့ကို တစ်ခုခု ပြန်ပြောချင်တယ် ။ ပြောချင်တဲ့ စိတ်ကို ချုပ်ထိန်းလိုက်ရတာ တစ်ကိုယ်လုံးမှာ ရှိတဲ့ အာရုံကြောတွေ ခေတ္တခဏမျှ တုံ့ဆိုင်းသွားသလားထင်ရပါတယ် ။ အတွေးခေါ်တွေ တဖြေးဖြေး ဆင်းရဲလာတဲ့ မြန်မာမိန်းကလေးတွေ အတွက်ပါ ။ ဘာကိုမှ အလေးနက်မရှိတဲ့ ခပ်ပေါ့ပေါ့လူစားတွေကတော့ သူကို အထင်ကြီးချင်ကြီးနေကြမှာပေါ။ ခေတ်ကာလ မြန်မာမိန်းကလေးတွေရဲ့ အတွေးမှာ အယူဆမှားတွေကို သန့်စင်သွားအောင် ဘယ်အရာနဲ့ ဆေးကြောပေးရမလဲလို့ အခါခါတွေးမိတယ် ။ ရခဲလှတဲ့ လူ့ဘ၀ကြီးမှာ အနှစ်သာရ ရှိစွာနေထိုင်ဖို့ဆိုတာ ဆင်းရဲတော၊ ချမ်းသာတော ၊ တော်တာ ၊ ညံ့တာနဲ့ မဆိုင်ပါ ။ ကျွန်မတို့ တတွေ လူဖြစ်ပြီး လူပီတအောင် နေတတ်ဖို့ အရေးကြီးပါတယ် ။ ကြောက်ရမယ့် အရာကို ကြောက်ကိုကြောက်တတ်ရမယ် ။ ရှက်ရမယ့် အရာကို ရှက်တတ်ရမယ် ။ ထိန်းသိမ်းရမယ့် လူကျင့်ဝတ်တွေကို ထိန်းသိမ်းနိုင်ရမယ် ။ ဒါမှ လူပီတသူလို့ သတ်မှတ်နိုင်မှာပါ ။ အကျင့် သီလ ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံသော မိန်းမကောင်းလေးတွေ မိသားစုတိုင်းမှာ ရှိနေပါလျှင် အိမ်သာ၏ ။ သီလသတီ = ကိုယ်ကျင့်သီလနှင့်ပြည့်စုံခြင်း ၊ မေဓ၀ိနီ = အမြော်အမြင် ဆင်ခြင်ဥာဏ် ပညာအလိမ္မာနှင့် ပြည့်စုံခြင်း ဆိုတဲ့ မိန်းမကောင်းကျင့်ဝတ်တရားလေးတွေကို မမေ့မလျော့ နှလုံးသွင်း ဆင်ခြင်နိုင်ကြပါစေ ။
မလေးရှားရောက် မြန်မာတွေရဲ့ လူနေမှု ပုံစံလေးကို ပြောချင်ပါသေးတယ် ။ ခိုင်လေး ဆိုတဲ့သူငယ်ချင်းတယောက်ပြောပြတဲ့ အကြောင်းလေး နည်းနည်း ပြောပြချင်ပါတယ် ။ သူမ မလေးရှားမှာ ခုလက်ရှိနေပါတယ် ။ အမျိုးသားနဲ့ တူတူနေပါတယ် ။ တူတူနေတယ်ဆို မလေးရှားရောက် မြန်မာစတိုင်လို မယူရသေးဘဲ တူတူနေနေတာမျိုး မဟုတ်ပါ ။ တရားဝင်လက်ထပ်ပြီး လိုက်နေခြင်းမျိုးပါ ။ သူမ အမျိုးသားရှိလို့သာ လိုက်နေရပေမယ့် မလေးရှားမှာ နေနေတာကို ခိုင်လေးမိဘတွေက လုံးဝ သဘောမကျပါဘူး ။ ခိုင်လေးတို့ အိမ်မှာ လုပ်စရာ အလုပ်တွေ အပြည့်ပါပဲ ။ အိမ်ထောင်ရှင် ယောကျာင်္းတစ်ယောက်ကို အဝေးမှာ ကြာကြာ တစ်ယောက်ထဲ ထားဖို့ မသင့်ဘူးလို့ မှတ်ယူတာမို့ သူနဲ့ တူတူလိုက်နေရခြင်းပါ ။ မလေးရှားရောက်တဲ့အခါ သူမအလုပ်လုပ်မယ်လို့ ပြောပါတယ် ။ အမျိုးသားက ပေးမလုပ်ပါဘူး။ သူများဆီမှာ တစ်ခါမှ အလုပ်အလုပ်ဘူးဘဲ အဆင်ပြေမှာ မဟုတ်ဘူးတဲ့ ။ လုပ်တတ်မှာလည်း မဟုတ်ဘူးဆိုပြီး အိမ်မှာဘဲနေခိုင်းပါတယ် ။ ဒီတော့ တစ်နေ့ တစ်နေ့ အိမ်မှုကိစ္စလေးတွေလုပ် ပြီးတာနဲ့ စာတွေဖတ် သတင်းတွေဖတ် ၊ စာရေး ဒါသူမ အလုပ်ပါပဲ ။ သူမက အကျင့်တစ်ခုရှိတယ် ။ သိချင်တဲ့ အရာတစ်ခုကို သေချာလေ့လာတတ်တာပါပဲ ။ မလေးရှားကို ရောက်ပြီး မလေးရှားရောက်တဲ့ မြန်မာတွေ အကြောင်းကို လေ့လာဖြစ်တယ် ။ အသေးစိတ်ကို လေ့လာမိပါတယ် ။ တခြားနိုင်ငံတွေကို ရောက်ဖူးပေမယ့် ခုလောက် ကြာကြာမနေဘူးတာမို့ မလေးရှားရောက် မြန်မာတွေ အကြောင်းလောက်တော့ မသိခဲ့ပါဘူး ။ မလေးရှားကို ရောက်နေတဲ့ မြန်မာ ယောကျာင်္းလေးတွေ အကြောင်းကို အရင်ပြောချင်တယ် ။ အိမ်ထောင်ရှိသူတွေ ဖြစ်လင့်ကစား မလေးရှားရောက်တာနဲ့ *အင်ဒိုနီးရှား*မတွေနဲ့ တူတူနေကြတယ် ။ မြန်မာချင်းကြိုက်ကြတယ် ။ ချစ်သူဖြစ်ပြီဆိုတာနဲ့ တူတူအိပ်ကြတော့တာပဲ။ ကွဲသွားကြလည်း ဘာမှထူးထွေ မခံစားကြရသလိုဘဲရှင် ။ အတွဲ တစ်တွဲဆို တစ်မြို့ထဲ သားတွေပါ ။ နှစ်ယောက်စလုံး အိမ်ထောင်တွေပါပဲ ။ မလေးရှားကို ရောက်တော့ ဖောက်ပြန်ကြတယ် ။ တူတူနေနေကြတယ် ။ မြန်မာပြည်က မိသားစုတွေကတော့ ဒါတွေကို ပြန်သိမှာ မဟုတ်ပါဘူး ။ သိပ်ကို စိတ်ပျက်စရာကောင်းလှတဲ့ အဖြစ်တွေပေါ့ ။ လူတွေ လူတွေ ဘာလို့ သိရက်နဲ့ မိုက်မဲနေကြတာလဲ။ ဒီမေးခွန်းကို ကျွန်မ ရင်ထဲမှာ အထပ်ထပ်ကို မေးနေမိတယ်။အချစ်ဆိုတာ တစ်ကယ်ကို သိမ်မွေ့နူးညံ့ပြီး တန်ဖိုးရှိပါတဲ့ ခံစားမှုလေးတစ်ခုပါ ။ ဒီခံစားမှုလေးကို လူတွေက မဟုတ်တဲ့ နေရာမှာ အသုံးချနေတာကတော့ လုံးဝကို မဖြစ်သင့်ပါဘူး ။ အိမ်ထောင်ရေးတိုင်းမှာ အတွင်းကျိတ် ပြသနာလေးတွေ ရှိနေတတ်ကြပါတယ်။ ဒီလို ပြသနာတွေ ဖြစ်ကျတဲ့ နေရာမှာ ယောကျာင်္းလေး ကော မိန်းကလေးတွေပါ အေးဆေးစွာ ဖြေရှင်းတဲ့ နည်းလမ်းက အကောင်းဆုံး နဲ့ အဖြစ်သင့်ဆုံးပါပဲ ။ ဒါပေမယ့် ပြသနာတက်ချိန်မှာ ဘယ်သူက အေးအေးဆေးဆေး ဖြေရှင်း နိုင်မှာလဲ လို့ တွေးမိကြပါလိမ့်မယ်။ မှန်ပါတယ် ဒါပေမယ့် အတတ်နိုင်ဆုံးတော့ သွေးအေးအေးထားစေချင်တယ် ။ ဒီနေရာမှာ ဖြစ်တတ်တာလေးတွေကို တင်ပြချင်ပါတယ် ။
ရိုးသွားတတ်တယ်
အိမ်ထောင်သက်ကြာလာတာနဲ့ အမျှ ရိုးသွားတယ်လို့ မဟုတ်ပေမယ့် အပြောင်းလဲဆိုတာတော့ ရှိလာတတ်ပါတယ်။လူတစ်ယောက်က နေ့တိုင်း ကြက်သားဟင်းကို စားနေရပေမယ့် တစ်ခါတစ်ရံမှာ ငပိရည်တို့စရာလေးကိုတော့ စားချင်တဲ့စိတ်တွေ ၀င်လာတတ်ကြတယ် ။ အိမ်ရှင်မတွေအနေနဲ့ ကြက်သားဟင်းကို ကြော်တာလေးကတမျိုး၊ ချက်တာလေးကတစ်ဖုံ။သုတ်ပေးတာလေးက တသွယ် စားချင်စဖွယ်ဖြစ်အောင်တော့ ပြောင်းလဲမှုလေးတွေ ရှိပေးသင့်ပါတယ် ။ တခါတရံ စားချင်လာတတ်တဲ့ငပိရည်ဆိုတာ စားမိရင် မျက်နှာမှာ အဖုတွေ ထွက်လာတတ်သလို ၊ ဘ၀မှာလဲ အမည်းစက် အဖုတွေ ထွက်လာတယ်ဆိုတာကိုနားဝင်အောင် နူးညံ့တဲ့ နည်းလမ်းလေးတွေနဲ့ ပြောပြဖြေရှင်းသင့်တယ်။ 

သစ္စာမဲ့ခြင်းဆိုတာကို တရားဝင်ချိုးဖောက်မိကြခြင်း

အိမ်ထောင်တစ်ခုကို ထူထောင်တဲ့ နေရာမှာ မိဘပေးစားလို့ဘဲ ဖြစ်ဖြစ် ကိုယ်တိုင်ချစ်ခင်စုံမက်လို့ဘဲ ဖြစ်ဖြစ်၊ ဘယ်လို အကျိုးကြောင်းတရားတွေ ရှိနေပါစေ ကိုယ်ကို တိုင် လက်မှတ်ထိုး ပေးမှ တရားဝင် အကြင်လင်မယားဖြစ်ကြရတဲ့အတွက် ကိုယ်တိုင် စိတ်နဲ့ လက်ထပ်ဖြစ်ကြရတာပါပဲ ။ ညှိုနှိုင်းလို့ ဘယ်လိုမှ ကို မရတော့ဘူး ၊ မဖြစ်နိုင်ဘူးဆိုရင်လဲ ကွာရှင်းလိုက် တာက သိက္ခာရှိပါသေးတယ် ။ မပြေလည်တဲ့ အိမ်ထောင်ရေးကို အကြောင်းတွေပြ ဒီဘက်လဲ မရှင်း ၊ ဟိုဘက်မှာလဲ ဇာတ်လမ်းတွေ ရှာနေကြတဲ့ သူတွေတော်တော် များများကို မလေးရှားမှာ တွေ့နေရပါတယ်။ လက်ရှိ အိမ်ထောင်ရေးမပြေလည်မှုမှာ ကိုယ်ဘက်က မှန်ချင်မှန်နေပေမယ့် အိမ်ထောင်ရေးမပြေလည်လို့ပါဆိုတဲ့ အကြောင်းပြချက်နဲ့ ဖော်ပြန်တာတော့ သိက္ခာမရှိနိုင်ပါဘူး ။ တရားဝင် ကွာရှင်းပြတ်ဆဲခြင်းမရှိဘဲ ဒီလိုကျူးလွန်မိလိုက်တာဟာ မှန်ခဲ့တယ်ဆိုတဲ့ ကိုယ်အမှန်တရားတွေပါ အလကားဖြစ်ကုန်တာပါပဲ ။ ကိုယ် ဂုဏ်သိက္ခာတွေ ၊ ကိုယ်ကျင့်တရားတွေ ပျက်စီးခဲ့ရင် ဘယ်ပညာ ၊ ဘယ်ချမ်းသာမှု ကမှ မကယ်နိုင်ပါဘူး။ အဲဒီလို အခါမျိုးတွေမှာ မှန်ရှေ့မှာ ရှင် ရပ်လိုက်ပါ ။ မှန်ထဲမှာ ပေါ်နေတဲ့ ကိုယ်ပုံရိပ်က ရှင်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး အပြစ်တင်နေသလို ရှင် ခံစားရပါလိမ့်မယ်။ အချိန်မှီနေပါသေးတယ် ရှင် အမြန်ဆုံး သိက္ခာရှိတဲ့ လုပ်ရပ်ကို အမြန်ဆုံး ပြုပြင် ပြောင်းလဲလိုက်ပါ ။ ရှင်ကို ကံတရားက တစ်ကြိမ်တော့ ပြင်ဆင်ခွင့် ပေးပါလိမ့်မယ်။ ဖောက်ပြန်တယ်လို့ နာမည်တပ်ခံရတာကိုက လူတစ်ယောက်လုံးကို ရစရာမရှိအောင် သိမ်ငယ်သွားစေပါတယ် ။ မလေးရှားမှာ ပြောနေတတ်ကြလွန်းလို့ပါ ။ မြန်မာပြည်က မိန်းမက ဘယ်လိုမကောင်းတာ ၊ မြန်မာပြည်က ယောကျာင်္းက ဘယ်လို ဆိုးတာ စုံနေတာပါပဲ ။ ဟုတ်ပြီ မကောင်းဘူး ၊ ဘယ်လိုမှ ညှိနှိုင်းမရဘူးဆိုရင် ကွာရှင်းလိုက်ပါ ။ ဒီလို မဟုတ်ဘဲ မကောင်းတာတွေ ဆိုးတာတွေကို အကြောင်းပြပြီး လက်ရှိ အိမ်ထောင်အပေါ် ဖောက်ပြန်နေခြင်းကတော့ ရုပ်ဆိုးလွန်းပါတယ် ။ ဆင်ခြင်နိုင်ကြပါဝေလို့ ဆုတောင်းမိပါတယ် ။
မိန်းကလေးတွေ အနေနဲ့လည်း ပိုက်ဆံလာရှာတာ မှန်ပေမယ့် မှန်ကန်တဲ့ နည်းမှန်လမ်းမှန်တွေနဲ့ဘဲ ရှာစေချင်ပါတယ် ။ ချစ်သူဖြစ်ပြီဆိုတာနဲ့ တူတူလိုက်အိပ်နေရမယ်ဆိုတဲ့ အောက်တန်းကျတဲ့ ပုံသေနည်းကြီးကို ကျွန်မတို့ မြန်မာမိန်းကလေးတွေ ထိန်းသိမ်းရမယ့် ကိုယ်ကျင့်တရားဆိုတာနဲ့ တွန်းလှန်တိုင်ထုတ်ပြစ်ကြရအောင် ။ ခုဆို ယောကျာင်္းတော်တော်များများပြောနေကြတဲ့စကားရှိပါတယ် ။ မြန်မာမတွေလည်း အင်ဒိုမတွေနဲ့ ဘာမှ မထူးတော့ဘူးတဲ့ ။ သိပ်ကို ရင်နာစရာကောင်းပါတယ် ။ မြန်မာပြည်ပြန်သွားတဲ့ လူုတိုင်းလိုလိုက နိုင်ငံခြားကောင်းကြောင်းတွေကိုသာ စီကာပတ်ကာပြောတတ်ကြပေမယ့် ဆိုးကျိုးတွေကို ချန်လှပ်ထားကြတာလဲ လူသားမပီသ မှုတစ်ခုပါပဲ ။ အသက်ကြီးသူက ငယ်သူကို ထိန်းဖို့မပြောပါနဲ့ ကြီးသူတွေကိုယ်တိုင်ကိုက ထိန်းမနိုင် သိမ်းမနိုင်အောင် ဖြစ်နေကြတာ ယိုသူမရှက် မြင်သူရှက်ဆိုသလိုပါပဲ ။ ကဲ ကျွန်မတို့ ဘယ်လို ထိန်းကြမလဲ လူတစ်ဦးချင်း တစ်ယောက်ချင်းဆီက မိမိတို့ကိုယ်ကို တန်ဖိုးတတ်ခြင်းတွေနဲ့ ထိန်းမယ် ။ မိဘတွေ အနေနဲ့လည်း မိမိတို့ သမီးရတနာလေးတွေကို ငွေမျက်နှာတစ်ခုထဲကို မကြည့်ဘဲ နိုင်ငံခြားကိုလွတ် ငွေရှာခိုင်းခြင်းတွေကို သေချာဆင်ခြင်တွေးတောမယ် ။ တကယ်လိုအပ်တယ် လွတ်ရမယ်ဆိုရင်တောင် မိမိတို့ သားသမီးကို သေချာ လေ့လာပါ ။ မိမိရင်သွေးငယ်ဟာ ကိုယ်ကိုကိုယ် အမှန်တကယ် ထိန်းသိမ်းနိုင်ပြီလားဆိုတာကို လေ့လာပြီးမှသာ လွတ်သင့်ပါတယ် ။ အကောင်းဆုံးနည်းလမ်းကတော့ မိမိကိုယ်ကို ဂုဏ်သိက္ခာရှိအောင် နေတတ်ခြင်းဘဲ ဖြစ်ပါတယ် ။ ဒီနည်းလမ်းဟာ အကောင်းဆုံးနဲ့ အဖြစ်သင့်ဆုံးပါပဲ ။ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ယဉ်ကျေးတဲ့ ခေတ်တစ်ခေတ်ဖြစ်အောင် ကျွန်မတို့တွေ လက်တွဲညီညီ တည်ဆောက်ကြပါစို့ ။ သူ့ဖက် ကိုယ့်ဖက်မျှတစွာ စဉ်းစားတတ်ပြီး ကိုယ်ချင်းစာတရားကို လက်ကိုင်ထားတတ်သော ၊ နှမချင်းစာနာစိတ်မွေးမြူတတ်သော အမျိုးကောင်းသားတွေ ပေါ်ပေါက်ပါစေ ။ ဘုရားဂုဏ် ၊ တရားဂုဏ်၊ သံဃာ့ ဂုဏ်တို့ကို အထူးမှတ်ရှူတတ်ကာ မေတ္တာပွားများနိုင်သော အမျိုးကောင်းသမီးများစွာ ပေါ်ပေါက်လာကြပါစေ ။ 
အိမ်မက်ဆိုးတွေကနေ နိုးထပေးကြပါတော့ မြန်မာမိန်းကလေးတွေရယ်လို့ လှုပ်နှိုးရင်း ဆောင်းပါးလေးကို အဆုံးသတ်လိုက်ရပါတော့တယ် ။

မိန်းကလေးများ၊ ယောက်ကျားလေးများကို ပုတ်ခတ်ပြောဆိုဝေဖန်ရန်အတွက် အစဖော်ပေးခြင်းမဟုတ်ပါ။ ကြမ်းတမ်းစွာပြောဆိုဝေဖန်မည့်အစား နှစ်သိမ့်ပညာပေး အားပေးစေချင်ပါတယ်။

http://www.myanmarexpress.net/
မှ ပြန်လည်ကူးယူတင်ထားခြင်းဖြစ်ပါသည်။

Tuesday, August 6, 2013

အနုပညာရှင်များကြားက မူးယစ်ဆေးပြဿနာ


မကြာသေးမီရက်ပိုင်းအတွင်းက နာမည်ရသရုပ်ဆောင်မင်းသားတစ်ဦးကို စိတ်ကြွရူးသွပ်ဆေးပြား တစ်ရာကျော်နှင့်အတူ ဖမ်းဆီးလိုက်သည့်သတင်းမှာ ပရိသတ်အတွက် အထူးအဆန်းမဟုတ်တော့ပါ။ အနုပညာရှင်များနှင့် မူးယစ်ဆေးဝါးပြဿနာ ရောထွေးနေမှုများမှာ ပရိသတ်များနှင့် ရင်းနှီးနေပြီဖြစ်သည်။

“တချို့ရုပ်ရှင်ထုတ်လုပ်ရေး တိုက်တွေမှာ စိတ်ကြွဆေးတွေကို ဧည့်ခန်းမှာ ပန်းကန်နဲ့ချထားပြီ ဧည့်ခံနေတာ။ မကင်းနိုင်တဲ့သူအများစုက အ၀င်အထွက်လုပ်တော့ လူစည်တယ်။ ရိုက်ကွင်းမှာဆိုလည်း မင်းသား၊ မင်းသမီးကို ဆေးဝယ်ပေးချင်တဲ့၊ ဆေးသယ်ပေးချင်တဲ့သူတွေ တစ်ပုံကြီး၊ ပွဲတော်ကြီးလိုဖြစ်နေတာ”

ယနေ့ အနုပညာလောကအတွင်း ကြီးကြီးမားမားစိမ့်ဝင် နေရာယူထားသည့် စိတ်ကြွရူးသွပ်ဆေးဝါးများ၏ အခန်းကဏ္ဍမြင်ကွင်းကို အမည်မဖော်လိုသည့် ရုပ်ရှင်ဒါရိုက်တာတစ်ဦးက ဖွင့်ဟပြောဆိုလိုက်ခြင်းဖြစ်သည်။

သို့သော် ၁၉၈၈ ခုနှစ်နောက်ပိုင်း ရန်ကုန်မြို့ပေါ်၌ ဘိန်းကို အလွယ်တကူဝယ်ယူရရှိနိုင်သည့် ကာလတုန်းက သုံးစွဲသည့် အနုပညာရှင်အများစုမှာ ရောင်းဝယ်ဖောက်ကားမှုတွင် ပါဝင်ပတ်သက်မှုမရှိသလောက် နည်းပါးခဲ့ကြောင်း ယင်းကာလကို ဖြတ်သန်းခဲ့ဖူးသူ ဒါရိုက်တာဝိုင်းက ဆိုသည်။

ယနေ့ခေတ်တွင်မူ သုံးစွဲရုံသာမက ကိုယ်တိုင်ရောင်းဝယ်ဖောက်ကားသည့် အနုပညာရှင်အချို့ ရှိလာပြီဖြစ်သည်။ ၎င်းတို့သည် ငွေကြေးရလိုမှုတစ်ခုအပြင် ဆေးကို စည်းရုံးသိမ်းသွင်းသည့် လက်နက်တစ်ခုသဖွယ် သုံးစွဲလာသည်မှာ အနုပညာလောကအတွက် အန္တရာယ်ဖြစ်လာကြောင်း မူးယစ်ဆေးဝါးသံသရာထဲက ယတိပြတ် ရုန်းထွက်ခဲ့ပြီး ယခုနာမည်ကြီး ဒါရိုက်တာတစ်ဦးအဖြစ် ပြန်လည်ရပ်တည်နေသူ ဒါရိုက်တာဝိုင်းက ပြောသည်။

နာမည်ရသရုပ်ဆောင်အချို့၊ အဆိုတော်အချို့၊ ဒါရိုက်တာ အချို့ ဆေးဝါးများနှင့်အတူ ဖမ်းဆီးခံရချိန်တွင် ပရိသတ်များကြားထိပင် သိရှိနေသည့် ဆေးဝါးရောင်းဝယ်မှုများနှင့် ပတ်သက်နေသော အနုပညာရှင်များ ဖမ်းဆီးခံရမှုသတင်းများ မတွေ့ရသေးသည်ကို မူးယစ်ဆေးဝါးတားဆီး ကာကွယ်နှိမ်နင်းရေးအဖွဲ့ (ရန်ကုန်)မှ ဒုတိယရဲမှူးကြီး ခင်မောင်သိန်းက အဖြေပေးပါသည်။

“သိသိကြီးနဲ့ မဖမ်းဘူးဆိုတာ ဘယ်တော့မှမရှိဘူး။ သိရင်တောင်မှ သူဘယ်ဟိုတယ်မှာ သုံးနေတာလဲ။ In Position ဖြစ်နေလား ကြည့်ပြီးမှ လုပ်ရတယ်။ ဘယ်သူကတော့ သတင်းကျော်ဇောမှုရှိတယ်ဆိုတာ ပြောလို့မရဘူး။ ရှိတာကတော့ အနည်းနဲ့အများရှိကြတယ်။ စောင့်ကြည့်နေတယ်။ ကိုယ့်ဘက်က သေချာပိုင်နိုင်ရင် အနုပညာရှင်မကလို့ ဘာကြီးပဲဖြစ်နေဖြစ်နေ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်တယ်ဆိုရင် ပြတ်ပြတ်သားသား အရေးယူတာပါပဲ”

သို့သော် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များသည် ကျော်ဇောသတင်း ရထားတိုင်းလည်း ၀င်ရောက်ဖမ်းဆီးရန်မှာမူ အခက်အခဲအတားအဆီးများ ရှိနေသည်ဟု ၎င်းက ဆိုသည်။

“သရုပ်ဆောင်တွေထဲလည်း သုံးတာရှိပါတယ်။ ဒါပေမဲ့ သေသေချာချာ Position ရှိမှ အရေးယူလို့ရမှာ။ သတင်းတက်လာတာနဲ့ အိမ်ပေါ်တက်ပြီး ဖမ်းဟယ်ဆီးဟယ်လုပ်လို့မရဘူး။ မမိရင် သိက္ခာချတယ်။ ကျင့်ဝတ်ချိုးဖောက်တယ်လို့ ဖြစ်လာနိုင်တယ်။ ဥပဒေက ရှိသေးတယ်” ဟု အဆိုပါ ရဲမှူးကြီးက ပြောသည်။

မအိပ်မနေ လန်းဆန်းတက်ကြွစွာဖြင့် အနုပညာအလုပ်များ လုပ်ကိုင်နိုင်ပြီး ဆန်းသစ်သော စိတ်ကူးများ၊ အတွေးအခေါ်များ ထွက်ပေါ်နိုင်သည်ဟူသည့် ယူဆချက်များကြောင့် နီးစပ်ရာအနုပညာရှင်အချို့ ဟိုတယ်ကဲ့သို့သော အခန်းများအတွင်း အုပ်စုဖွဲ့၍ ဆေးဝါးမှီဝဲခြင်းများရှိသည်။ နာမည်ကျော် အနုပညာရှင်များကို ဆေးဝါးများ အခမဲ့ပံ့ပိုးပေးခြင်း၊ အလွယ်တကူရှာဖွေပေးနိုင်ခြင်းတို့ဖြင့် စည်းရုံးထားနိုင်ပါက လုပ် ငန်းအဆင်ပြေနိုင်မည်ဟု ယူဆ ကြသည့် ထုတ်လုပ်ရေးတိုက်အ ချို့က ယင်းနည်းလမ်းကို သုံးစွဲကြ သည်ဟု ဆိုကြသည်။

“အနုပညာရှင်အချင်းချင်းလည်း ရောင်းတယ်။ အပြင်ကလူတွေကလည်း နာမည်ကြီးတစ်ယောက်နဲ့ ချိတ်ထားရင် သူနဲ့ဆက်စပ်တဲ့ သူတွေနဲ့ ချိတ်မိသွားပြီး အရောင်းအ၀ယ်တွေဖြစ်ကြတယ်။ ဒီလူတွေကို အာဏာပိုင်တွေက အရေးယူတယ်၊ လာစစ်တယ်လို့ မကြားဖူးဘူး။ သူတို့ဟာ အင်မတန်လွတ်လပ်စွာနဲ့ လုပ်ချင်ရာ လုပ်နိုင်နေကြတယ်” ဟု အမည်မဖော်လိုသူ ဒါရိုက်တာတစ်ဦးက ပြောသည်။

“တချို့ဆေးရောင်းသူတွေက သူတို့လိုအင်ဆန္ဒအတွက် စပေးသုံးတုန်းက ပိုက်ဆံပေးစရာ မလိုဘူး။ နောက်ပိုင်းကျတော့ ရောင်းရော။ မူးယစ်ဆေးဝါးသုံးစွဲပြီးရင် နောက်ဆက်တွဲလိင်ကိစ္စတွေပါ ပါလာကုန်တယ်။ အခုဟာက အနုပညာရှင်အချင်းချင်းကိုပဲ ရောင်းတာမဟုတ်ဘဲ လူတကာကို ရောင်းနေတာ” ဟု ယင်းဒါရိုက်တာက ပြောသည်။ အနုပညာရှင်အချို့သည် မူးယစ်စေပြီး စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို မှီဝဲသုံးစွဲမှ ဖန်တီးထုတ်လုပ်သည့် အနုပညာထုတ်ကုန်များ အရည်အသွေး တောက်ပြောင်ထူးချွန်သည်ဟု တလွဲယူဆချက်မှာ ဆေးဝါးနွံထဲမှ ရုန်းမထွက်နိုင်သည့် အဓိကအချက်ဖြစ်နေကြောင်း မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးစီမံချက် ဒါရိုက်တာ စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီးဒေါက်တာလှဌေးက ဆိုပါသည်။

“အရင်ခေတ်က ဘိန်းက သုံးပြီးရင် ငြိမ်တော့ အကျခေတ်ပေါ့။ အခုက အကြွခေတ်။ များသောအားဖြင့် မအိပ်မနေနဲ့ ဖျော်ဖြေရေးလိုင်းသွားတဲ့ ကလေးတွေက စိတ်ကြွဆေးတွေကို တလွဲသုံးစွဲကြတယ်။ အဆိုတော် ကောင်လေးတစ်ယောက်ဆို ဒါသုံးလို့ ပိုဆိုနိုင်တယ်လို့ပြောတယ်။ ဒါတော်တော်လေး လွဲမှားတယ်။ ရှိသမျှခွန်အားကို တစ်ထိုင်တည်းနဲ့ သုံးတဲ့အတွက် ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေအရ ရုတ်တရက်သေဆုံးတဲ့ ဖြစ်ရပ်တွေ အခုနောက်ပိုင်းများလာတာ တွေ့နိုင်တာပဲ” ဟု ဒေါက်တာလှဌေးကပြောသည်။

အနုပညာရှင်များအကြား ကျန်းမာရေးမကောင်းသဖြင့် ဆေးဝါးကုသရသည်ဟုဆိုကာ ဆေးလွန်သွားသဖြင့် ကုသမှုခံယူရသည့် သတင်းများကလည်း ထွက်ပေါ်နေသည်။

မြန်မာနိုင်ငံတွင် အာဏာပိုင်များက ဖမ်းဆီးမှုများရှိသလောက် လက်လှမ်းမီ အလွယ်တကူရနိုင်သည့် ဆေးဝါးမှာလည်း အဆိုပါ WY စာတန်းပါ ဆေးပြားများ ဖြစ်နေကြောင်း တားဆီးနှိမ်နင်းရေးကို လုပ်ဆောင်နေသည့် ဒေါက်တာလှဌေးက ဆိုသည်။ ရုပ်ရှင်ရိုက်ကွင်းအချို့တွင်ပင် တရားဝင်သဖွယ် လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားသုံးစွဲမှုများ ရှိနေပြီး အာဏာပိုင်များ၏ ဖမ်းဆီးအရေးယူမှုမှာ အားနည်းနေကြောင်း ရုပ်ရှင်ဒါရိုက်တာတစ်ဦးက ဆိုသည်။

“မူးယစ်ဆေးဝါးအပေါ်ထားတဲ့ တစ်ဦးချင်းရဲ့ ခံယူချက်ပေါ်မူတည်ပြီး ကွဲပြားသွားတာပါ။ ဒါပေမဲ့ မူးယစ်ဆေးဝါးရဲ့ အန္တရာယ်က အားလုံးသိပြီးဖြစ်တဲ့အတိုင်းပဲ တော်တော်လေး ကြီးမားပါတယ်။ ဒါကြောင့် ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် မသုံးစွဲသင့်ပါဘူး” ဟု အကယ်ဒမီထွန်းအိန္ဒြာဗိုက ပြောကြားသည်။

တိုင်းပြည်ကို ပြန်လည်ထူထောင်နေသည့် ကာလတွင် လူ့စွမ်းအားအရင်းအမြစ်များထဲမှ အဓိကအရေးပါသည့် လူငယ်ထု၏ အသက်အန္တရာယ်ကို ဆိုးရွားစွာ ခြိမ်းခြောက်လာနေသော စိတ်ကြွရူးသွပ်ဆေးဝါးကို အမြစ်ဖြတ်သုတ်သင်ရန် အစိုးရတွင် တာဝန်အပြည့်အ၀ရှိကြောင်း ဒါရိုက်တာရီဇော်က ပြောသည်။

“လွယ်လွယ်နဲ့ ၀ယ်မရဘူးဆို ဘယ်သူမှ သုံးမနေဘူး။ တိုင်းပြည်ပြန်ထူထောင်မယ့်အချိန်မှာ ပညာတတ်တွေ စွမ်းအားအရင်းအမြစ်တွေ နည်းရတဲ့အထဲ မူးယစ်ဆေးဖျက်ဆီးခံနေရတာ ၀မ်းနည်းဖို့ ကောင်းပါတယ်။ အစိုးရမှာလည်း သူ့အကျပ်အတည်းနဲ့ သူရှိမှာပါ။ ဒါပေမဲ့ ဒီဆေးဝါးပြဿနာကိုတော့ အရေးပေါ်စီမံချက်တစ်ခု အနေနဲ့ နှိမ်နင်းသင့်ပါပြီ” ဟု ၎င်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်တွင်းရှိ မူးယစ်ဆေးဝါးကိစ္စများကို အုပ်ချုပ်ရေးပိုင်းက လျစ်လျူရှုထားပြီး အရေးမယူကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုများသည် လွန်ခဲ့သည့် သုံးနှစ်ကထက် ပိုမိုများပြားလာနေကြောင်း မေလ ၂၇ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်သည့် ဒီချုပ်ဗဟိုဦးစီးအစည်းအဝေးတွင် ပြောကြားထားသည်။

တရားဝင်ဈေးကွက်ကြီးသဖွယ် အနုပညာသမားများ၏ စွမ်းအားများးကို ခြိမ်းခြောက်ဖြိုဖျက်သော မူးယစ်ဆေးဝါးများ၏ အန္တရာယ်ကို မိမိတို့၏ ကိုယ်ပိုင်အသိခံယူချက်တို့ဖြင့်သာ တွန်းလှန်ရမည် ဖြစ်သည်။ ပရိသတ်များ ချစ်ခင်အားပေးသည့် အနုပညာရှင်ဖြစ်လာရန်အတွက် မူးယစ်ဆေးဝါးသုံးစွဲရန် မလိုပါ။ မူးယစ်ဆေးဝါး မှီဝဲရန် မလိုပါ။ ပင်ကိုအရည်အသွေးကို မှတ်ကျောက်တင်နိုင်သည့် အနုပညာဝမ်းစာပြည့်ဝသော ပါရမီရှင်များကိုသာ ပရိသတ်ကတောင့်တသည်။ မူးယစ်ဆေးအကူအညီကြောင့် အောင်မြင်ကျော်ကြားပြီး ကျန်းမာချမ်းသာစွာဖြင့် အသက်ရှည်ရပ်တည်နိုင်သော အနုပညာရှင် မရှိသေးပါ။ ရှိမည်လည်း မဟုတ်ပါ။ “အနုပညာရှင် ကျွန်တော့်လူနာတွေ ဆုံးပါးသွားကြတာ တော်တော်တောင်ကြာသွားပါပြီ”ဟု လမ်းလွဲသွားသူ ကြွေလင့်အနုပညာရှင်အချို့အကြောင်း ဆရာဝန်ကြီးဒေါက်တာလှဌေး၏ မှတ်ချက်က ယနေ့ မူးယစ်ဆေးဝါးနွံထဲက ရုန်းမထွက်နိုင်သေးသော အနုပညာရှင်အချို့အတွက် မှတ်သားစရာပင် ဖြစ်ပါသည်။o

Thursday, July 18, 2013

ပြဒါးတစ်လမ်း သံတစ်လမ်း ကဗျာရှင် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

ပြဒါးတစ်လမ်း သံတစ်လမ်း
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)


အူဝဲ အူဝဲ သံကုန်ဟဲ၍

အဖေါ်မပါ ကိုယ်ဗလာဖြင့်

လောကထဲကိုရောက်ခဲ့သူ။


သူအရွယ်ရောက်လာ

သူမှာပညာ လွန်များပါ၍

လောက ကောင်ကျိုး နိုင်ငံကျိုးကို

သက်စွန့်ကြိုးပမ်း ထမ်းရွက်သူ။


သူ့ကိုမှီရှာ လောကမှာလဲ

နေ့စဉ်နှင့်မျှ ချမ်းသာရ၏။

ဟော..ဖြုန်းကနဲဆို

သူ့ကိုလုပ်ကြံ သတ်ဖြတ်ရန်ကြောင့်

သူ၏နိဂုဏ်း ဘ၀ဆုံးတော့

သူ့ကိုတမ်းတ ငိုကြွေးကြ၏။



တစ်ယောက်သောသူမှာ

သူ့မှာ ပညာမရှိပါ၍

လောကကောင်းကျိုး နိုင်ငံကျိုးကို

ဘာမှမကြည့် သူမသိပါ

သူသိတာတွေ ဖေါ်ပြချေက

ဘယ်သူသေသေ ငတေမာပြီးရော

ထင်ရာပြော၍

လောကဆိုးကျိုး ပြုတဲ့သူ

ဟော..သူ့ကိုကြတော့

မသေခင်က သေကြစေကြောင်း

တလောကလုံးက ပြည်သူအပေါင်း

ဆုမွန်တောင်းသည်။


ဆင်ခြင်ကြဖွယ်လမ်းနှစ်သွယ်။

မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

Tuesday, July 16, 2013

အစားထိုးခန့်မည့် အခွန်အရာရှိများကို နောက်ကြောင်းလိုက်မည်

ရန်ကုန် ၊ ဇူလိုင် - ၁၅ ။                 ။လာဘ်စား မှုကြောင့် ရာထူးမှ ဖယ်ရှားခံရ သော ပြည်တွင်းအခွန်များဦးစီးဌာန ရန်ကုန်နှင့် မန္တလေးမှ အကြီး တန်းအရာရှိ
များနှင့် တခြားဝန်ထမ်းများနေရာတွင် အစားထိုးခန့်အပ်မှုများကိုရက်ပိုင်းအတွင်း
ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း
ဒေသကြီး အစိုးရအဖွဲ့မှတာဝန်ရှိသူ
တစ်ဦးပြောဆိုချက် အရ သိရသည်။        ယင်းနေရာတွင် အစားထိုး ခန့်အပ်မှုများပြုလုပ်ရာတွင် စစ်မှန်ပြီး အရည်အချင်း ရှိသည့်ဝန် ထမ်းများကို ခန့်အပ်သွားမည်ဖြစ်ပြီး၊ခန့်အပ်မည့်သူ
များ၏ နောက် ကြောင်းရာဇဝင်များနှင့် 
အလုပ် လုပ်ဆောင်မှုအပိုင်းကိုပါ အလေး ထားကြည့်ရှုသွားမည်ဖြစ်ကြောင်း သိရ
သည်။ယင်းနှင့်ပတ်သက်၍ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိ
သူက ''ဘယ်သူတွေခန့်အပ် မယ်ဆိုတာ
ကတော့ နိုင်ငံတော် သမ္မတရုံးနဲ့တခြား
သက်ဆိုင်ရာ ဌာနလူကြီးတွေပဲ အဆုံးအဖြတ် ပေးသွားပါလိမ့်မယ်။ အတိအကျ မသိပါဘူး''ဟု ပြောသည်။ ယင်းသို့ ရာထူးမှ ဖယ်ရှားခံ ရခြင်းမှာ ပြည်တွင်းအခွန်များဦး စီးဌာနမှ အောက်ခြေဝန်ထမ်းများ ကတိုင်ကြား၍
ဖြစ်ကြောင်း သိရသည်။တရားလွှတ်တော်
ရှေ့နေတစ်ဦးက ''အောက်ခြေဝန်ထမ်း
တချို့ကစားစရာမရှိအောင်ဖြစ်နေပြီဆို တော့ မခံနိုင်တော့ဘူးလေ။ သူတို့သိထား
တာတွေ၊ အနိုင်ကျင့် ခံရတာတွေပြောပြီ
ပေါ့''ဟု ပြောသည်။ရာထူးမှဖယ်ရှားခံ
ရသည့် အထဲတွင် ရန်ကုန်နှင့် မန္တလေးမှ ဦးစီးမှူးများနှင့် မြို့နယ်လက် ထောက်ညွှန် ကြားရေး မှူးအဆင့် များပါဝင်ကြောင်းသိ
ရသည်။အစိုးရသစ်တက်လာပြီးနောက်
ပိုင်းတွင် ကလေးနှင့် တမူး ရဲစခန်းမှရဲ
အရာရှိကြီးများကိုလည်း လာဘ်ပေး
လာဘ်ယူမှုများနှင့် တ ခြားမသမာမှုများ
တွင် ပါဝင်ပတ်သက်သဖြင့် ရဲချုပ်ရုံးမှ အထူးအဖွဲ့က အရေးယူဆောင်ရွက်ခဲ့ သေးကြောင်းသိရသည်။

Sunday, July 14, 2013

ဗိုလ်ချုပ်သန်းရွှေအကြောင်း၊ မြန်မာနိုင်ငံ၏ မင်းဆိုးမင်းညစ် တဦးကို မျက်နှာဖုံး ခွာကြည့်ခြင်း (အပိုင်း-၁)

ထိုင်းနိုင်ငံရှိ (Silkworm Books) စာအုပ်တိုက်က ထုတ်ဝေပြီး၊ ဘင်နဒစ် ရော်ဂျာစ် (Benedict Rogers) ရေးသားထားတဲ့ "ဗိုလ်ချုပ်သန်းရွှေအကြောင်း၊ မြန်မာနိုင်ငံ၏ မင်းဆိုးမင်းညစ်တဦးကို မျက်နှာဖုံးခွာကြည့်ခြင်း" ဆိုတဲ့ စာအုပ်အကြောင်းကို စတင် တင်ဆက်မှာ ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ စာအုပ်အကြောင်းနဲ့ စာရေးသူ အကြောင်း မိတ်ဆက်၊ နာမည်ကျော် စာရေးသူအချို့ရဲ့ ဝေဖန်ချက်တွေကို တင်ပြ ပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
ဒီတပတ်မှာတော့ စာအုပ်သစ်တအုပ်ကို မိတ်ဆက်ပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒီစာအုပ်က အခု ၂ဝ၁ဝ ခုနှစ် ထဲမှာပဲ ထွက်ပေါ်လာတဲ့စာအုပ်သစ်တအုပ်ဖြစ်ပြီး၊ မြန်မာ စာဖတ်ပရိသတ်အများ စိတ်ဝင်စားဖွယ်အကြောင်း ဖြစ်လိမ့်မယ်လို့ ထင်မိပါတယ်။ စာအုပ်နာမည်ကိုက "ဗိုလ်ချုပ်သန်းရွှေအကြောင်း၊ မြန်မာနိုင်ငံ၏ မင်းဆိုးမင်း ညစ်တဦးကို မျက်နှာဖုံး ခွာကြည့်ခြင်း" ဆိုတော့ ဘာတွေများ ရေးထားမှာလဲဆိုပြီး စိတ်ဝင်စားမိကြမှာပါ။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာရှိတဲ့ (Silkworm Books) စာအုပ်တိုက်က ထုတ်ဝေဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ စာရေးသူ က ဗြိတိန်အခြေစိုက် ကမ္ဘာတဝှမ်းရှိ ခရစ်ယာန် ဘာသာဝင်များ သွေးစည်းညီညွတ်ရေးအဖွဲ့ (Christian Solidarity Worldwide) က ဒု-ဥက္ကဌတာဝန်ယူထားသူ ဘင်နဒစ် ရော်ဂျာစ် ဖြစ်ပါတယ်။ သူက မြန်မာပြည် နယ်စပ်တလျှောက်မှာ တိုင်းရင်းသားလူမျိုးများ အရေးနဲ့ ပတ်သက်ပြီး ကာလ ကြာရှည်ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ကရင်လူမျိုးတွေ၊ စစ်ပြေး ကရင်ဒုက္ခသည်အများကို ကူညီဆောင်ရွက်ပေးခဲ့ တာပါ။ မြန်မာပြည် ဒီမိုကရေစီအရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာက စိတ်ဝင်စားသူတွေ၊ အစိုးရတွေအကြား တိုက်တွန်းပြောဆိုခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒါအပြင် နိုင်ငံတကာသတင်းစာ အများအပြားမှာလည်း မြန်မာနိုင်ငံက ဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်လို့ ဆောင်းပါးအများအပြား ရေးသားခဲ့တဲ့အပြင်၊ "မိစ္ဆာမကင်းနိုင်တဲ့မြေ- မြန်မာနိုင်ငံရှိ ကရင်လူမျိုးများအပေါ် လူမျိုးတုန်းသုတ်သင်နေသည့် လုပ်ရပ်ကို ရပ်တန့်ပါရန်" ဆိုတဲ့ စာအုပ်တအုပ်ကိုလည်း ရေးသားထုတ်ဝေခဲ့ပါ သေးတယ်။ ဒီစာအုပ်ရေးသားဖို့ သူ့အဖွဲ့ အစည်းက အားပေးခဲ့တဲ့ အပြင်၊ မြန်မာပြည်အရေး လှုပ်ရှားနေတဲ့ အမေရိကန်အခြေစိုက် (US Campaign for Burma) အဖွဲ့က ဂျယ်ရမီ ဝုဒ်လမ်း ကလည်း ကိုယ်တိုင်ကိုယ်ကျ ကူညီ အချက်အလက်တွေ စုဆောင်းပေးတဲ့ အပြင် အကြိမ်ကြိမ်ဖတ်ရှု အကြံပေးခဲ့တယ် လည်း ဆိုပါတယ်။
ဒီစာအုပ်အဖွင့်ပိုင်း နိဒါန်းမှာ သူဖော်ပြထားတာကတော့ အင်တာနက်က အချက်အလက်တွေရှာဖွေနိုင်တဲ့ ဂူးဂဲလ်စာမျက်နှာမှာ "အာဏာရှင်တွေအကြောင်း စာအုပ် ဒါမှမဟုတ် အာဏာရှင်နဲ့ ဖက်ဆစ်" စသဖြင့် ရိုက်ထည့်ပြီး ရှာဖွေကြည့်ရင် နိုင်ငံတကာက နာမည်ကြီးအာဏာရှင်တွေအကြောင်းကို တွေ့ရလိမ့်မယ်လို့ ဆိုပါတယ်။ အရင်က နာဇီအာဏာရှင်ကြီး ဟစ်တလာ၊ ချီလီက အာဏာရှင်ပီနိုချေးအကြောင်း၊ ယူဂိုဆလား ဗီးယားက မီလိုဆီးဗစ်၊ ယူဂန်ဒါနိုင်ငံက အီဒီအာမင်၊ အခုအခါမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်နေ တယ်ဆိုတဲ့ ဆူဒန်နိုင်ငံက အိုမာ အယ်လ်-ဘာရှား စသဖြင့်တို့ရဲ့အကြောင်း ရေးသားဖော်ပြထားတဲ့ စာအုပ် တွေကို တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် မြန်မာပြည်က ဆိုးညစ်လှတဲ့ အာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြောင်းက ပျောက်နေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက ကုလသမဂ္ဂက ၂ဝဝ၆ ခုနှစ် လူမျိုးတုန်း သတ်ဖြတ်မှုတွေ ဖြစ်နိုင်ခြေရှိနေတဲ့နိုင်ငံတွေအကြောင်း လေ့လာချက်မှာ အနီရောင်သတိပေးချက်ပြထားတဲ့ နိုင်ငံတခုဖြစ်သလို၊ ဘာသာရေးလွတ်လပ်ခွင့်၊ သတင်း မီဒီယာလွတ်လပ်ခွင့်၊ စီးပွားရေး လွတ်လပ်ခွင့်တွေမှာ အတော် အောက်တန်းနောက်တန်းကျနေတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ နာဂစ်မုန်တိုင်းလို ကပ်ဘေးသင့်တဲ့ကာလ မျိုးမှာတောင် ကိုယ့်ပြည်သူတွေအပေါ် စာနာမှုကင်းမဲ့စွာ လျစ်လျူပြုနေနိုင်တဲ့ အုပ်ချုပ်သူတဦးဖြစ်သလို၊ လူ များစု ကိုးကွယ်ရာ ဗုဒ္ဓြွဘာသာ သံဃာတော်တွေကိုလည်း အာဏာနဲ့ ပတ်သက်လာရင် ရက်ရက်စက်စက် သတ်ဖြတ်ရဲတဲ့ အုပ်ချုပ်သူ ဖြစ်ပါတယ်။ အဲဒါအပြင် တိုင်းရင်းသားတွေအပေါ် ရက်ရက်စက်စက် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်ပြစ်မှုတွေ အမြောက်အများ မှတ်တမ်းရှိထားတဲ့အပြင်၊ မြန်မာ့တပ်မတော်က မုဒိမ်းမှု ကျူးလွန်နေ တာကို မသိကျိုးကျွံ ဆက်လက်ခွင့်ပြုထားတာလည်း သူပဲဆိုပါတယ်။ ဒီလိုဆိုးရွားလှတဲ့ မင်းဆိုးမင်းညစ်တဦး ဖြစ်ပေမယ့် သူနဲ့ပတ်သက်တဲ့ လေ့လာထားတဲ့စာအုပ်၊ စာတန်း၊ စာပေက အတော့်ကို ရှားရှားပါးပါးဖြစ်နေလို့ ဒီကွပ်လပ်ကို ဖြည့်ဆည်းရလေအောင် ဗိုလ်ချုပ်သန်းရွှေအကြောင်းစာအုပ်ကို သူရေးဖို့ကြိုးပမ်းရတာ ဖြစ်တယ် လို့ ဘင်နဒစ် ရော်ဂျာစ်က ဆိုထားပါတယ်။
ဒါပေမယ့်စာအုပ်ရေးသားဖို့က မြန်မာစစ်အာဏာရှင်ကြီးရဲ့အကြောင်းကို သိရှိသူ နည်းလွန်းလှတာမို့ နယ်စပ် က မြန်မာ အတိုက်အခံအင်အားစုတွေ၊ တိုင်းရင်းသားတွေ၊ စစ်တပ်က လက်နက်ချလာသူတွေ၊ စစ်တပ် အရာရှိ ဟောင်းတွေ၊ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ စသဖြင့်တွေနဲ့ တွေ့ဆုံမေးမြန်းပြီး အတော့်ကို ကြိုးပမ်းစု ဆောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ ဧရာဝတီမဂ္ဂဇင်းနဲ့ ဒီစာအုပ်အကြောင်း တွေ့ဆုံမေးမြန်းခန်းတခုမှာတော့ "ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ကိုယ်သူ စစ်ဘုရင်တပါးလိုမြင်တယ်။ ... ... တချို့အချက်အလက်တွေက ဘယ် လိုမှ မဆီလျော် ပေမယ့် အဲဒါတွေက သူတကယ်စဉ်းစားနေတဲ့ အချက်တွေပဲ။" လို့ ဗိုလ်ချုပ်သန်းရွှေ အပေါ် သူ့အမြင်ကို ပြောခဲ့ပါသေးတယ်။ အဲဒါအပြင် "မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန် တဲ့ ရာဇဝတ်မှုလို ပြစ်မှုတွေက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အခန်းကဏ္ဍကို စုံစမ်းဖေါ်ထုတ်ဖို့ စုံစမ်း စစ်ဆေးရေး ကော်မရှင်တရပ် ရှိသင့်တယ်လို့ တခြားသူတွေ ယုံကြည်သလို ကျနော်လည်း ယုံကြည်တယ်ဆိုတဲ့ အကြောင်း ကိုလည်း ကျနော် အကြမ်းဖျဉ်းဖေါ်ပြထားပါတယ်။" လို့ သူရည်ရွယ်ချက် ကိုလည်း ဧရာဝတီမဂ္ဂဇင်းကို ထုတ် ဖော် ပြောပြခဲ့ပါသေးတယ်။
ဒီစာအုပ်အကြောင်းကို သူက မြန်မာပြည်ကို သတင်းလွှင့်နေတဲ့ လွတ်လပ်တဲ့အာရှအသံ စသဖြင့် သတင်းမီဒီယာ တွေလည်း ထုတ်ဖော်ပြောခဲ့ပါသေးတယ်။ ဗိုလ်ချုပ်သန်းရွှေက အာဏာကို ဘယ်လိုနည်းသုံးရသုံးရ ဆက်ပြီး ထိန်းသိမ်း ထားမယ့်သူဖြစ်တယ်ဆိုတာ သူ့အမြင်ကို ဖော်ပြပြောဆိုထားခဲ့ပါသေးတယ်။ ဒီစာအုပ် အကြောင်းကို မြန်မာပြည် ကိစ္စအပေါ် အကြားအမြင်များတဲ့ စာရေးဆရာ ဘာတေးလ်လင့်တနာက သုံးသပ်ရာ မှာတော့ အကောင်းဖက်က ဖော်ပြ သုံးသပ်ခဲ့ပါတယ်။ ဘာတေးလ်က ထပ်ပြီးဖြည့်စွက်ဖော်ပြထားတာကတော့ ဗိုလ်ချုပ် သန်းရွှေအာဏာရလာရာ လမ်းတလျှောက် စစ်သားဘဝမှာလည်း တကယ်စစ်မြေပြင်က တိုက်ခိုက်ပြီး တက်လာခဲ့တဲ့သူ မဟုတ်ဘူး၊ သူက စိတ်ဓာတ်စစ်ဆင်ရေးဌာနကနေ တက်လာသူဆိုတာလည်း ဖော်ပြခဲ့ပါ တယ်။ တချိန်က မြန်မာပြည်က စစ်အာဏာရှင်ကြီး ဦးနေဝင်းသေတဲ့အခါ နောင်လာမယ့်မျိုးဆက်တွေနဲ့ အပြောင်းအလဲတွေ ဖြစ်ကောင်းရဲ့ဆိုပြီး၊ စိတ်ကူးယဉ်ခဲ့ကြတာဟာ မှားခဲ့ကြောင်း၊ အခုအချိန်မှာလည်း ရွေး ကောက်ပွဲကို ထောက်ခံပြောဆိုနေသူတွေ၊ ဗိုလ်ချုပ်သန်းရွှေအလွန်ကာလမှာ ဒီမိုကရေစီအပြောင်းအလဲ အတွက် ဦးတည်သွားလိမ့်မယ်လို့ ယူဆထားတဲ့သူတွေ ဖတ်သင့်တဲ့စာအုပ်ကောင်းတအုပ်လို့ ဘာတေးလ် လင့်တနာက ညွှန်းဆိုခဲ့ကြောင်းပါခင်ဗျား။

(ဗိုလ်ချုပ်သန်းရွှေ ငယ်စဉ်ဘဝအကြောင်းတွေ ရေးသားတင်ပြထားတာကို ဆက်လက် တင်ပြ ပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။)